ယောဘဝတ္ထု 30
30
1ယခုမူကား ငါ့ထက်အသက်ငယ်သောသူတို့သည် ငါ့ကို လှောင်ပြောင်ကြလေပြီ။ သူတို့၏ဖခင်များသည် ငါ့သိုးတို့ကိုထိန်းပေးသောခွေးများနှင့်အတူထားဖို့ပင် မတန်သောသူများဖြစ်ကြ၏။ 2သူတို့သည် အားယုတ်ကြပြီဖြစ်၍ သူတို့၏လက်ရုံးအားကို ငါဘာလုပ်ရမည်နည်း။ 3သူတို့သည် ဆင်းရဲငတ်မွတ်သောကြောင့် ပိန်ချုံးကြ၏။ ညအချိန်တွင် ပျက်စီးဆိတ်သုဉ်းရာ ခြောက်သွေ့သောမြေသို့ ပြေးသွားကြ၏။ 4သူတို့သည် ငန်ကျိနေသောချုံပင်ရွက်များကို ခူးစားခဲ့ရ၍ ရှားမြစ်သည်လည်း သူတို့၏အစာဖြစ်၏။ 5သူခိုးကို အော်ဟစ်မောင်းထုတ်သကဲ့သို့ သူတို့သည် လူ့အသိုင်းအဝိုင်းထဲမှ မောင်းထုတ်ခံရသူများဖြစ်၏။ 6လျှိုမြောင်ချိုင့်ဝှမ်းများ၊ မြေတွင်းများနှင့် ကျောက်တွင်းများတွင် နေထိုင်ရကြ၏။ 7ချုံပုတ်များအောက်တွင် ဟီသံပြု၍ ပေါင်းပင်များကြားတွင် တိုးဝှေ့နေရကြ၏။ 8လူမိုက်သားသမီးများ၊ နာမည်ပျက်သူ၏သားသမီးများဖြစ်၍ သူတို့၏ပြည်မှနှင်ထုတ်ခံရကြ၏။ 9ယခုမှာ ငါသည် သူတို့အဖို့ လှောင်ပြောင်သီဆိုစရာ၊ သူတို့အလယ်တွင် ပုံခိုင်းပြောဆိုစရာ ဖြစ်ရလေပြီ။ 10သူတို့သည် ငါ့ကို စက်ဆုပ်ရွံရှာသဖြင့် ဝေးဝေးရှောင်နေကြ၏။ ငါ့မျက်နှာကို တံတွေးထွေးဖို့ပင် ဝန်မလေးကြ။ 11ကိုယ်တော်သည် ငါ့လေးကြိုးကို လျော့ရဲစေ၍ ငါ့ကို ဒုက္ခရောက်စေ၏။ သူတို့သည်လည်း ငါ့ရှေ့တွင် ဇက်ကြိုးကို ဖြတ်တောက်ပစ်ကြ၏။ 12သူတို့သည် လက်ယာဘက်မှနေ၍ အုပ်စုလိုက် ထကြွကြလျက် ငါ့ခြေကို တွန်းကြ၏။ ငါ့ကို ဖျက်ဆီးရန် နည်းလမ်းရှာကြံကြ၏။ 13ငါသွားမည့်လမ်းကိုဖျက်ဆီး၍ ငါ့ကို ပိုပြီးဒုက္ခပေးကြ၏။ သူတို့ကို ဆီးတားမည့်သူ တစ်ယောက်မျှမရှိ။ 14အပေါက်အကျယ်ကြီးကို ဖြတ်ဝင်လာသကဲ့သို့ သူတို့သည် ဝင်လာကြ၍ တစ်ဟုန်ထိုးပြေးလာကြ၏။ 15ထိတ်လန့်ဖွယ်ဘေးတို့သည် ငါ့ထံသို့ ပြေးဝင်လာ၍ ငါ့ဂုဏ်သရေကို လေကဲ့သို့ တိုက်ချလေပြီ။ ငါ၏စည်းစိမ်ဥစ္စာကိုလည်း တိမ်တိုက်ကဲ့သို့ လွင့်မျောသွားစေပြီ။ 16ယခုမှာ ငါ့စိတ်ဝိညာဉ် မြေခလုပြီ။ ဒုက္ခနေ့ရက်များသည်လည်း ငါ့ကို ဆုပ်ကိုင်ထားလေပြီ။ 17ညဘက်ရောက်လျှင် ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၏။ ဝေဒနာများသည်လည်း သက်သာခြင်း မရှိ။ 18ငါ့အဝတ်သည် အားပြင်းပြင်းနှင့်ဆွဲဆုတ်ခံရသဖြင့် ပုံပျက်ပန်းပျက်ဖြစ်ကာ လည်ပင်းကြပ်နေသောအင်္ကျီကဲ့သို့ ငါ့ကို ရစ်ပတ်ထား၏။ 19ငါ့ကို ရွှံ့ထဲသို့ပစ်ချတော်မူသဖြင့် ငါသည် မြေမှုန့်၊ ပြာမှုန့်ကဲ့သို့ ဖြစ်ရပါ၏။ 20ကိုယ်တော့်ထံ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသော်လည်း ထူးတော်မမူ။ မတ်တတ်ရပ်ပြသော်လည်း အကျွန်ုပ်ကို ဤအတိုင်းကြည့်တော်မူ၏။ 21ကိုယ်တော်သည် အကျွန်ုပ်ကို ရက်စက်စွာပြုတော်မူပြီ။ အားကြီးသောလက်တော်ဖြင့် ညှဉ်းဆဲတော်မူပြီ။ 22အကျွန်ုပ်ကို ဆွဲမပြီး လေထဲသို့ ပစ်လွှတ်လိုက်သဖြင့် အကျွန်ုပ်သည် လေပြင်းမုန်တိုင်းထဲတွင် လူးလွန့်လွင့်ပါသွားပါ၏။ 23အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းသို့လည်းကောင်း၊ သက်ရှိသတ္တဝါအားလုံးစုတေ့ရာသို့လည်းကောင်း အရောက်ပို့မည်ကို အကျွန်ုပ်သိပါ၏။ 24အကယ်စင်စစ် ဒုက္ခရောက်နေသောသူသည် လက်မဆန့်ဘဲနေမည်လော။ ဒုက္ခရောက်သောအခါ အကူအညီမတောင်းဘဲနေမည်လော။ 25ဒုက္ခရောက်သောသူအတွက် ငါမငိုကြွေးဘဲနေခဲ့သလော။ နွမ်းပါးသောသူအတွက် ငါဝမ်းမနည်းဘဲနေခဲ့သလော။ 26အကောင်းကို စောင့်မျှော်သောအခါ အဆိုးများသာ ရောက်လာ၏။ အလင်းကို မျှော်လင့်သောအခါ အမှောင်သာ ရောက်လာ၏။ 27ငါ့ရင်ထဲတွင် မနားတမ်းဗလောင်ဆူနေ၏။ ဒုက္ခနေ့ရက်များကိုသာ ငါကြုံနေရ၏။ 28ငါသည် နေရောင်ကွယ်ရာ အမှောင်ထဲတွင် သွားလာရ၏။ လူစုလူဝေးထဲတွင်ရပ်၍ အကူအညီအော်ဟစ်တောင်းခံရ၏။ 29ခွေးအတို့နှင့် ညီအစ်ကိုတော်ရ၏။ ငှက်ကုလားအုတ်တို့နှင့် မိတ်ဆွေဖွဲ့ရ၏။ 30ငါ့အရေပြားများ ညိုမဲသွားပြီး ကွာကျကုန်ပါပြီ။ ငါ့ကိုယ်ခန္ဓာသည်လည်း အဖျားကြောင့် ပူခြစ်လျက်ရှိပါ၏။ 31ငါ့စောင်းသည် မြည်တမ်းသီချင်းသီဆိုရန်၊ ငါ့ပလွေသည်လည်း ငိုကြွေးသီချင်းသီဆိုရန် ဖြစ်သွားရပြီ။
Currently Selected:
ယောဘဝတ္ထု 30: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: