1
ကမ္ဘာဦးကျမ်း 6:6
မြန်မာ့စံမီသမ္မာကျမ်
ထိုအခါ ထာဝရဘုရားသည် မြေကြီးပေါ်တွင် လူကိုဖန်ဆင်းခဲ့သည်ကို ဝမ်းနည်း၍ စိတ်နှလုံးထိခိုက်တော်မူ၏။
Параўнаць
Даследуйце ကမ္ဘာဦးကျမ်း 6:6
2
ကမ္ဘာဦးကျမ်း 6:5
မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
Даследуйце ကမ္ဘာဦးကျမ်း 6:5
3
ကမ္ဘာဦးကျမ်း 6:8
သို့သော် နောဧသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရသောသူဖြစ်၏။
Даследуйце ကမ္ဘာဦးကျမ်း 6:8
4
ကမ္ဘာဦးကျမ်း 6:9
နောဧ၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ နောဧသည် ဖြောင့်မတ်သောသူ၊ သူ၏မျိုးဆက်ထဲ၌ အပြစ်တင်စရာမရှိသောသူဖြစ်၏။ နောဧသည် ဘုရားသခင်နှင့်အတူသွားလာ၏။
Даследуйце ကမ္ဘာဦးကျမ်း 6:9
5
ကမ္ဘာဦးကျမ်း 6:7
ထို့ကြောင့် ထာဝရဘုရားက “ငါဖန်ဆင်းသောလူကိုလည်းကောင်း၊ လူမှစ၍ တိရစ္ဆာန်များ၊ တွားသွားသောတိရစ္ဆာန်များနှင့် မိုးကောင်းကင်ငှက်များကိုလည်းကောင်း မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်။ အကြောင်းမူကား သူတို့ကို ဖန်ဆင်းခဲ့သည်ကို ငါဝမ်းနည်း၏”ဟု မိန့်တော်မူ၏။
Даследуйце ကမ္ဘာဦးကျမ်း 6:7
6
ကမ္ဘာဦးကျမ်း 6:1-4
မြေပြင်ပေါ်တွင် လူတို့များပြားစပြုလာ၍ သူတို့၌ သမီးများမွေးဖွားလာကြသောအခါ ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။ ထိုအခါ ထာဝရဘုရားက “ငါ၏ဝိညာဉ်သည် လူတွင်ထာဝရတည်မည်မဟုတ်။ အကြောင်းမူကား လူသည် အသွေးအသားခန္ဓာသာဖြစ်သောကြောင့် လူ၏သက်တမ်းသည် အနှစ်တစ်ရာ့နှစ်ဆယ်ဖြစ်စေ”ဟု မိန့်တော်မူ၏။ ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့ထံဝင်၍ ကလေးများကိုရကြသောကာလနှင့် ထိုကာလ၏နောက်ပိုင်း၌ မြေကြီးပေါ်တွင် ဧရာမလူများရှိကြ၏။ ထိုသူတို့သည် ရှေးခေတ်လူစွမ်းကောင်းများ၊ နာမည်ကျော်စောသူများဖြစ်ကြ၏။
Даследуйце ကမ္ဘာဦးကျမ်း 6:1-4
7
ကမ္ဘာဦးကျမ်း 6:22
နောဧသည် ထိုသို့ပြု၏။ မိမိအားဘုရားသခင်မိန့်မှာတော်မူသမျှအတိုင်း ပြုလေ၏။
Даследуйце ကမ္ဘာဦးကျမ်း 6:22
8
ကမ္ဘာဦးကျမ်း 6:13
ဘုရားသခင်က နောဧအား “လူအပေါင်းတို့၏အဆုံးသည် ငါ့ရှေ့မှောက်သို့ရောက်လာပြီ။ အကြောင်းမူကား မြေကြီးသည် သူတို့ကြောင့် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။ ကြည့်ရှုလော့။ ငါသည် သူတို့ကို မြေကြီးနှင့်အတူဖျက်ဆီးမည်။
Даследуйце ကမ္ဘာဦးကျမ်း 6:13
9
ကမ္ဘာဦးကျမ်း 6:14
ဂေါဖရသစ်သားဖြင့် သင်္ဘောတစ်စင်းကို သင့်အဖို့တည်ဆောက်လော့။ သင်္ဘောအတွင်း၌အခန်းများဖွဲ့၍ အတွင်း၊ အပြင်ကို သစ်စေးနှင့်သုတ်လော့။
Даследуйце ကမ္ဘာဦးကျမ်း 6:14
10
ကမ္ဘာဦးကျမ်း 6:12
ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ယိုယွင်းပျက်စီးလျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်တွင် လူအပေါင်းတို့သည် အကျင့်စရိုက်ယိုယွင်းပျက်စီးလျက်ရှိ၏။
Даследуйце ကမ္ဘာဦးကျမ်း 6:12
11
ကမ္ဘာဦးကျမ်း 6:19
သက်ရှိအပေါင်း၊ သတ္တဝါအပေါင်းတို့ထဲမှ အထီးအမတစ်စုံစီကိုယူ၍ သင်နှင့်အတူအသက်ချမ်းသာရရန် သင်္ဘောထဲသို့သွင်းရမည်။
Даследуйце ကမ္ဘာဦးကျမ်း 6:19
YouVersion выкарыстоўвае файлы cookie для персаналізацыі вашага акаунта. Выкарыстоўваючы наш вэб-сайт, вы згаджаецеся на выкарыстанне намі файлаў cookie, як апісана ў нашай Палітыцы прыватнасці
Стужка
Біблія
Планы чытання
Відэа