ယောဘဝတ္ထု 38
38
ထာဝရဘုရားမိန့်တော်မူခြင်း
1နောက်ဆုံးတွင် ထာဝရဘုရားက ယောဘအား 2“ပညာမဲ့သောစကားများဖြင့် ငါ့အကြံအစည်ကို မှောင်မိုက်စေသော ဤသူကား မည်သူနည်း။ 3ယခု ယောက်ျားပီသစွာ ခါးကိုစည်းထားလော့။ ငါမေးသောမေးခွန်းကို ဖြေလော့။ 4ငါသည် မြေကြီးကိုအုတ်မြစ်ချစဉ်က သင်အဘယ်မှာရှိသနည်း။ သင်သိလျှင် ပြောပါလော့။ 5မြေကြီးကို မည်သူတိုင်းတာသတ်မှတ်သနည်း။ သင်အမှန်တကယ်သိသလော။ မြေကြီးပေါ်တွင် မျဉ်းကြိုးကို မည်သူဆန့်ထားသနည်း။ 6မြေကြီးအုတ်မြစ်ကို မည်သည့်နေရာတွင် မြှုပ်ထားသနည်း။ မြေကြီးထောင့်ချုပ်ကျောက်ကို မည်သူချထားသနည်း။ 7ထိုစဉ်က မိုးသောက်ကြယ်တို့ ဝိုင်းဖွဲ့သီချင်းဆိုလျက်၊ ဘုရားသားအပေါင်းတို့သည် ဝမ်းမြောက်စွာကြွေးကြော်ကြ၏။ 8ရေသည် ပင်လယ်ဝမ်းထဲမှပေါက်ထွက်လာ၍ ပြည့်လျှံသောအခါ ပင်လယ်တံခါးကို မည်သူပိတ်လိုက်သနည်း။ 9ငါသည် ပင်လယ်ပြင်ကို မိုးတိမ်အဝတ်ဖြင့်လွှမ်းခြုံစေ၍ အမှောင်ထုနှင့်ပတ်ရစ်ပေး၏။ 10ပင်လယ်ပြင်စည်းကို သတ်မှတ်ပြီး ကန့်လန့်ကျင်များ၊ တံခါးများကို ချထား၏။ 11ပင်လယ်အား ‘သင်တက်လာနိုင်၏။ ဤနေရာထက်မကျော်ရ၊ ဤနေရာသည် လှိုင်းလုံးကြီးများရှိရမည့်နေရာ ဖြစ်၏’ဟု ငါမှာထား၏။ 12သင့်တစ်သက်တွင် နံနက်အချိန်ကို အမိန့်ပေးဖူးသလော။ အရုဏ်အား မိမိတက်ရမည့်နေရာကို ပြပေးဖူးသလော။ 13မြေကြီးစွန်းတို့ကိုဆုပ်ကိုင်ပြီး မြေကြီးပေါ်ရှိလူဆိုးတို့ကို ခါထုတ်ရန် သူတို့ကို အမိန့်ပေးဖူးသလော။ 14မြေကြီးသည် မြေစေးပေါ်တွင်တံဆိပ်ခတ်နှိပ်သကဲ့သို့ ပုံပြောင်းသွား၏။ အဝတ်တန်ဆာဝတ်ဆင်ထားသကဲ့သို့ ပေါ်လာ၏။ 15လူဆိုးတို့ထံမှ အလင်းကိုရုပ်သိမ်းတော်မူ၏။ မြှောက်ထားသောလက်ကို ချိုးပစ်တော်မူ၏။ 16ပင်လယ်ရေထွက်ပေါက်များရှိရာသို့ သင်ရောက်ဖူးသလော။ အနက်တကာ့အနက်ဆုံးနေရာတွင် သင်သွားလာဖူးသလော။ 17သေမင်းတံခါးများက သင့်ကိုဖွင့်ပေးဖူးသလော။ သေမင်းအရိပ်၏တံခါးများကို သင်မြင်ဖူးသလော။ 18မြေမျက်နှာပြင်အကျယ်အဝန်းကို သင်သိသလော။ ဤအရာအားလုံးကို သင်သိလျှင် ပြောပြပါ။ 19အလင်းရှိရာသို့ ရောက်သောလမ်းကား အဘယ်မှာနည်း။ အမှောင်ထု၏နေရာကား အဘယ်မှာနည်း။ 20သူ့နေရာသို့ သူ့ကို သင်ခေါ်သွားပေးနိုင်သလော။ သူ့အိမ်သို့သွားသောလမ်းကို သင်သိသလော။ 21သင်သိရအောင် ထိုစဉ်ကတည်းက သင်မွေးဖွားပြီး သင်အသက်ရှင်နေရသောနေ့ရက် များပြားနေပြီလော။ 22နှင်းပွင့်ဘဏ္ဍာတိုက်များထဲသို့ သင်ဝင်ဖူးသလော။ မိုးသီးဘဏ္ဍာတိုက်များကို သင်မြင်ဖူးသလော။ 23ဤဘဏ္ဍာတိုက်တို့ကို ဆင်းရဲဒုက္ခရောက်သည့်ကာလ၊ စစ်မက်ဖြစ်ပွားသည့်ကာလအဖို့ ငါသိုထားပြီ။ 24အလင်းဖြာထွက်ရာလမ်းကြောင်းကား အဘယ်မှာနည်း။ အရှေ့လေသည် မည်သည့်အရပ်မှ မြေကြီးပေါ်သို့ တိုက်ခတ်လာသနည်း။ 25မိုးရေစီးရာမြောင်းနှင့် မိုးကြိုးစီးရာလမ်းကြောင်းတို့ကို မည်သူဖောက်သနည်း။ 26လူမနေသောမြေ၊ လူသူမနေသောတောကန္တာရတွင် မည်သူမိုးရွာစေသနည်း။ 27မြေရိုင်းမြေကောများကို ရေဝစေပြီး မြက်နုများကို ပေါက်စေသူမှာ မည်သူနည်း။ 28မိုးရေ၌ဖခင်ရှိသလော။ နှင်းစက်တို့ကို မည်သူဖြစ်ပွားစေသနည်း။ 29မည်သူ့ဝမ်းမှ ရေခဲထွက်လာသနည်း။ ကောင်းကင်နှင်းခဲတို့ကို မည်သူဖြစ်ပွားစေသနည်း။ 30ရေသည် ကျောက်ကဲ့သို့မာကျောသွားပြီး နက်ရှိုင်းသောရေထု၏မျက်နှာပြင်သည်လည်း အေးခဲလျက်ရှိ၏။ 31ခုနစ်စင်ကြယ်စုကို သင်ချည်ထားနိုင်သလော။ သရဝဏ်ကြယ်ကြိုးကို သင်ဖြေပေးနိုင်သလော။ 32ကြယ်စုတို့ကို ရာသီအလိုက် သင်ပေါ်ထွက်စေနိုင်သလော။ ဓူဝံကြယ်ကြီးနှင့် အရံကြယ်တို့ကို သင်ထိန်းချုပ်နိုင်သလော။ 33ကောင်းကင်ဥပဒေသတို့ကို သင်သိသလော။ ထိုဥပဒေသတို့ကို မြေကြီးပေါ်တွင်လွှမ်းမိုးတည်မြဲအောင် သင်ပြုနိုင်သလော။ 34သင့်ကို မိုးရေများ ရွှဲနစ်သွားစေမည့်အကြောင်း မိုးတိမ်ကို အော်ခေါ်ပြီး အမိန့်ပေးနိုင်သလော။ 35လျှပ်စီးကြောင်းတို့ကို သင်စေလွှတ်နိုင်သလော။ လျှပ်စီးကြောင်းတို့က သင့်ကို ‘အကျွန်ုပ်တို့ရှိပါသည်’ဟု ပြန်ပြောပြီး ထွက်သွားလိမ့်မည်လော။ 36ပညာရှိသောစိတ်ကို မည်သူသွင်းပေးနိုင်သနည်း။ နားလည်နိုင်သောနှလုံးသားကို မည်သူပေးသနည်း။ 37မိုးတိမ်များကို ရေတွက်နိုင်လောက်အောင် မည်သူဉာဏ်ပညာရှိသနည်း။ ကောင်းကင်အိုးတို့ကို မည်သူသွန်ချနိုင်သနည်း။ 38ထိုအိုးတို့ကို မြေမှုန့်များ မာကျောပြီး မြေစိုင်များ စေးကပ်ကုန်သည့်အချိန်တွင် မည်သူသွန်ချနိုင်သနည်း။ 39ခြင်္သေ့မအဖို့ သားကောင်ကို သင်ဖမ်းပေးဖူးသလော။ ခြင်္သေ့ပျိုတို့ အဆာပြေအောင် သင်လုပ်ပေးနိုင်သလော။ 40သူတို့သည် တွင်းထဲ၌ဝပ်နေ၍ ချုံထဲ၌ လဲလျောင်းချောင်းမြောင်းလျက်နေစဉ်တွင် သူတို့ကို အဆာပြေစေနိုင်သလော။ 41ကျီးသားငယ်တို့ စားစရာမရှိသောကြောင့် လှည့်လည်ပျံဝဲလျက် ဘုရားသခင်ထံ အကူညီအော်ဟစ်တောင်းခံသောအခါ ကျီးကန်းအတွက် စားစရာ မည်သူပြင်ဆင်ပေးသနည်း။
Currently Selected:
ယောဘဝတ္ထု 38: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: