ထွက်မြောက်ရာကျမ်း 10:13-14
ထွက်မြောက်ရာကျမ်း 10:13-14 MSBU
သို့ဖြစ်၍ မောရှေသည် မိမိတောင်ဝှေးကို အီဂျစ်ပြည်ပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် ထိုပြည်ပေါ်သို့ ထိုနေ့တစ်နေ့လုံး ထိုညတစ်ညလုံး အရှေ့လေကို တိုက်ခတ်စေတော်မူ၏။ နံနက်အချိန်ရောက်သောအခါ ထိုအရှေ့လေသည် ကျိုင်းကောင်များကို သယ်ဆောင်လာ၏။ အလွန်များပြားသောကျိုင်းကောင်များသည် အီဂျစ်ပြည်တစ်ပြည်လုံးပေါ်သို့ တက်လာ၍ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် နားနေကြ၏။ ထိုကဲ့သို့သောကျိုင်းကောင်များသည် ယခင်ကလည်းမရှိစဖူး၊ နောင်တွင်လည်း ရှိလိမ့်မည်မဟုတ်။