ထွက်မြောက်ရာကျမ်း 5:8-9
ထွက်မြောက်ရာကျမ်း 5:8-9 MSBU
သို့ရာတွင် ယခင် သူတို့ပြုလုပ်သောအုတ်အရေအတွက်အတိုင်း သူတို့ကိုလုပ်စေရမည်။ အရေအတွက်ကို မလျော့စေနှင့်။ အကြောင်းမူကား သူတို့သည် ပျင်းရိကြ၏။ ထို့ကြောင့် သူတို့က ‘ငါတို့၏ဘုရားသခင်အား သွား၍ယဇ်ပူဇော်ကြစို့’ဟု အော်ဟစ်ပြောဆိုကြ၏။ သူတို့အား ပို၍ပင်ပန်းသောအလုပ်ကိုလုပ်စေပါ။ အလုပ်ကိုသာလုပ်စေပြီး လှည့်ဖြားသောစကားတို့ကို နားမယောင်စေနှင့်”ဟု အမိန့်ပေးလေ၏။