1
ရှင်ယာကုပ်ဩဝါဒစာ 4:7
မြန်မာ့စံမီသမ္မာကျမ်
ထို့ကြောင့် ဘုရားသခင်ကိုနာခံကြလော့။ မာရ်နတ်ကိုဆန့်ကျင်တွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်ပြေးလိမ့်မည်။
Compare
Explore ရှင်ယာကုပ်ဩဝါဒစာ 4:7
2
ရှင်ယာကုပ်ဩဝါဒစာ 4:8
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။
Explore ရှင်ယာကုပ်ဩဝါဒစာ 4:8
3
ရှင်ယာကုပ်ဩဝါဒစာ 4:10
ထာဝရဘုရားရှေ့တော်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။
Explore ရှင်ယာကုပ်ဩဝါဒစာ 4:10
4
ရှင်ယာကုပ်ဩဝါဒစာ 4:6
သို့သော် ကိုယ်တော်သည် ပို၍ကြီးမြတ်သောကျေးဇူးတော်ကိုပေးတော်မူ၏။ သို့ဖြစ်၍ “ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။
Explore ရှင်ယာကုပ်ဩဝါဒစာ 4:6
5
ရှင်ယာကုပ်ဩဝါဒစာ 4:17
သို့ဖြစ်၍ မည်သူမဆို ကောင်းသောအမှုကိုလုပ်ဆောင်ရန် သိလျက်နှင့်မလုပ်ဘဲနေလျှင် သူ့အတွက်အပြစ်ဖြစ်၏။
Explore ရှင်ယာကုပ်ဩဝါဒစာ 4:17
6
ရှင်ယာကုပ်ဩဝါဒစာ 4:3
တောင်းလျှောက်သော်လည်း မရကြသည်မှာ သင်တို့၏ကာမဂုဏ်ခံစားမှုအတွက်သုံးစွဲရန် လွဲမှားစွာ တောင်းလျှောက်ကြသောကြောင့်ဖြစ်၏။
Explore ရှင်ယာကုပ်ဩဝါဒစာ 4:3
7
ရှင်ယာကုပ်ဩဝါဒစာ 4:4
ဖောက်ပြန်သောသူတို့၊ လောကနှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကိုရန်ဘက်ပြုခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။
Explore ရှင်ယာကုပ်ဩဝါဒစာ 4:4
8
ရှင်ယာကုပ်ဩဝါဒစာ 4:14
သင်တို့သည် မနက်ဖြန် မည်သို့ဖြစ်မည်ကို မသိကြ။ သင်တို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်တို့သည် ခေတ္တခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားတတ်သော အခိုးအငွေ့ဖြစ်ကြ၏။
Explore ရှင်ယာကုပ်ဩဝါဒစာ 4:14
Home
Bible
Plans
Videos