ယောဘဝတ္ထု 40
40
1ထာဝရဘုရားက ဆက်၍ ယောဘအား 2“အပြစ်တင်ပြောဆိုတတ်သောသူ၊ သင်သည် အနန္တတန်ခိုးရှင်ကို ဖက်ပြိုင်မည်လော။ ဘုရားသခင်နှင့် ငြင်းခုံလိုသောသူ၊ သင်ပြန်ပြောပါလော့”ဟု မိန့်တော်မူလျှင်
3ယောဘက ထာဝရဘုရားအား
4“ကြည့်ရှုလော့။ အကျွန်ုပ်သည် ယုတ်ညံ့သောသူဖြစ်ပါ၏။ ကိုယ်တော်ကို မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ အကျွန်ုပ်နှုတ်ကို လက်နှင့်ပိတ်ထားပါပြီ။ 5အကျွန်ုပ်သည် တစ်ကြိမ် နှစ်ကြိမ်မက ပြောဆိုမိပါပြီ။ ယခုမှာ နောက်ထပ်မပြောတော့ပါ”ဟု ပြန်လျှောက်၏။
6တစ်ဖန် ထာဝရဘုရားက ယောဘအား
7“ယခု ယောက်ျားပီသစွာ ခါးကိုစည်းထားလော့။ ငါမေးသောမေးခွန်းများကို ဖြေလော့။ 8သင်သည် ငါ၏စီရင်ထုံးဖွဲ့ချက်ကို ပယ်ဖျက်မည်လော။ သင့်ကိုယ်သင် ဖြောင့်မတ်ကြောင်းပြသရန် ငါ့ကို အပြစ်တင်မည်လော။ 9ငါဘုရားသခင်၏လက်ရုံးမျိုး သင်၌ရှိသလော။ မိုးချုန်းသံကဲ့သို့သောအသံမျိုး သင်၌ရှိသလော။ 10ထိုသို့ဖြစ်လျှင် သင့်ကိုယ်ကို ဂုဏ်များ၊ ထည်ဝါမှုများနှင့် တန်ဆာဆင်လိုက်ပါ။ ကျက်သရေမင်္ဂလာများနှင့် ဆင်ယင်လိုက်ပါ။ 11သင်၏ဒေါသအိုးကို ဖောက်ခွဲလိုက်ပြီး မောက်မာသောသူအပေါင်းတို့ကို မာန်စွယ်ချိုးကြည့်လိုက်ပါ။ 12မောက်မာသောသူတို့ကို နှိမ့်ချကြည့်လိုက်ပါ။ လူယုတ်မာတို့ကို သူတို့ရှိသောနေရာတွင်ပင် နင်းချေလိုက်ပါ။ 13သူတို့ကို မြေမှုန့်ထဲမှာ အတူမြှုပ်ပစ်လိုက်ပါ။ မှောင်မိုက်ထဲ၌ သူတို့မျက်နှာကို စည်းထားလိုက်ပါ။ 14ထိုသို့ပြုနိုင်လျှင် သင့်လက်ရုံးသည် သင့်ကို ကာကွယ်နိုင်ပါသည်တကားဟု ငါအသိအမှတ်ပြုမည်။ 15ဗေဟမုတ်#40:15 “ခွန်အားကြီးသောသတ္တဝါ”။ကို ကြည့်လော့။ သင့်ကိုငါဖန်ဆင်းသကဲ့သို့ သူ့ကိုလည်း ငါဖန်ဆင်းခဲ့၏။ သူသည် နွားကဲ့သို့ မြက်ကိုစား၏။ 16သူ့ခွန်အားသည် သူ့ခါး၌ရှိ၍ သူ့စွမ်းအားသည် သူ့ဝမ်းဗိုက်ကြွက်သားများ၌ ရှိ၏။ 17သူ့အမြီးသည် သစ်ကတိုးပင်ကဲ့သို့ မာကျော၏။ သူ့ပေါင်ကြောတို့သည်လည်း လိမ်ခွေယှက်ဖြာလျက် ရှိ၏။ 18သူ့အရိုးတို့သည် ကြေးဝါချောင်းများနှင့်တူ၏။ ခြေချောင်းလက်ချောင်းတို့သည်လည်း သံချောင်းနှင့်တူ၏။ 19သူသည် ဘုရားသခင်၏အဦးဆုံးဖန်ဆင်းခံလက်ရာ ဖြစ်၏။ သူ့ကိုဖန်ဆင်းထားသောအရှင်သာလျှင် ဓားဖြင့် သူ့ထံချဉ်းကပ်နိုင်၏။ 20အကယ်စင်စစ် သူ့အဖို့ အစားအစာကို တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကျက်စားရာ တောင်တန်းတို့မှ ရ၏။ 21ကြာပင်အောက်မှာ၊ စိမ့်စမ်းတောရှိ ကျူပင်အကွယ်မှာ ဝပ်နေတတ်၏။ 22ကြာပင်သည် သူ့ကို အရိပ်မိုးပေး၏။ ချောင်းနံဘေးရှိမိုးမခပင်များသည် သူ့ကိုဝိုင်းရံထား၏။ 23မြစ်ရေကြီးသော်လည်း သူသည် ထိတ်လန့်ခြင်းမရှိ။ ဂျော်ဒန်မြစ်ရေသည် သူ့နှုတ်သီးကို အရှိန်နှင့်တိုက်သွားလျှင်ပင် သူမမှုပါ။ 24သူ့ကို ပေါ်ပေါ်ထင်ထင်ဖမ်းနိုင်မည်လော။ သူ့ကိုထောင်ဖမ်းပြီး နဖားကြိုး တပ်နိုင်မည်လော။
Currently Selected:
ယောဘဝတ္ထု 40: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: