YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 49

49
ယာကုပ်၏နောက်ဆုံးအမှာစကား
1ထို့နောက် ယာကုပ်​သည် မိမိ​၏​သား​တို့​ကို​ခေါ်​၍ “​စုဝေး​ကြ​လော့​။ နောင်ကာလ​တွင် သင်​တို့​၌​ဖြစ်ပျက်​မည့်​အရာ​ကို သင်​တို့​အား ငါ​ပြောပြ​မည်​။
2စုရုံး​ကြ​လော့​။ နားထောင်​ကြ​လော့​။ အို ယာကုပ်​သား​တို့​၊ သင်​တို့​၏​ဖခင် အစ္စရေး​၏​စကား​ကို နားထောင်​ကြ​လော့​။ 3ရုဗင်​၊ သင်​သည် ငါ​၏​သားဦး​၊ ငါ​၏​အစွမ်း​၊ ငါ့​အဦးဆုံး​အားမာန်​၊ ဘုန်း​အထွတ်​၊ ခွန်အား​အထွတ်​ဖြစ်​၏​။ 4သို့သော် သင်​သည် ရေ​ကဲ့သို့​ဘောင်ဘင်ခတ်​တတ်​သည်​ဖြစ်၍ အထွတ်​သို့​မ​ရောက်​။ အကြောင်းမူကား သင်​သည် သင့်​ဖခင်​၏​အိပ်ရာ​ပေါ်​တက်​၍​ညစ်ညူး​စေ​၏​။ သူ​သည် ငါ့​ခုတင်​ပေါ်​တက်​ဝံ့​လေ​ပြီ​တကား​။ 5ရှိမောင်​နှင့်​လေဝိ​သည် ညီအစ်ကို​ဖြစ်​၏​။ သူ​တို့​၏​ဓား​များ​သည် ရက်စက်ကြမ်းကြုတ်​သော​လက်နက်​များ​ဖြစ်​၏​။ 6သူ​တို့​သည် မိမိ​တို့​အမျက်​ဖြင့် လူ​ကို​သတ်​ကြ​၏​။ မိမိ​တို့​အလို​အတိုင်း နွား​တံကောက်ကြော​ကို​ဖြတ်​ကြ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် သူ​တို့​၏​အစည်းအဝေး​သို့ မ​ဝင်ရောက်​ပါစေ​နှင့်​။ ငါ့​ဘုန်းအသရေ​သည် သူ​တို့​၏​အစုအဝေး​နှင့် မ​ပေါင်း​ပါစေ​နှင့်​။ 7သူ​တို့​၏​အမျက်​သည် ခက်ထန်​၍ သူ​တို့​၏​ဒေါသ​သည် ကြမ်းတမ်း​သောကြောင့် ကျိန်ဆဲ​ခြင်း​ခံရ​ပါစေ​။ ငါ​သည် သူ​တို့​ကို ယာကုပ်​အမျိုး​ထဲတွင် ကွဲပြား​စေ​မည်​။ အစ္စရေး​လူမျိုး​ထဲတွင် ကွဲလွင့်​စေ​မည်​။ 8ယုဒ​၊ သင့်​ညီအစ်ကို​တို့​သည် သင့်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။ သင်​၏​လက်​သည် သင့်​ရန်သူ​တို့​လည်ပင်း​ပေါ်၌​ရှိ​လိမ့်မည်​။ သင့်​ဖခင်​၏​သား​တို့​သည် သင့်​ရှေ့​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။ 9ယုဒ​သည် ခြင်္သေ့​သားပေါက်​ဖြစ်​၏​။ ငါ့​သား​၊ သင်​သည် သားကောင်​သတ်စား​ပြီး​တက်လာ​၏​။ သူ​သည် ခြင်္သေ့​ကဲ့သို့​လည်းကောင်း​၊ ခြင်္သေ့မ​ကဲ့သို့​လည်းကောင်း ဝပ်​လျက်​၊ လဲလျောင်း​လျက်​နေ​တတ်​၏​။ သူ့​ကို မည်သူ​ဆွ​ဝံ့​သနည်း​။ 10လူမျိုး​တို့​သည် ရှိလော#49:10 “မေရှိယ၏ဂုဏ်ပုဒ်”။​ကို​နာခံ​ကြ​လိမ့်မည်​။ သူ​မ​ရောက်လာ​မီ​တိုင်အောင် ရာဇလှံတံ​သည် ယုဒ​ထံမှ ထွက်သွား​မည်​မ​ဟုတ်​၊ ကျိုင်း​သည်​လည်း သူ့​ခြေထောက်​ကြား​မှ​ထွက်သွား​မည်​မ​ဟုတ်​။ 11သူ​၏​မြည်း​ကို စပျစ်ပင်​၌​ချည်​ထား​၏​။ သူ့​မြည်းမ​၏​သား​ကို အကောင်းဆုံးစပျစ်ပင်​၌​ချည်​ထား​၏​။ သူ​၏​အဝတ်တန်ဆာ​ကို စပျစ်ဝိုင်​ဖြင့် လျှော်​၏​။ သူ​၏​ဝတ်ရုံ​ကို စပျစ်​သွေး​ဖြင့် လျှော်​၏​။ 12သူ​၏​မျက်စိ​သည် စပျစ်ဝိုင်​ထက်​နီ​၍ သူ​၏​သွား​သည် နို့​ထက်​ဖြူ​၏​။ 13ဇာဗုလုန်​သည် ပင်လယ်​ကမ်းခြေ​၌​နေထိုင်​၍ သူ​သည် သင်္ဘောဆိပ်​ဖြစ်​လိမ့်မည်​။ သူ​၏​နယ်​သည် ဆီဒုန်​မြို့​တိုင်အောင်​ရောက်​လိမ့်မည်​။ 14ဣသခါ​သည် သိုးခြံ​များ​ကြား#49:14 သို့မဟုတ် “ဝန်ထုပ်နှစ်ထုပ်ကြား”၊ “ကုန်းနှီးအိတ်ကြား”။​၌​ဝပ်​နေ​သော သန်မာ​သည့်​မြည်း​ဖြစ်​၏​။ 15နားနေ​ရာ​အရပ်​သည် အလွန်​ကောင်း​ပြီး ပြည်​သည် အလွန်​သာယာ​သည်​ကို သူ​မြင်​၏​။ ထို့ကြောင့် ဝန်​ကို​ထမ်း​ရန်​မိမိ​ပခုံး​ကို​ညွှတ်​၍ သူ​သည် အခွန်​ဆက်​သော​ကျွန်​ဖြစ်လာ​၏​။ 16ဒန်​သည် အစ္စရေး​မျိုးနွယ်​တစ်​နွယ်​အဖြစ် မိမိ​လူမျိုး​ကို​စစ်ကြောစီရင်​လိမ့်မည်​။ 17ဒန်​သည် လမ်း​ပေါ်​က​မြွေ​၊ လမ်း​ဘေးက​မြွေပွေး​ဖြစ်​လိမ့်မည်​။ သူ​သည် မြင်း​၏​ဖနောင့်​ကို​ပေါက်​သဖြင့် မြင်း​စီး​သော​သူ​သည် နောက်ပြန်​ပြုတ်ကျ​လိမ့်မည်​။ 18အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို စောင့်မျှော်​ပါ​၏​။ 19ဂဒ်#49:19 “ဖိနှိပ်တိုက်ခိုက်သည်”ဟူသောအဓိပ္ပာယ်ရှိ၏။​မူကား စစ်သူရဲ​တို့​သည် သူ့​ကို​ဖိနှိပ်တိုက်ခိုက်​လာ​သော်လည်း သူ​သည် သူ​တို့​၏​ဖနောင့်​ကို ပြန်​၍​ဖိနှိပ်တိုက်ခိုက်​လိမ့်မည်​။ 20အာရှာ​၏​အစားအစာ​သည် အဆီအဆိမ့်​နှင့်​ပြည့်ဝ​၍ ရှင်ဘုရင်​အတွက်​စားကောင်းသောက်ဖွယ်​တို့​ကို ထုတ်လုပ်​ပေး​လိမ့်မည်​။ 21နဿလိ​သည် ချစ်ဖွယ်​သော​သမင်ပေါက်​များ​ကို​ပေါက်ဖွား​သည့်#49:21 သို့မဟုတ် “ယဉ်ယဉ်ကျေးကျေးစကားပြောဆိုသည့်”။ အချုပ်အနှောင်ကင်း​သော​သမင်မ​ဖြစ်​၏​။ 22ယောသပ်​သည် အသီး​ဖြစ်ထွန်း​သော​စပျစ်ပင်​၊ စမ်းရေ​နား​ရှိ အသီး​ဖြစ်ထွန်း​သော​စပျစ်ပင်​ဖြစ်​၏​။ သူ​၏​အကိုင်း​တို့​သည် တံတိုင်း​ကို​ကျော်​၏​။ 23လေးသမား​တို့​သည် သူ့​ကို​အငြိုးထား​၍ ပြင်းပြင်းထန်ထန်​တိုက်ခိုက်​ပစ်ခတ်​ကြ​၏​။ 24သို့သော် ယာကုပ်​၏​တန်ခိုးကြီး​သော​အရှင်​၏​လက်​တော်​အားဖြင့်​၊ အစ္စရေး​၏​ကျောက်​တည်းဟူသော​သိုးထိန်း​အားဖြင့် သူ​၏​လေး​သည် တည်ငြိမ်​၍ သူ​၏​လက်မောင်း​တို့​သည် သန်မာ​လျက်​ရှိ​၏​။ 25သင့်​ဖခင်​၏​ဘုရားသခင်​သည် သင့်​ကို ကူညီမစ​တော်မူ​မည်​။ အနန္တတန်ခိုးရှင်​သည် သင့်​အား အထက်​မိုးကောင်းကင်​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း​၊ အောက်​အရပ်​၌​ဝပ်​နေ​သည့်​နက်ရှိုင်း​သော​ရေထု​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း​၊ သားမြတ်​နှင့်​သားအိမ်​တို့​၏​ကောင်းချီးမင်္ဂလာ​ဖြင့်​လည်းကောင်း ကောင်းချီးပေး​တော်မူ​မည်​။ 26သင့်​ဖခင်​ပေး​သော​ကောင်းချီးမင်္ဂလာ​တို့​သည် ငါ့​ဘိုးဘေး​တို့​ပေး​သော​ကောင်းချီးမင်္ဂလာ​ထက်​၊ ရှေး​တောင်ကုန်း​တို့​၌​ရှိ​သော​ကောင်းချီး​အဖြာဖြာ​ထက် သာလွန်​၏​။ ထို​ကောင်းချီးမင်္ဂလာ​တို့​သည် ယောသပ်​၏​ခေါင်း​ပေါ်၌​လည်းကောင်း​၊ သူ့​ညီအစ်ကို​တို့​ထဲမှ​အကြီးအကဲ​တို့​၏​ဦးထိပ်​ပေါ်၌​လည်းကောင်း သက်ရောက်​ပါစေသော​။ 27ဗင်္ယာမိန်​သည် ကိုက်ဖြတ်​စားသောက်​တတ်​သည့်​ဝံပုလွေ​ဖြစ်​၏​။ သူ​သည် နံနက်အချိန်​၌ သားကောင်​ကို​စား​၍ နေဝင်ချိန်​၌ လုယက်​သော​အရာ​ကို ခွဲဝေ​၏​”​ဟု ဆို​လေ​၏​။
28ဤ​သူ​အပေါင်း​တို့​သည် အစ္စရေး​မျိုးနွယ်​တစ်ဆယ့်​နှစ်​နွယ်​ဖြစ်​၏​။ ဤသည်ကား သူ​တို့​၏​ဖခင်​သည် သူ​တို့​အသီးသီး​ရထိုက်​သော​ကောင်းချီးမင်္ဂလာ​အတိုင်း သူ​တို့​အား​ကောင်းချီးပေး​သောအခါ မြွက်ဆို​သော​စကား​ဖြစ်​၏​။
စျာပနအတွက်ယာကုပ်အမှာစကား
29တစ်ဖန် ယာကုပ်​က သူ​တို့​အား “​ငါ​သည် ငါ့​လူမျိုး​တို့​စုစည်း​ရာ​သို့ သွား​ရ​တော့​မည်​။ ဟိတ္တိ​လူမျိုး​၊ ဧဖရုန်​၏​လယ်​၌​ရှိ​သော​လိုဏ်ဂူ​ထဲ၌ ငါ့​ကို ဘိုးဘေး​တို့​နှင့်အတူ​သင်္ဂြိုဟ်​ကြ​လော့​။ 30ထို​လိုဏ်ဂူ​သည် ခါနာန်​ပြည်​၊ မံရေ​မြို့​အရှေ့​၊ မပ္ပေလ​လယ်​၌​ရှိ​၏​။ အာဗြဟံ​သည် ထို​လယ်​ကို ကိုယ်ပိုင်​သင်္ချိုင်းမြေ​အဖြစ် ဟိတ္တိ​လူမျိုး​ဧဖရုန်​ထံ​မှ ဝယ်ယူ​ခဲ့​၏​။ 31ထို​အရပ်​၌ အာဗြဟံ​နှင့်​သူ​၏​မယား​စာရာ​ကို သင်္ဂြိုဟ်​ကြ​၏​။ ထို​အရပ်​၌ ဣဇက်​နှင့်​သူ​၏​မယား​ရေဗက္ကာ​ကို သင်္ဂြိုဟ်​ကြ​၏​။ လေအာ​ကို​လည်း ထို​အရပ်​၌ ငါ​သင်္ဂြိုဟ်​ခဲ့​၏​။ 32ထို​လယ်​နှင့်​လယ်​ထဲ​ရှိ​လိုဏ်ဂူ​ကို ဟေသ​အမျိုးသား​တို့​ထံ​မှ ဝယ်ယူ​ခဲ့​၏​”​ဟု မှာကြား​လေ​၏​။ 33ယာကုပ်​သည် သူ​၏​သား​တို့​ကို​မှာကြား​ပြီး​သောအခါ ခုတင်​ပေါ်သို့​သူ​၏​ခြေ​ကို​ရုပ်​ပြီး နောက်ဆုံး​ထွက်သက်ထွက်​၍ သူ​သည် မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in