သင်တို့အချင်းချင်းချစ်ကြလော့။ သင်တို့ကို ငါချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသောပညတ်ချက်အသစ်ကို သင်တို့အား ငါပေး၏။ သင်တို့အချင်းချင်းကြား၌ ချစ်ခြင်းမေတ္တာရှိလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ့တပည့်များဖြစ်ကြောင်းကို လူအပေါင်းတို့သိကြလိမ့်မည်”ဟု မိန့်တော်မူ၏။