အဲအခါ ဝိညာဉ်တော်ဟ ဖိလိပ္ပုအား “အေးမြင်းလှည်းအနီးဟို သွားလော့” ဟု အမိန့်ဆိအယ်။ အေးလိုမို့ ဖိလိပ္ပုဟ ပြေးယွေ့ သွားရာ ပရောဖက် ဟေရှာယကျမ်းဟို အဲသူ ဖတ်လျက်နေတာဟို ကြားသဖြင့် “နင် ဖတ်နေလဲ့အရာဟို နားလည်သလော” ဟု မေးအယ်။
သူဟ “ငါ့အား အနက်ဖွင့်ပြမဲ့သူ မဆိဘဲ စလို နားလည်နိန်မလုန်း” ဟု ပြောပင်းနောက် ဖိလိပ္ပုအား မြင်းလှည်းပေါ်သို့ တက်ယွေ့ မိမိနဲ့အတူ ထိန်ရန် ဖိတ်ခေါ်လေအယ်။