1
ရှင်မာကုခရစ်ဝင် 1:35
မြန်မာ့စံမီသမ္မာကျမ်
နံနက်စောစောမိုးမလင်းမီ ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားပြီးလျှင် ထိုအရပ်၌ ဆုတောင်းတော်မူ၏။
Compare
Explore ရှင်မာကုခရစ်ဝင် 1:35
2
ရှင်မာကုခရစ်ဝင် 1:15
“အချိန်ပြည့်စုံပြီ။ ဘုရားသခင်၏နိုင်ငံတော်လည်း ပေါ်ထွန်းလုနီးပြီ။ နောင်တရ၍ ကောင်းမြတ်သောသတင်းကို ယုံကြည်ကြလော့”ဟု မိန့်တော်မူ၏။
Explore ရှင်မာကုခရစ်ဝင် 1:15
3
ရှင်မာကုခရစ်ဝင် 1:10-11
ထို့နောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ်သို့ဆင်းသက်သည်ကိုမြင်တော်မူ၏။ ကောင်းကင်မှလည်း “သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
Explore ရှင်မာကုခရစ်ဝင် 1:10-11
4
ရှင်မာကုခရစ်ဝင် 1:8
ငါသည် သင်တို့ကို ရေ၌ဗတ္တိဇံပေးသော်လည်း ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်”ဟု ဟောပြောလေ၏။
Explore ရှင်မာကုခရစ်ဝင် 1:8
5
ရှင်မာကုခရစ်ဝင် 1:17-18
ယေရှုက“ငါ့နောက်သို့လိုက်ကြလော့။ သင်တို့အား လူကိုဖမ်းသောတံငါသည်ဖြစ်စေမည်”ဟု သူတို့အား မိန့်တော်မူလျှင် သူတို့သည် ချက်ချင်းပင် ပိုက်ကွန်များကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
Explore ရှင်မာကုခရစ်ဝင် 1:17-18
6
ရှင်မာကုခရစ်ဝင် 1:22
ထိုအခါ လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့သြချီးမွမ်းကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းပြုဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ သူတို့ကိုသွန်သင်တော်မူ၏။
Explore ရှင်မာကုခရစ်ဝင် 1:22
Home
Bible
Plans
Videos