1
ဆာလံကျမ်း 37:4
မြန်မာ့စံမီသမ္မာကျမ်
ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် သင်၏စိတ်နှလုံးဆန္ဒများကို သင့်အားဖြည့်ဆည်းပေးတော်မူလိမ့်မည်။
Compare
Explore ဆာလံကျမ်း 37:4
2
ဆာလံကျမ်း 37:5
သင်ပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားထံအပ်နှံ၍ ကိုယ်တော်ကို ယုံကြည်ကိုးစားလော့။ သို့ပြုလျှင် ကိုယ်တော်စီရင်ဆောင်ရွက်တော်မူလိမ့်မည်။
Explore ဆာလံကျမ်း 37:5
3
ဆာလံကျမ်း 37:7
ထာဝရဘုရားရှေ့တော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိပြုသောအမှု၌ အောင်မြင်သောသူကြောင့်လည်းကောင်း၊ ကောက်ကျစ်သောအကြံအစည်များကို ကြံစည်သောသူကြောင့်လည်းကောင်း စိတ်အနှောင့်အယှက်မဖြစ်နှင့်။
Explore ဆာလံကျမ်း 37:7
4
ဆာလံကျမ်း 37:3
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
Explore ဆာလံကျမ်း 37:3
5
ဆာလံကျမ်း 37:23-24
ထာဝရဘုရားသည် လူ၏ခြေလှမ်းများကို မြဲမြံစေ၍ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ ထာဝရဘုရားသည် သူ့ကို မိမိလက်တော်ဖြင့် ထောက်မတော်မူသောကြောင့် သူသည်လဲကျလျှင်လည်း ပြန်မထနိုင်တော့သည့်အဖြစ်သို့ ရောက်လိမ့်မည်မဟုတ်။
Explore ဆာလံကျမ်း 37:23-24
6
ဆာလံကျမ်း 37:6
ကိုယ်တော်သည် သင်၏ဖြောင့်မတ်ခြင်းကို အလင်းကဲ့သို့လည်းကောင်း၊ သင်၏တရားမျှတခြင်းကို မွန်းတည့်နေကဲ့သို့လည်းကောင်း ထွန်းလင်းစေတော်မူလိမ့်မည်။
Explore ဆာလံကျမ်း 37:6
7
ဆာလံကျမ်း 37:8
အမျက်ကိုပြေစေလော့။ အမျက်ဒေါသကိုစွန့်ပယ်လော့။ စိတ်အနှောင့်အယှက်မဖြစ်နှင့်။ ၎င်းသည် ဆိုးကျိုးကိုသာဖြစ်စေတတ်၏။
Explore ဆာလံကျမ်း 37:8
8
ဆာလံကျမ်း 37:25
ငါသည် လူငယ်တစ်ဦးဖြစ်ခဲ့ပြီး ယခုအသက်ကြီးလေပြီ။ သို့သော် ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းခံရသည်ကိုလည်းကောင်း၊ သူ၏သားမြေးတို့သည် အစာတောင်းရမ်းနေကြရသည်ကိုလည်းကောင်း မတွေ့မမြင်ဖူးပေ။
Explore ဆာလံကျမ်း 37:25
9
ဆာလံကျမ်း 37:1
ဆိုးညစ်သောအမှုကိုပြုသောသူတို့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ မတရားမှုပြုသောသူတို့ကိုမငြူစူနှင့်။
Explore ဆာလံကျမ်း 37:1
Home
Bible
Plans
Videos