က~မ္ဘာ~ဦး~ကျမ်း။ 24

24
1အာ ဗြ ဟံ သည် အ သက် အ ရွယ် ကြီး ရင့် လှ ပြီ။ ထာ ဝ ရ ဘု ရား လည်း အ ရာ ရာ ၌ ကောင်း ကြီး ပေး တော် မူ ပြီ။ 2-4ငယ် သား တို့ တွင် အ ကြီး အ ကဲ ဘ ဏ္ဍာ စိုး ဖြစ် သူ ကျွန် အား အာ ဗြ ဟံ က၊ သင် သည် ငါ တည်း နေ သော ပြည်၌ ခါ နာန် အ မျိုး သ မီး တို့ အ နက်၊ ငါ့ သား အ ဖို့ မ ယား ကို မ ရွေး မ ယူ ဘဲ ငါ နေ ရင်း ပြည်၊ ငါ့ အ မျိုး သား ချင်း တို့ ထံ သွား၍ သား ဣ ဇာက် အ ဖို့ မ ယား ကို ခေါ် ဆောင် မည့် အ ကြောင်း သင့် လက် ကို ငါ့ ပေါင် အောက် ထား လျက် မိုး မြေ ရှင် ထာ၀ ရ ဘု ရား သ ခင် ကို တိုင် တည်၍ သ စ္စာ ခံ ရ မည် ဟု ဆို ရာ၊ 5အ ကယ် ၍ မိန်း မ သည် ဤ ပြည် သို့ မ လိုက် မ လာ လို လျှင် ကိုယ် တော် ထွက် လာ ခဲ့ သော ပြည် သို့ ကိုယ် တော့် သား ကို ခေါ် သွား ရ ပါ မည် လော ဟု ထို ကျွန် မေး လျှောက် သော်၊ 6အာ ဗြ ဟံ က၊ ငါ့ သား ကို ထို ပြည် သို့ ခေါ် ၍ မ သွား ရန် သ တိ ပြု လော့။ 7ငါ့ ကို အိမ် ထောင် သား ချင်း၊ ဆွေ ရင်း မျိုး ချာ တို့ ပြည် မှ ခေါ် လျက် ဤ ပြည် ကို သင့် အ မျိုး အ နွယ် အား ငါ ပေး မည် ဟု မိန့် မြွက်၍ သစ္စာ ထား တော် မူ သော ကောင်း ကင် ရှင် ထာ၀ ရ ဘု ရား သ ခင် သည် စေ တ မန် တော် ကို သင့် ရှေ့ လွှတ် တော် မူ သ ဖြင့် ထို ပြည် မှ ငါ့ သား အ ဖို့ မ ယား ကို သင် ခေါ် ဆောင် ရ မည်။ 8ထို မိန်း မ သည် သင် နှင့် အ တူ မ လိုက် မ လာ လို လျှင် ယ ခု ခံ ရ သော သ စ္စာ ၀န် နှင့် သင် ကင်း စေ။ ငါ့ သား ကို ထို ပြည် သို့ ခေါ် ၍ မ သွား ရ ဟု ဆို ပြီး မှ၊ 9ထို ကျွန် သည် သ ခင် အာ ဗြ ဟံ၏ ပေါင် အောက် ၌ လက် ကို ထား လျက် ထို အ ကြောင်း နှင့် စပ် လျဥ်း၍ သ စ္စာ ခံ လေ ၏။
10ထို ကျွန် လည်း သ ခင့် ကု လား အုပ် များ အ နက် ဆယ် စီး ကို ရွေး ယူ လျက်၊ ဥ စ္စာ ပ စ္စည်း အ မျိုး မျိုး တင် ဆောင် ထ သွား ၍ မေ သော ပေါ တာ မိ ပြည်၊ နာ ခေါ် နေ သော မြို့ သို့ ရောက် လျှင်၊ 11မိန်း မ တို့ ရေ ခပ် ထွက် တတ် သော ည နေ အ ချိန်၌ မြို့ ပြင် ရေ တွင်း အ နီး ကု လား အုပ် များ ကို ၀ပ် စေ ပြီး သော်၊ 12အ ကျွန်ုပ် သ ခင်၊ အာ ဗြ ဟံ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ဆောင် ရွက် သော အ မှု ကို ယ နေ့ အ ထ မြောက် စေ ၍ သ ခင် အာ ဗြ ဟံ အား ကျေး ဇူး ပြု တော် မူ ပါ။ 13ဤ စမ်း ရေ တွင်း အ နီး အ ကျွန်ုပ် ရပ် နေ၍ ထို မြို့ သား တို့၏ သ မီး ပျို များ သည် ရေ ခပ် လာ ကြ ရာ၊ 14အ ကြင် သ တို့ သ မီး အား ကျွန်ုပ် သောက် ရန် အိုး ကို ချ ပါ ဟု ဆို သော် သောက် ပါ။ ကု လား အုပ် များ ကို လည်း တိုက် ပါ မည် ဟု ပြန် ဆို အံ့။ ထို သ တို့ သ မီး သည် ကျွန် တော် ရင်း ဣ ဇာက် အ ဖို့ စီ မံ တော် မူ သော မိန်း မ ဖြစ် ပါ စေ သော။ 15ထို သို့ အား ဖြင့် အ ကျွန်ုပ် သ ခင် အား ကျေး ဇူး ပြု တော် မူ ကြောင်း သိ ရ ပါ မည် ဟု လျှောက် ဆို၏။ ထို သို့ လျှောက် ဆို ၍ မ ဆုံး သေး မီ ပင် အာ ဗြ ဟံ၏ ညီ နာ ခေါ့် မ ယား မိ လ ခါ၏ သား ဖြစ် သူ ဗေ သွေ လ ရ သော သ မီး ရေ ဗ က္က သည် ရေ အိုး ကို ထမ်း လျက် ထွက် လာ ၏။ 16ရှု ချင် ဖွယ် အ ဆင်း လှ၍ က ညာ စစ် ဖြစ် သော ထို သ တို့ သ မီး သည် စမ်း ရေ တွင်း သို့ ဆင်း၍ အိုး ကို ရေ ပြည့် စေ ပြီး မှ တက် လာ သော်၊ 17ထို ကျွန် သည် တွေ့ ဆုံ ရန် ပြေး၍ သင့် အိုး မှ ရေ အ နည်း ငယ် ကို သောက် ပါ ရ စေ ဟု တောင်း လျှင်၊ 18သူ ငယ် မ က သောက် ပါ လော့ အ ရှင် ဟု ဆို လျက် ကိုယ့် လက် ပေါ် တွင် အိုး ကို အ မြန် ချ၍ ရေ ပေး လေ ၏။ 19ရေ ပေး ပြီး လျှင် ကု လား အုပ် များ လည်း၀ စွာ သောက် ရန် ရေ ခပ် ပါ မည် ဟု ဆို သည့် အ တိုင်း၊ 20အ လျင် အ မြန် အိုး ရှိ ရေ ကို ရေ တိုက် စား ခေါင်း ထဲ သို့ လောင်း ပြီး လျင် တစ် ဖန် ခပ် ခြင်း ငှါ ရေ တွင်း သို့ ပြေး ၍ ကု လား အုပ် များ အ ဖို့ ရေ ခပ် လေ၏။ 21ထို လူ သည် ခ ရီး အ မှု ကို ထာ၀ ရ ဘု ရား အ ထ မြောက် စေ တော် မူ မည်၊ မ မူ မည် သိ လို၍ ၎င်း သူ ငယ် မ ကို စေ့ စေ့ ကြည့် လျက် တိတ် ဆိတ် စွာ နေ လေ ၏။ 22ကု လား အုပ် များ ရေ သောက် ပြီး သည့် နောက် ထို လူ သည် အ ချိန် ငါး မူး စီး ရွှေ ကွင်း၊ ရွှေ ချိန် တစ် ဆယ် စီး လက် ကောက် တစ် ရံ ကို ထုတ်၍၊ 23မည် သူ့ သ မီး ဖြစ် သည် ကို ကျွန်ုပ် အား ပြော ပါ။ သင့် အ ဘ အိမ် တွင် တည်း ခို ရန် နေ ရာ ရှိ ပါ သ လော ဟု မေး လျှင်၊ 24ကျွန် မ သည် နာ ခေါ့် မ ယား မိ လ ခါ ဖွား မြင် သော ဗေ သွေ လ ၏ သ မီး ဖြစ် ပါ သည်။ 25ကျွန် မ တို့ ၌ ကောက် ရိုး မှ စ သော အ စာ များ နှင့် တည်း ခို ရန် နေ ရာ လည်း ရှိ ပါ သည် ဟု ပြန် ဆို ရာ၊ 26ထို လူ သည် ထာ၀ ရ ဘု ရား ကို ဦး ညွှတ် ရှိ ခိုး လျက်၊ 27မေ တ္တာ၊ ကျေး ဇူး နှင့် သ စ္စာ တော် ကို ကျွန် တော့် သ ခင့် အ ပေါ်၌ ပြတ် စဲ စေ တော် မ မူ သော၊ သ ခင် အာ ဗြ ဟံ၏ ဘု ရား သ ခင် ထာ၀ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ စေ သ တည်း။ ကျွန် တော့် သ ခင်၏ ဆွေ သား မျိုး ချင်း တို့ အိမ် သို့ ဖြောင့် သော လမ်း ဖြင့် ထာ၀ ရ ဘု ရား သည် ကျွန် တော် ကို ပင် ပို့ ဆောင် တော် မူ ပါ သည် တ ကား ဟု လျှောက် ဆို ၏။ 28သ တို့ သ မီး လည်း ပြေး ၍ အ မိ၏ အိမ် သူ အိမ် သား တို့ အား ထို အ ကြောင်း အ ရာ များ ကို ကြား ပြော လေ၏။
29ရေ ဗ က္က၌ လာ ဗန် အ မည် ရှိ သော မောင် တစ် ယောက် ရှိ၏။ လာ ဗန် သည် မြို့ ပြင် စမ်း ရေ တွင်း အ နီး၊ ထို လူ ရှိ ရာ သို့ ပြေး၏။ 30သူ သည် ရွှေ ကွင်း ကို လည်း ကောင်း၊ နှ မ လက်၌ လက် ကောက် ကို လည်း ကောင်း မြင် လျက် ကျွန် မ အား ထို လူ ဤ သို့ ပြော သည် ဟု နှမ ရေ ဗ က္က ပြော သော စ ကား ကို ကြား ရ သ ဖြင့် စမ်း ရေ တွင်း ရှိ ရာ ကု လား အုပ် များ အ နီး ရပ် နေ သော ထို လူ့ ထံ ထို သို့ ရောက် လျှင်၊ 31ထာ ဝ ရ ဘု ရား၏ ကောင်း ကြီး မင်္ဂ လာ တော် ကို ခံ ရ သူ၊ ပြင်၌ အ ဘယ် ကြောင့် ရပ် နေ သ နည်း။ ၀င် ပါ လော့။ အိမ် ကို လည်း ကောင်း၊ ကု လား အုပ် များ ထား ရန် နေ ရာ ကို လည်း ကောင်း၊ ရှင်း လင်း ထား ပါ ပြီ ဟု ဆို လျက်၊ 32ထို လူ ကို အိမ် ထဲ သို့၀င် စေ၍ ကု လား အုပ် က ကြိုး များ ကို ဖြုတ် ချ ပြီး မှ ကောက် ရိုး မှ စ သော အ စာ များ ကို ပေး သည့် ပြင် ၎င်း သူ နှင့် တ ကွ လိုက် လာ သူ တို့ ပါ ခြေ ဆေး ရန် ရေ ကို လည်း ပေး လေ ၏။ 33သူ့ ရှေ့ မှာ ခဲ ဖွယ် စား ဖွယ် များ တည် သော အ ခါ ကျွန် တော် သည် ကိုယ့် ကိ စ္စ အ ကြောင်း ကို မ လျှောက် ရ မီ မ စား လို ပါ ဟု ဆို လျှင် ပြော ပါ ဟု ပြန် ဆို ၏။ 34ထို သူ က လည်း ကျွန် တော် ကား၊ အာ ဗြ ဟံ၏ ကျွန် ဖြစ် ပါ ၏။ 35ထာ ဝ ရ ဘု ရား သည် ကျွန် တော့် သ ခင် အား အ ထူး ကောင်း ကြီး ပေး တော် မူ၍ သူ သည် ကြီး မြတ် ခြင်း သို့ ရောက် ရ ပြီ။ သိုး၊ ဆိတ်၊ နွား၊ ရွှေ၊ ငွေ၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ၊ ကု လား အုပ်၊ မြည်း များ ကို လည်း ပေး တော် မူ ပြီ။ 36ကျွန် တော့် သ ခင်၏ မ ယား စာ ရာ သည် အ သက် ကြီး ရင့် မှ သား ယောက်ျား ကို ဖွား မြင် ၍ ထို သား အား ဥ စ္စာ ရှိ သ မျှ ကို သ ခင် အပ် ပေး လေ ပြီ။ 37ကျွန် တော့် သ ခင် က လည်း သင် သည် ငါ တည်း နေ သော ပြည်၌ ခါ နာန် အ မျိုး သ မီး တို့ အ နက် ငါ့ သား အ ဖို့ မ ယား ကို မ ရွေး မ ယူ ဘဲ၊ 38ငါ့ ဆွေ ရင်း မျိုး ရင်း ချာ၊ အိမ် ထောင် သား ချင်း တို့ ထံ သွား၍ ငါ့ သား အ ဖို့ မ ယား ကို ခေါ် ဆောင် မည့် အ ကြောင်း နှင့် ကျွန် တော် ကို သ စ္စာ ခံ စေ ၏။ 39ကျွန် တော် က လည်း မိန်း မ သည် မ လိုက် မ လာ လို ဘဲ ရှိ ကောင်း ရှိ လိမ့် မည် ဟု သ ခင် အား ပြန် လျှောက် သော်၊ 40သ ခင် က ထာ၀ ရ ဘု ရား မျက် မှောက် တော် တွင် ငါ သွား လာ၏။ ကိုယ် တော် သည် စေ တ မန် တော် ကို သင် နှင့် အ တူ လွှတ်၍ သင် သွား သော ခ ရီး အ မှု ကို အ ထ မြောက် စေ တော် မူ သ ဖြင့် ငါ့ ဆွေ ရင်း မျိုး ချာ၊ အိမ် ထောင် သား ချင်း တို့ အ နက် ငါ့ သား အ ဖို့ မ ယား ကို ဆောင် ယူ ရ မည်။ 41ထို သို့ လျှင်၊ ငါ့ ဆွေ ရင်း မျိုး ချာ တို့ ထံ ရောက် လျက် နှင့် မိန်း မ ကို ထိမ်း မြား ရန် မ ပေး ကြ လျှင် သင် သည် ခံ ရ သော သ စ္စာ၀န် နှင့် ကင်း စေ ဟု ပြန် ပြော ၏။ 42သို့ နှင့် အ ညီ ကျွန် တော် သည် ယ နေ့ စမ်း ရေ တွင်း သို့ ရောက် ပြီး လျှင် အ ကျွန်ုပ် သ ခင် အာ ဗြ ဟံ၏ ဘု ရား သ ခင် ထာ၀ ရ ဘု ရား၊ သွား ရ သော ခ ရီး ကိ စ္စ ကို အ ထ မြောက် စေ တော် မူ ပါ လျှင်၊ 43စမ်း ရေ တွင်း အ နီး အ ကျွန်ုပ် ရပ် နေ၍ ရေ ခပ် လာ သော အ ကြင် သ မီး က ညာ အား သင့် အိုး မှ ရေ အ နည်း ငယ် သောက် ပါ ရ စေ ဟု တောင်း လျှင်၊ 44သောက် ပါ။ ကု လား အုပ် များ အ ဖို့ လည်း ကျွန် မ ရေ ခပ် ပါ မည် ဟု ပြန် ဆို အံ့။ ထို သ မီး က ညာ သည် အ ကျွန်ုပ် သ ခင်၏ သား အ ဖို့ စီ မံ တော် မူ သော မိန်း မ ဖြစ် ပါ စေ သော ဟု လျှောက် ဆို ၏။ 45ထို သို့ စိတ်၌ အောက် မေ့၍ မ ဆုံး သေး မီ ပင် ရေ ဗ က္က သည် ရေ အိုး ကို ထမ်း လျက် ထွက် လာ သ ဖြင့် စမ်း ရေ တွင်း သို့ ဆင်း ၍ ရေ ခပ် ရာ ရေ သောက် ပါ ရ စေ ဟု ကျွန် တော် တောင်း လျှင်၊ 46ပ ခုံး ပေါ် မှ အိုး ကို အ မြန် ချ လျက် သောက် ပါ လော့။ ကု လား အုပ် များ ကို လည်း ရေ တိုက် ပါ မည် ဟု ဆို သည့် အ တိုင်း ကျွန် တော် သောက် ပြီး မှ ကု လား အုပ် များ ကို ရေ တိုက် လေ ၏။ 47ကျွန် တော် က လည်း မည် သူ့ သ မီး နည်း ဟု မေး လျှင်၊ ကျွန် မ သည် မိ လ ခါ ဖွား ၍ နာ ခေါ် ရ သော သား​ ဗေ သွေ လ ၏ သ မီး ဖြစ် ပါ သည် ဟု ပြန် ဆို သော် ကျွန် တော် သည် နှာ ကွင်း ကို လည်း ကောင်း၊ လက် ကောက် ကို လည်း ကောင်း၊ ဆင် ယင် ပြီး လျှင်၊ 48ကျွန် တော့် သ ခင့်#24.48 ပါ ဠိ - ညီတူ၏ သ မီး ကို သ ခင့် သား အ ဖို့ ဆောင် ယူ စေ ခြင်း ငှါ ဖြောင့် သော လမ်း ဖြင့် ပို့ ဆောင် တော် မူ ခဲ့ သော သ ခင် အာ ဗြ ဟံ၏ ဘု ရား သ ခင် ထာ၀ ရ ဘု ရား ကို ဦး ညွှတ် ရှိ ခိုး ၍ သြ ဘာ ပြု လေ ၏။ 49ယ ခု တွင် ကျွန် တော့် သ ခင် အား သ စ္စာ နှင့် ကျေး ဇူး ပြု မည်၊ မ ပြု မည် ကို ပြော ကြ ပါ။ မ ပြု လို မူ၊ ကျွန် တော် သည် လက်ျာ ဖြစ် စေ၊ လက်၀ဲ ဖြစ် စေ လွှဲ သွား ပါ မည် ဟု ပြော ဆို ၏။ 50လာ ဗန် နှင့် ဗေ သွေ လ တို့ က လည်း ဤ အ မှု ကား၊ ထာ၀ ရ ဘု ရား အ ထံ တော် မှ ဖြစ် ပွား သော အ မှု တည်း။ ကျွန်ုပ် တို့ သည် အ ကောင်း အ ဆိုး ကို ပြန် ၍ မ ပြော ၀ံ့ ပါ။ 51ရေ ဗ က္က သည် ရှေ့ တွင် ရှိ ပါ ၏။ ထာ၀ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း သင့် သ ခင့် သား ၏ မ ယား ဖြစ် စေ ရန် ဆောင် သွား ပါ လော့ ဟု ဆို ကြ ၏။ 52ထို စ ကား ကို ကြား လျှင် အာ ဗြ ဟံ၏ ကျွန် သည် ထာ၀ ရ ဘု ရား ကို ပျပ်၀ပ် ရှိ ခိုး ပြီး မှ၊ 53ရွှေ ထည် ငွေ ထည် များ နှင့် အ၀တ် တန် ဆာ များ ကို ထုတ် ၍ ရေ ဗ က္က အား ပေး ၏။ အ မိ နှင့် မောင် တို့ အား လည်း အ ဖိုး တန် လက် ဆောင် များ ကို ပေး ၏။ 54သူ နှင့် တ ကွ လိုက် လာ သူ တို့ ပါ စား သောက် ပြီး မှ ညဥ့် အိပ်၍ နံ နက် အ ချိန် ထ ကြ သော အ ခါ ထို ကျွန် က၊ သခင့် ထံ ပြန် ပါ ရ စေ ဟု လျှောက် လျှင်၊ 55အ မိ နှင့် မောင် တို့ က သူ ငယ် မ သည် အ နည်း ဆုံး အား ဖြင့် ဆယ် ရက် ခန့် ကျွန်ုပ် တို့ နှင့် နေ ပါ စေ ဦး။ ထို နောက် သူ လိုက် သွား ပါ လိမ့် မည် ဟု ဆို ကြ သော်၊ 56ထို သူ က ထာ၀ ရ ဘု ရား သည် ကျွန် တော့် ခ ရီး မှု ကို အ ထ မြောက် စေ တော် မူ ပြီး ဖြစ် ၍၊ ကျွန် တော် ကို မ တား မြစ် ဘဲ သ ခင့် ထံ ပြန် သွား ခွင့် ပြု ကြ ပါ လော့ ဟု လျှောက် လေ ၏။ 57သူ တို့ က သူ ငယ် မ ကို ခေါ်၍ သူ့ ကိုယ် တိုင် ကို မေး ပါ ဦး မည် ဟု ဆို ကြ သည် နှင့် အ ညီ၊ 58ရေ ဗ က္က ကို ခေါ် ပြီး လျှင် ဤ လူ နှင့် အ တူ လိုက် တော့ မည် လော ဟု မေး ကြ သော အ ခါ ကျွန် မ လိုက် ပါ မည် ဟု ပြန် ဆို ၏။ 59သို့ ဖြစ်၍ နှ မ ရေ ဗ က္က နှင့် အ ထိန်း ကို လည်း ကောင်း၊ အာ ဗြ ဟံ၏ ကျွန် နှင့် ငယ် သား တို့ ကို လည်း ကောင်း၊ လွှတ် လိုက် ရာ 60ငါ တို့ နှ မ၊ သင် သည် လူ အ ထောင် အ သောင်း တို့ အ မိ ဖြစ် ပါ စေ သော။ သင့် အ မျိုး အ နွယ် သည် ရန် ဘက် ပြု သူ တို့ မြို့ တံ ခါး များ ကို အ ပိုင် ရ ပါ စေ သော ဟု ရေ ဗ က္က အား ပြော ဆို၍ ကောင်း ကြီး ပေး ကြ ပြီး မှ၊ 61ရေ ဗ က္က နှင့် အ​ခြွေ အ ရံ တို့ ထ၍ ကု လား အုပ် ကို စီး လျက် ထို လူ နှင့် အ တူ လိုက် ကြ၏။ ထို ကျွန် လည်း၊ ရေ ဗက္က ကို ဆောင် သွား လေ ၏။
62ထို အ ခါ ဣ ဇာက် သည်၊ နေ ဂပ် ခ ရိုင်၌ တည်း နေ ၍၊ 63ဗေ ရ လ ဟဲ ရော အ ရပ် မှ လာ ရာ၊ ည နေ အ ချိန် ကွင်း ပြင် တွင် ဆင် ခြင် စဥ်း စား ရန် ထွက် သွား၍ မျှော် ကြည့် လျှင် ကု လား အုပ် များ လာ သည် ကို မြင် လေ ၏။ 64ရေ ဗ က္က လည်း မျှော် ကြည့်၍ ဣ ဇာက် ကို မြင် သော အ ခါ ကု လား အုပ် အ ပေါ် မှ ဆင်း ပြီး လျှင်၊ 65ကျွန် မ တို့ ကို ကြို ဆို ရန် ကွင်း ပြင်၌ လျှောက် လာ သူ ကား မည် သူ နည်း ဟု ကျွန် အား မေး လေ သော်၊ ထို ကျွန် က၊ ကျွန် တော့် သ ခင် တည်း ဟု ပြော ဆို ရာ ရေ ဗ က္က သည် ပု၀ါ နှင့် ဦး ခေါင်း ကို လွှမ်း ခြုံ လေ ၏။ 66ကျွန် သည် ပြု ခဲ့ ရ သ မျှ သော အ ကြောင်း ကို ဣ ဇာက် အား ပြန် လျှောက် ပြီး မှ၊ 67ဣ ဇာက် သည် အ မိ စာ ရာ၏ တဲ သို့ ရေ ဗက္က ကို၀င် စေ၍ သ မီး ခင် ပွန်း ဖြစ် ကြ၏။ မ ယား ကို ချစ် မြတ် နိုး သ ဖြင့် အ မိ ကို လွမ်း ဆွတ် ခြင်း မှ ပြေ ငြိမ်း လေ ၏။

تمييز النص

شارك

نسخ

None

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول