ရှင်မဿဲခရစ်ဝင် 17
17
အဆင်းသဏ္ဌာန်ပြောင်းလဲတော်မူခြင်း
1ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီယောဟန်တို့ကိုခေါ်၍ သူတို့ကို မြင့်မားသောတောင်ပေါ်သို့ သီးသန့်ခေါ်ဆောင်သွားတော်မူ၏။ 2ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းကာ ဝတ်ရုံတော်သည် အလင်းကဲ့သို့ဖြူဖွေးလာ၏။ 3မောရှေနှင့်ဧလိယတို့သည်လည်း သူတို့ရှေ့တွင်ပေါ်လာ၍ ကိုယ်တော်နှင့်စကားပြောနေကြ၏။ 4ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ ကိုယ်တော်အလိုရှိလျှင် ဤနေရာ၌ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်ဆောက်ပါမည်”ဟု ယေရှုအား လျှောက်ထားလေ၏။ 5ထိုသို့ ပေတရုလျှောက်ထားစဉ် တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှအသံတော်က “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။ သူ့စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။
6တပည့်တော်တို့သည် ထိုအသံကိုကြားလျှင် အလွန်ကြောက်ရွံ့လျက် သူတို့မျက်နှာကို မြေမှာအပ်ထားကြ၏။ 7ထိုအခါ ယေရှုသည် ချဉ်းကပ်လာ၍ သူတို့ကိုတို့ထိကာ“ထကြလော့၊ မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။ 8သူတို့သည် မော့ကြည့်ကြရာ ယေရှုတစ်ပါးတည်းမှလွဲ၍ မည်သူ့ကိုမျှ မတွေ့မြင်ကြ။ 9ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ယေရှုက“လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ ဤရူပါရုံကို မည်သူ့ကိုမျှမပြောကြနှင့်”ဟု သူတို့အား မိန့်မှာတော်မူ၏။ 10ထိုအခါ တပည့်တော်တို့က “သို့ဖြစ်လျှင် ဧလိယသည် ဦးစွာလာရမည်ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အား မေးလျှောက်ကြ၏။ 11ကိုယ်တော်ကလည်း“ဧလိယသည်လာ၍ အရာခပ်သိမ်းတို့ကို ပြန်လည်ထူထောင်မည်မှန်၏။ 12သို့သော် သင်တို့အား ငါဆိုသည်ကား ဧလိယသည်ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကိုမသိကြဘဲ သူ့အပေါ်ပြုလိုရာပြုခဲ့ကြပြီ။ ထိုနည်းတူ လူ့သားသည်လည်း သူတို့လက်၌ ဒုက္ခဝေဒနာခံစားရတော့မည်”ဟု ပြန်၍ မိန့်တော်မူ၏။ 13ထိုအခါ တပည့်တော်တို့သည် ဗတ္တိဇံဆရာယောဟန်ကိုရည်ညွှန်း၍ မိမိတို့အား ကိုယ်တော်မိန့်တော်မူကြောင်း သဘောပေါက်ကြ၏။
ဝက်ရူးပြန်ရောဂါကို ပျောက်ကင်းစေတော်မူခြင်း
14ထို့နောက် လူထုပရိသတ်ရှိရာသို့ရောက်လာကြရာ လူတစ်ဦးသည် ကိုယ်တော်ထံ ချဉ်းကပ်လာ၍ ရှေ့တော်၌ ဒူးထောက်ကာ 15“သခင်ဘုရား၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ အကြောင်းမှာ သူသည် ဝက်ရူးပြန်ရောဂါစွဲ၍ ဝေဒနာပြင်းထန်စွာခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏ လဲကျတတ်ပါ၏။ 16သို့ဖြစ်၍ သူ့ကို ကိုယ်တော်၏တပည့်တော်တို့ထံသို့ ခေါ်ဆောင်လာသော်လည်း သူတို့သည် သူ့ကိုမကျန်းမာစေနိုင်ကြပါ”ဟု လျှောက်လေ၏။
17ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ဤနေရာသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။ 18ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်အထဲမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။ 19ထိုအခါ တပည့်တော်တို့သည် သူတို့ချည်းသာယေရှုထံသို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု မေးလျှောက်ကြ၏။ 20ကိုယ်တော်ကလည်း“သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။ 21[သို့သော် ထိုနတ်မျိုးသည် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့်မဟုတ်လျှင် မထွက်တတ်]”ဟု မိန့်တော်မူ၏။
မိမိအသေခံမည့်အကြောင်း ဒုတိယအကြိမ် ကြိုတင်မိန့်တော်မူခြင်း
22သူတို့သည် ဂါလိလဲနယ်၌စုရုံးနေကြစဉ် ယေရှုက“လူ့သားသည် လူတို့၏လက်သို့အပ်နှံခြင်းခံရတော့မည်။ 23လူတို့သည်လည်း သူ့ကိုသတ်ကြလိမ့်မည်။ ထို့နောက် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူရာ တပည့်တော်တို့သည် အလွန်ဝမ်းနည်းကြ၏။
ဗိမာန်တော်အခွန်ပေးဆောင်ခြင်း
24ကပေရနောင်မြို့သို့ သူတို့ရောက်ရှိလာကြသောအခါ ဗိမာန်တော်ခွန်ကောက်ခံသောသူတို့သည် ပေတရုထံသို့လာ၍ “သင်တို့၏ဆရာသည် ဗိမာန်တော်ခွန်ကို ပေးဆောင်ပါသလော”ဟု မေးကြ၏။ 25ပေတရုက “ပေးဆောင်ပါသည်”ဟု ဖြေပြီးမှ အိမ်ထဲသို့ဝင်လာရာ ယေရှုက“ရှိမုန်၊ သင်မည်သို့ထင်မြင်သနည်း။ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် မည်သူ့ထံမှ အခွန်အကောက်များကို ကောက်ခံကြသနည်း။ မိမိတို့၏သားများထံမှလော၊သို့မဟုတ် သူတစ်ပါးတို့ထံမှလော”ဟု ပေတရုကို ဆီး၍မေးတော်မူ၏။ 26ပေတရုကလည်း “သူတစ်ပါးတို့ထံမှကောက်ခံပါသည်”ဟု လျှောက်သော် ယေရှုက“သို့ဖြစ်လျှင် သားတို့သည် ကင်းလွတ်ခွင့်ရကြ၏။ 27သို့သော် သူတို့ကိုမမှားယွင်းစေရန် ပင်လယ်သို့သွား၍ ငါးမျှားလော့။ ပထမဦးဆုံးမိသည့်ငါးကိုယူ၍ ၎င်း၏ပါးစပ်ကိုဖွင့်လျှင် သတာတဲငွေတစ်ပြားကိုတွေ့လိမ့်မည်။ ၎င်းကိုယူ၍ ငါနှင့်သင့်အတွက် သူတို့အား ပေးဆောင်လော့”ဟု မိန့်တော်မူ၏။
Currently Selected:
ရှင်မဿဲခရစ်ဝင် 17: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: