1
သုတ္တံကျမ်း 12:25
မြန်မာ့စံမီသမ္မာကျမ်
လူ၏စိတ်နှလုံးတွင်ရှိသောစိုးရိမ်ပူပန်ခြင်းသည် သူ့ကိုညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား သူ့ကိုဝမ်းမြောက်စေတတ်၏။
Compare
Explore သုတ္တံကျမ်း 12:25
2
သုတ္တံကျမ်း 12:1
ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။
Explore သုတ္တံကျမ်း 12:1
3
သုတ္တံကျမ်း 12:18
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
Explore သုတ္တံကျမ်း 12:18
4
သုတ္တံကျမ်း 12:15
ဆိုးမိုက်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာကို မှန်သည်ဟု ထင်မြင်တတ်၏။ ပညာရှိသောသူမူကား အကြံဉာဏ်ကိုနားထောင်တတ်၏။
Explore သုတ္တံကျမ်း 12:15
5
သုတ္တံကျမ်း 12:16
ဆိုးမိုက်သောသူသည် မိမိ၏အမျက်ဒေါသကို ချက်ချင်းထင်ရှားစေတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား အရှက်ခွဲခံရခြင်းကိုပင် ဥပေက္ခာပြု၏။
Explore သုတ္တံကျမ်း 12:16
6
သုတ္တံကျမ်း 12:4
စွမ်းရည်နှင့်ပြည့်စုံသောမယားသည် မိမိခင်ပွန်း၏သရဖူဖြစ်၏။ အရှက်ကွဲစေသောမယားမူကား ခင်ပွန်း၏အရိုးထဲမှ ဆွေးမြည့်သောအရာကဲ့သို့ဖြစ်၏။
Explore သုတ္တံကျမ်း 12:4
7
သုတ္တံကျမ်း 12:22
မုသားနှုတ်ခမ်းကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သစ္စာရှိစွာပြုကျင့်သောသူတို့ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
Explore သုတ္တံကျမ်း 12:22
8
သုတ္တံကျမ်း 12:26
ဖြောင့်မတ်သောသူသည် မိမိ၏အိမ်နီးချင်းကို လမ်းပြတတ်၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား သူတို့ကိုပင် မှားယွင်းစေတတ်၏။
Explore သုတ္တံကျမ်း 12:26
9
သုတ္တံကျမ်း 12:19
မှန်ကန်သောနှုတ်ခမ်းသည် ထာဝစဉ်တည်မြဲ၏။ မုသားသုံးသောလျှာမူကား တစ်ခဏမျှသာတည်၏။
Explore သုတ္တံကျမ်း 12:19
Home
Bible
Plans
Videos