ယောဘဝတ္ထု 17
17
1ငါ့အသက်ဝိညာဉ် ချုပ်ငြိမ်းပြီ။ ငါနေရမည့်နေ့ရက်တို့ ကုန်ဆုံးပြီ။ သင်္ချိုင်းလည်း ငါ့ကို စောင့်ကြိုနေပြီ။ 2အကယ်စင်စစ် လှောင်ပြောင်သူတို့သည် ငါ့ကို ဝိုင်းရံလျက်ရှိ၏။ သူတို့လှောင်ပြောင်ထေ့ငေါ့သည်ကို ငါကြည့်နေရပါ၏။ 3ကိုယ်တော်တိုင် အကျွန်ုပ်အတွက် အာမခံပေးတော်မူပါ။ မည်သူသည် အကျွန်ုပ်အတွက် အာမခံပေးမည်နည်း။ 4ကိုယ်တော်သည် သူတို့စိတ်ကို အသိဉာဏ်နှင့်ကင်းစေတော်မူပြီ။ သူတို့ကို ချီးမြှောက်တော်မူမည်မဟုတ်။ 5ဝေစုရရှိရန် ကိုယ့်မိတ်ဆွေကို သစ္စာဖောက်သောသူ၏သားသမီးတို့သည်လည်း မျက်စိကွယ်ရလိမ့်မည်။ 6ကိုယ်တော်သည် ငါ့ကို လူတို့ပုံခိုင်းစရာဖြစ်စေပြီ။ ငါ့မျက်နှာကို တံတွေးထွေးစရာဖြစ်စေပြီ။ 7ပူဆွေးသောကများကြောင့် ငါ့မျက်စိများလည်း မှုန်လေပြီ။ ငါ့ကိုယ်အင်္ဂါရှိသမျှလည်း အရိပ်သဖွယ် ဖြစ်ကုန်ပါပြီ။ 8ဤအဖြစ်ကြောင့် ဖြောင့်မှန်သောသူတို့သည် အံ့ဩထိတ်လန့်ကြပြီ။ အပြစ်မဲ့သောသူတို့သည်လည်း ဘုရားတရားမဲ့သောသူတို့အပေါ် မခံမရပ်နိုင်ဖြစ်ကြပြီ။ 9ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။ 10သင်တို့အားလုံး ထပ်လာ၍ ငြင်းခုံကြ။ သင်တို့တွင် ပညာရှိဟူ၍တစ်ယောက်မျှ ငါတွေ့ရမည်မဟုတ်။ 11ငါနေရမည့်နေ့ရက်များ ကုန်လွန်သွားပြီ။ ငါ့ရည်ရွယ်ချက်၊ ငါ့စိတ်အလိုဆန္ဒများလည်း ပျက်လွင့်ကုန်ပြီ။ 12သူတို့သည် ညကိုပင် နေ့ဟုဆိုလျက် မှောင်နေသည်ကိုပင် ‘မိုးလင်းတော့မည်’ဟု ဆိုတတ်ကြ၏။ 13မရဏာနိုင်ငံသည် ငါမျှော်လင့်ရာအိမ်ဖြစ်၍ ငါ့အိပ်ရာကို မှောင်မိုက်၌ ခင်းထားရလျှင် 14သေတွင်းကို အဖေ၊ လောက်ကောင်ကို အမေ၊ နှမ ဟူ၍ ငါခေါ်ရတော့မည်။ 15ငါ၏မျှော်လင့်ခြင်းကား အဘယ်မှာနည်း။ ငါ၏မျှော်လင့်ခြင်းကို အဘယ်သူမြင်ရမည်နည်း။ 16ထိုအရာတို့သည် မရဏာတံခါးပေါက်ထဲသို့ ဝင်သွားမည်လော။ ငါနှင့်အတူ မြေမှုန့်ထဲတွင် ဆင်းနေမည်လော”ဟု ဆိုလေ၏။
Currently Selected:
ယောဘဝတ္ထု 17: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: