ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ
ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
“သူတို့၏အချည်အနှောင်များကို ငါတို့ဖြတ်ကြစို့။
သူတို့ချည်သောကြိုးများကို ငါတို့ထံမှပယ်ရှားကြစို့”ဟု ဆိုကြ၏။