1
Mark 11:24
TPV-RV (Thamma Pitakadaw)
TPV-RV
ထို့ကြောင့် သင်တို့အား ငါဆိုမည်။ သင်တို့ဆုတောင်းကြသည့်အခါ အကြွင်းမဲ့ ယုံကြည်၍ ဆုတောင်းလျှင် တောင်းလျှောက်သမျှကို ရရှိကြလိမ့်မည်။
Compare
Explore Mark 11:24
2
Mark 11:23
သင်တို့အား ငါအမှန်ဆိုမည်ကား ဘုရားရှင်အား အကြွင်းမဲ့ယုံကြည်သည့်သူသည် ဤတောင်ကို ‘ဤနေရာမှ ရွေ့ပြီး ပင်လယ်ထဲသို့ ကျလော့’ ဟုဆိုလျှင် သူဆိုသည့်အတိုင်းပင် ဖြစ်လိမ့်မည်။
Explore Mark 11:23
3
Mark 11:25
သင်တို့ ဆုတောင်းသည့်အချိန်၌ သင်တို့အပေါ် သူတစ်ပါးမှ ကျူးလွန်ထားသည့် အပြစ်တို့ကို ခွင့်လွှတ်ကြလော့။ ထိုမှသာ ရွှေမြို့တော်၌ရှိသည့် အဖဘုရားရှင်သည် သင်တို့၏ အပြစ်ဒုစရိုက်များအား ခွင့်လွှတ်ပေးတော်မူလိမ့်မည်။
Explore Mark 11:25
4
Mark 11:22
ထိုအခါ ကိုယ်တော်က တပည့်တော်တို့အား “ဘုရားရှင်ကို ယုံကြည်ခြင်းရှိကြလော့။
Explore Mark 11:22
5
Mark 11:17
ကိုယ်တော်က လူထုပရိတ်သတ်တို့အား “ကျမ်းစာ၌ ‘ငါ၏အိမ်တော်အား လူမျိုးတကာတို့၏ဆုတောင်းဝတ်ပြုရာ အိမ်တော်ဟု ခေါ်ဝေါ်ကြမည်’ ဟုရေးသားထားသည်မဟုတ်လော။ သို့သော် ယခုမူ သင်တို့သည် ဗိမာန်တော်အား သူခိုးဓါးပြများ ခိုအောင်းရာနေရာဖြစ်အောင် လုပ်နေကြ၏” ဟုဆုံးမတော်မူ၏။
Explore Mark 11:17
6
Mark 11:9
ကိုယ်တော်၏ရှေ့မှသွားသူတို့ကလည်းကောင်း၊ နောက်မှလိုက်သူတို့ကလည်းကောင်း ကျယ်လောင်စွာဖြင့် “ဟောရှဏ္ဏ၊a ဘုရားရှင်၏နာမတော်အားဖြင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။
Explore Mark 11:9
7
Mark 11:10
အဖဘုရားရှင်၏အခွင့်အာဏာဖြင့် ပေါ်ထွန်းလာမည့် ကျွန်ုပ်တို့ဘိုးဘေး အဖဒါဝိဒ်၏နိုင်ငံတော်သည် ကောင်းချီးမင်္ဂလာအပေါင်းနှင့်ပြည့်စေသတည်း။ အမြင့်ဆုံးသောရွှေမြို့တော်ရှိ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်အား ချီးမွမ်းပါ၏” ဟုကြွေးကြော်ကြလေသည်။
Explore Mark 11:10
Home
Bible
Plans
Videos