YouVersion Logo
Search Icon

တမန်တော် 7

7
သတေဖန်ရဲ့ ပြောကြားချက်
1ယဇ်ပုရောဟိတ်မင်းဟ သတေဖန်ဟို “အဲဟာ မန်ပါသလော” ဟု မေးအယ်။
2သတေဖန်ဟ၊ “ညီအကိုလို့နဲ့ အဖလို့ ငါ့စကားဟို နားထောင်ကြလော့၊ ငါလို့အဖ အာဗြဟံဟ ခါရန်မြို့နှိုက် မနေခင်၊ မေသောပေါတာမိပြေတွင် ဆိခါ၊ ဘုရားသခင်ရဲ့ ဘုန်းတော်ဟ သူ့ဆေမှာ ပေါ်လာအယ်။ 3ဘုရားသခင်ဟ ‘နင့်ရဲ့ ပြေနဲ့ နင့်ရဲ့ လူများလို့ဆေမှ ထွက်ယွေ့ ငါပြမဲ့ ပြေဟို သွားလော့’ ဟု မိန့်အယ်။ 4အဲအခါ သူဟ ခါလဒဲပြေမှ ထွက်ယွေ့ ခါရန်မြို့ဟို သွားရောက် နေထိန်အယ်။ သူရဲ့အဖ သေပင်းနောက်၊ ဘုရားသခင်ဟ အခု နင်လို့နေသော ဟေပြေဟို အဲမြို့မှ ပြောင်းစေအယ်။ 5အဲလိုလဲ ဟေပြေနှိုက် ခြေချစရာနေရာဟိုမှ အမွေအဖြစ် မပေးဘဲ သူတတ်တိုင်းနဲ့ သူ့ရဲ့ အမျိုးအနွယ်လို့အား ဟေပြေဟို အပိုင်ပေးမယ်ဟု အာဗြံဟံနှိုက် လူပဲ့သငယ်တယောက်မှ မဆိခင် သူ့အား ကတိပေးအယ်။ 6ဘုရားသခင်ဟ အေးနည်းလမ်းအားဖြင့် သူ့ဟို ပြောတာဟ ‘နင့်ရဲ့ အမျိုးအနွယ်ဟ သူတပါးပိုင်သော ပြေနှိုက် တစိမ်း ဖြစ်ကြသဖြင့်၊ သူလို့ဟ ကျွန်ခံခြင်းနဲ့ နှိပ်စက်ညှဉ်းဆဲခြင်းဟို အနှစ် ၄၀၀ ပတ်လုံး ခံရကြလိမ့်မယ်။ 7အဲလိုလဲ သူလို့ဟို အစေခံသော လူမျိုးဟိုလည်း ငါ စီရင်မယ်၊ အဲပင်းရင်မှ သူလို့ဟ အေးပြေမှ ထွက်ယွေ့ ဟေအရပ်တွင် ငါ့အား ဝတ်ပြုကြလိမ့်မယ်’ ဘုရားသခင် မိန့်အယ်။ 8အဲပင်းရင် ဘုရားသခင်ဟ ပဋိညာဉ်ရဲ့ အမှတ်လက္ခဏာတရပ် အနေဖြင့် အရေဖျားလှီးခြင်းမင်္ဂလာဟို အာဗြဟံအား အပ်ပေးအယ်။ အဲလို မို့ အာဗြဟံဟ ဣဇက်ဟို ရပင်းနောက် ဆစ်ရက်မြောက်သောနေ့တွင် သူ့အား အရေဖျားလှီးမင်္ဂလာဟို ပေးအယ်။ ဣဇက်သား ယာကုပ်၊ ယာကုပ်သားများမှာ တဆယ့်နေပါးသော မျိုးနွယ်ဖြစ်ပင်း၊ ငါလို့ရဲ့ ကျော်ကြားလဲ့ ဖိုးဖေးများ ဖြစ်ကြအယ်။
9“ယာကုပ်ရဲ့ သားလို့ဟ မိမိလို့ ညီယောသပ်အား မနာလိုသဖြင့် အဲဂုတ္တုပြေဟို ကျွန်အဖြစ် ရောင်းလိုက်ကြအယ်။ အဲလိုလဲ ဘုရားသခင်ဟ သူနဲ့အတူ ဆိယွေ့၊ 10သူ့အား ဒုက္ခဆင်းရဲအပေါင်းမှ ကယ်နှုတ်အယ်။ ဘုရားသခင်ဟ ယောသပ်အား ဉာဏ်ပညာဟို ပေးလျက် အဲဂုတ္တု ဖာရောဘုရင်ရဲ့ ဆေ့တော်တွင် မျက်နှာရစေအယ်။ ဘုရင်ဟ သူ့ဟို အဲဂုတ္တုဘုရင်ခံ အဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်အုပ်အရာဖြင့် လည်းကောင်း ခန့်ထားအယ်။ 11အဲပင်းရင် အဲဂုတ္တုပြေနဲ့ ခါနာန်ပြေလို့တွင် အစာငတ်မွတ် ခေါင်းပါးခြင်းဘေး ဆိုက်ရောက်သဖြင့် ကြီးသော ဆင်းရဲဒုက္ခ ရောက်ကုန်ကြအယ်။ ငါလို့ ဖိုးဖေးလို့မှာ အစာယေစာ မဆိကြတော့ချေ။ 12အဲလိုလဲ အဲဂုတ္တုပြေတွင် အစားအစာများ ဆိကျောန်း ယာကုပ် ကြားသောအခါ ငါလို့ရဲ့ ဖိုးဖေးများဟို ပထမအကြိမ် စေလွှတ်လိုက်အယ်။ 13ဒုတိယအကြိမ်တွင် ယောသပ်ဟ သူရဲ့ ညီအကိုလို့အား မိမိအကျောန်းဟို ဖော်ပြသဖြင့် ယောသပ်ရဲ့ မိသားစုဟို ဖာရောဘုရင် သိဆိလာအယ်။ 14အဲအခါ ယောသပ်ဟ သူ့ရဲ့ အဖ ယာကုပ်နဲ့တကွ စုစုပေါင်း ခုနေဆယ့်ငါးယောက်သော ဆွေမျိုးသားချင်းလို့ဟို အဲဂုတ္တုပြေသို့ ခေါ်အယ်။ 15အဲပင်းရင် ယာကုပ်ဟ အဲဂုတ္တုပြေဟို သွားယွေ့ အဲပြေတွင် သူနဲ့ သူရဲ့သားများ သေကြအယ်။ 16သူလို့ရဲ့ အလောင်းများဟို ရှေခင်မြို့ဟို သယ်ဆောင်ပင်း အဲမြို့နေ ဟာမော်ရဲ့ သားများဆေမှ တန်ဖိုးငွေ ပေးယွေ့ အာဗြဟံ ဝယ်ယူထားခဲ့လဲ့ လုတ်တိုင်းတွင် သင်္ဂြိုဟ်ကြအယ်။
17“ဘုရားသခင်ဟ အာဗြဟံအား ထားသော သူ့ရဲ့ ကတိတော်ဟို ပြေ့စုံစေရန် အချိန်နီးကပ်လာသောအခါ အဲဂုတ္တုပြေတွင် လူဦးရေ ရမ်းဆာ့ တိုးပွားခဲ့အယ်။ 18နောက်ဆုံးမှာ အဲဂုတ္တုပြေတွင် ယောသပ်ဟို မသိသော ဘုရင်တပါး စတင် အုပ်ချုပ်ခဲ့အယ်။ 19အဲဘုရင်ဟ ငါလို့ ဖိုးဖေးလို့ဟို လိမ်စားယွေ့ သူလို့အား နှိပ်စက်ညှဉ်းဆဲကာ၊ သူလို့ရဲ့ အောင်ငဲငယ်များအား သေစေရန် နေအိုင်ပြင်တွင် လောထားစေအယ်။ 20အဲချိန်ကာလမှာ မောရှေ မွေးလာခဲ့ပင်း၊ သူဟ ဘုရားသခင်ရဲ့ ဆေ့တော်နှိုက် ရမ်းဆာ့လှသော အောင်ငဲငယ် ဖြစ်အယ်။ သုံးလတိန်တိန် သူ့အဖရဲ့ နေအိုင်တွင် ပြုစုစောင့်ဆှောက်ခြင်းဟို ခံခဲ့ရအယ်။ 21အားပင်း သူဟ နေအိုင်ပြင်တွင် လောထားခြင်း ခံရသောအခါ ဖာရောဘုရင်ရဲ့ သမီးတော်ဟ သူ့အား ကောက်ယူပင်း မိမိသားအဖြစ် မွေးစားအယ်။ 22မောရှေဟ အဲဂုတ္တုအမျိုးသားလို့ရဲ့ အတတ်ပညာအားလုံးဟို သင်ယူယွေ့ နှလုံးရည် လက်ရုံရည်လို့ဖြင့် ပြေ့စုံသူ ဖြစ်လာအယ်။
23“သူဟ အသက်လေးဆယ် ဆိသောအခါ မိမိရဲ့ အမျိုးသားချင်းဖြစ်လဲ့ ဣသရေလအမျိုးသားလို့ ဆေဟို သွားရောက်လည်ပတ်ရန် စိတ်ပိုင်းဖြတ်အယ်။ 24အားပင်း လူတဦးဟ မတရားသဖြင့် ပြုခြင်းခံနေရတာဟို အေးသူဟ ကူညီလျက် အဲဂုတ္တုအမျိုးသားဟို ရိုက်သတ်ကာ နှိပ်စက်ခံရသူအတွက် ခလဲ့စားချေလေအယ်။ 25မောရှေဟ သူ့အားဖြင့် သူ့ရဲ့ လူလို့အား လွတ်မြောက်ခြင်းဟို ဘုရားသခင် ပေးမယ်ဖြစ်ကျောန်း သူလို့ နားလည်ကြလိမ့်မယ်ဟု ထင်ခဲ့သော်လည်း သူလို့ဟ နားမလည်ခဲ့ကြပေ။ 26နောက်တနေ့တွင် ဣသရေလ အမျိုးသားနေယောက် ရန်ဖြစ်လျက်နေတာဟို မျော်ရင် မောရှေဟ ‘လူလို့၊ နားထောင်ကြလော့၊ နင်လို့ဟ ညီအကိုချင်း ဖြစ်ပါလျက်နဲ့ ပစာကျောန့် ဟေလို့ အချင်းချင်း မတရားပြုနေကြလုန်း’ ဟု ဆိုယွေ့ ငြိမ်သက်အောန် သူလို့ကြားမှာ ဖျန်ဖြေအယ်။ 27အဲလိုလဲ မတရားသဖြင့် ပြုသူဟ မောရှေအား ဘေးဟို တွန်းဖယ်လိုက်ပင်း ‘ငါလို့အား တရားစီရင် အုပ်ချုပ်သူအဖြစ်ဖြင့် နင့်ဟို စသူ ခန့်ထားလုန်း။ 28ယမန်နေ့ဟ အဲဂုတ္တုအမျိုးသားဟို သတ်သလိုမျိုး ငါ့ဟိုလည်း သတ်လိုသလော’ ဟု မေးအယ်။ 29မောရှေဟ အေးစကားဟို ကြားသောအခါ အဲဂုတ္တုပြေမှ ထွက်ပြေးယွေ့ မိဒျန်ပြေတွင် နေထိန်လေအယ်။ သူဟ အဲပြေတွင် အောင်နီငယ် နေယောက်ဟို ရခဲ့အယ်။
30“အနှစ်လေးဆယ် ကြာပင်းနောက် သိနာတောင်အနီး တောကန္တာရတွင် မီးလောင်သော ချုံပုတ်နှိုက် ခေါန်းခင်တမန်ဟ မောရှေဆေ ထင်ဆှားလေအယ်။ 31အဲအရာဟို မျော်သောအခါ၊ မောရှေဟ ရမ်းဆာ့ အံ့ဩသဖြင့် ၎င်းဟို ကျေ့ရန် အနီးဟို တိုးလိုက်ရာ၊ 32‘ငါဟ နင့်ဖိုးဖေးလို့ရဲ့ ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်လို့ရဲ့ ဘုရား ဖြစ်အယ်’ ဟု ထာဝရဘုရားရဲ့ အသံတော်ဟို ကြားရအယ်။ မောရှေဟ တုန်လှုပ်လျက် မကျေ့ရဲဘဲ နေအယ်။ 33ထာဝရဘုရားဟ သူ့အား ‘နင်ခြေနင်းရာ အရပ်ဟ သန့်ဆှင်းသော မြေ ဖြစ်ယွေ့ နင့်ရဲ့ ဖိနပ်ဟို ချွတ်လော့။ 34ငါဟ အဲဂုတ္တုပြေနှိုက် ဆိသော ငါရဲ့ လူစုတော် နှိပ်စက်ညှဉ်းဆဲခြင်း ခံရကြတာဟို ငါ မျော်ရပီ။ သူလို့ရဲ့ ညည်းတွားသံဟိုလည်း ငါ ကြားရပီ ဖြစ်ယွေ့ သူလို့အား ကယ်နှုတ်ရန် ငါ ဆင်းလာခဲ့ပီ။ အခု လာလော့၊ နင့်ဟို အဲဂုတ္တုပြေသို့ ငါ စေလွှတ်မယ်’ ဟု မိန့်အယ်။”
35“မောရှေဟ ဣသရေလ အမျိုးသားလို့ရဲ့ ပစ်ပယ်ခြင်းဟို ခံရသူဖြစ်အယ်။ သူလို့ဟ ‘ငါလို့ဟို တရားစီရင် အုပ်ချုပ်သူအဖြစ် နင့်အား စသူ ခန့်ထားလုန်း’ ဟု မေးကြအယ်။ သူဟ လူလို့ဟို အုပ်ချုပ်ရန်နဲ့ မီးလောင်သော ချုံတွင် ထင်ဆှားသော ခေါန်းခင်တမန် တပါးရဲ့ အကူအညီဖြင့် သူလို့ လွတ်မြောက်ရေး ဆောင်ရွက်ရန် ဘုရားသခင် စေလွှတ်သောသူ ဖြစ်အယ်။ 36သူဟ အဲဂုတ္တုပြေနဲ့ ပင်လယ်နီတွင် လည်းကောင်း၊ အနှစ်လေးဆယ်ပတ်လုံး တောကန္တာရနှိုက် လည်းကောင်း အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာများဟို ပြလျက် ဣသရေလအမျိုးသားလို့ဟို အဲဂုတ္တုပြေမှ ထုတ်ဆောင်လာသူ ဖြစ်အယ်။ 37‘နင့်လူလို့ အထဲတွင် ငါ့လိုမျိုး ပရောဖက်တပါးဟို ဘုရားသခင်ဟ နင်လို့အတွက် ပေါ်ထွန်းစေလိမ့်မယ်’ ဟု ဣသရေလ အမျိုးသားလို့အား ပြောကြားခဲ့သူမှာ မောရှေပင် ဖြစ်အယ်။ 38သူဟ သိနာတောင်နှိုက် သူ့အား စကားပြောခဲ့သော ခေါန်းခင်တမန်မှ စယွေ့ ငါလို့နဲ့ ဖိုးဖေးများနဲ့အတူ တောကန္တာရတွင် ဆိသော လူအစုအဝေးထဲနှိုက် ဆိလျက် ငါလို့အား ပေးအပ်ရန် အသက်ဆှင်သော နှုတ်ကပတ်တရားဟို လက်ခံရဆိခဲ့အယ်။
39“အဲလိုလဲ ငါလို့ ဖိုးဖေးများဟ သူရဲ့စကားဟို နားထောင်လိုသောဆန္ဒ မဆိကြ။ အဲအစား၊ သူ့အား ငြင်းပယ်ခြင်းနဲ့ သူလို့ရဲ့ စိတ်နေလုံးဟ အဲဂုတ္တုပြေဟို လှည့်ပြန်ကြအယ်။ 40သူလို့ဟ ‘ငါလို့ အဆေ့ဟ သွားမယ့် ဘုရားများဟို ငါလို့အတွက် ပြုလုပ်ပေးပါ။ ငါလို့အား အဲဂုတ္တုပြေမှ ထုတ်ဆောင်လာသော ဟေမောရှေဆိုသူဟ စလို ဖြစ်နေတာဟို ငါလို့ မသိပါ’ ဟု အာရုန်အား ပြောကြအယ်။ 41အားပင်း သူလို့ဟ အဲနေ့ရက်များနှိုက် နွားသငယ် ရုပ်ထုဟို သွန်းလုပ်ယွေ့ အဲရုပ်ထုဆေသို့ ယဇ်ဟို ယူဆောင်လာကာ မိမိလို့ လက်နဲ့လုပ်သော ရုပ်ထုနှိုက် ပျော်မွေ့နေကြအယ်။ 42အေးလိုမို့ ဘုရားသခင်ဟ သူလို့ဆေမှ မျက်နှာလွှဲယွေ့ ခေါန်းခင်ရဲ့ ကြယ်များဟို ကိုးကွယ်ကြစေရန် သူလို့ဟို လောထားအယ်။ ပရောဖက် ပအုပ်များတွင် ဖော်ပြတာဟ
“အို ဣသရေလ လူမျိုးလို့၊
နင်လို့ဟ တောကန္တာရတွင်၊ အနှစ်လေးဆယ်ပတ်လုံးလုံး၊
ယဇ်ပူဇော်ရန် တိရစ္ဆာန်များနဲ့ ယဇ်များဟို ငါ့ဆေဟို ယူဆောင်လာခဲ့ဖူးသလော။
43နင်လို့ သယ်ဆောင်လာလဲ့ အရာများမှာ မောလုတ်ရဲ့ တဲနဲ့၊
နင်လို့ ဘုရား ရင်ဖန်ရဲ့ ကြယ် ဖြစ်အယ်။
အဲအရာလို့ဟ နင်လို့ ဝတ်ပြု ကိုးကွယ်ရန် သွန်းလုပ်လဲ့ ရုပ်ထုများ ဖြစ်ကြအယ်။
အေးလို့မို့ နင်လို့အား ဗာဗုလုန်မြို့ဟို ကျော်လွန်အောန် ငါ ခေါ်ဆောင်သွားလိမ့်မယ်”
44“ငါလို့ရဲ့ ဖိုးဖေးများအတွက် တောကန္တာရတွင် သက်သေခံ တဲတော် ဆိအယ်။ ၎င်းဟ မောရှေအား သူမျော်ရလဲ့ပုံစံနဲ့ အညီပြုလုပ်ရန် မြွတ်ဆိုသော အဆှင်ဟ မှာကြားလဲ့အတိုင်း ပြုလုပ်ထားသော တဲတော် ဖြစ်အယ်။ 45ငါလို့ဖိုးဖေးများဟ အေးတဲတော်ဟို ဆက်ခံပင်းနောက် သူလို့ဆေ့မှ ဘုရားသခင် မောင်းထုတ်သော လူမျိုးလို့ရဲ့ ပြေဟို ယောရှုနဲ့အတူ ချီတက် သိမ်းပိုက်ကြသောအခါ အေးတဲတော်ဟို သယ်ဆောင်သွားကြအယ်။ အေးတဲတော်ဟ ဒါဝိဒ်မင်း လက်ထက်တိုင်အောန် ဆိနေအယ်။ 46သူဟ ဘုရားသခင်ရဲ့ ဆေ့တော်တွင် မျက်နှာရယွေ့ ယာကုပ်ရဲ့ ဘုရား#၇.၄၆ ယာကုပ်ရဲ့ ဘုရား၊ တချို့ လက်ရေးမူကျမ်းများတွင် ဣသရေရဲ့ လူမျိုးများ၊ ဟူယွေ့ ပါဆိအယ်။ကျိန်းဝပ်ရာ ဗိမာန်တော်ဟို တည်ဆောက်ခွင့်ပြုရန် တောင်းဆှောက်ခဲ့အယ်။ 47အဲလိုလဲ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟို တည်ဆောက်ခွင့်ရသူမှာ ရှောလမုန်မင်းကြီး ဖြစ်အယ်။
48“အဲလိုလဲ အမြင့်ဆုံးသော ဘုရားဟ လူတည်ဆောက်သော နေအိုင်များတွင် ကျိန်းဝပ်တော်မမူ ဟု ပရောဖက် ပြောအယ်။
49“ ‘ခေါန်းခင်ဘုံဟ ငါရဲ့ ပလ္လင် ဖြစ်အယ်၊
မြေကြီးဟ ငါရဲ့ ခြေတင်ရာခုံ ဖြစ်အယ်။
နင်ဟ စလိုအိုင်ဟို ငါ့အတွက် တည်ဆောက်မလုန်း။
ထာဝရဘုရား မိန့်တာဟ
အဲဟာမဟုတ်ရင် ငါကျိန်းဝပ်ရာ အရပ်ဟ စနားမှာလုန်း။ 50ငါတတ်တိုင်းပင် ဟေအရာခပ်သိမ်းဟို ဖန်ဆင်းတာ မဟုတ်လော’ ဟု မိန့်အယ်။
51“နင်လို့ဟ စလောက် ခေါင်းမာကြလုန်း” ဟု သတေဖန်ဟ ဆက်ပြောအယ်။ “နင်လို့ဟ ဘုရားသခင်ရဲ့ တရားစကားဟို နားထောင်ရန် နင်လို့ စိတ်နေလုံးလို့ စလောက် ခိုင်မာကြလုန်း၊ နင်လို့ဟ မိမိလို့ ဖိုးဖေးများလိုမျိုး သန့်ဆှင်းသော ဝိညာဉ်တော်ဟို အမြဲတမ်း ဆန့်ကျင်ဖက်ပြု ကြအယ်။ 52နင်လို့ ဖိုးဖေးများ မနှိပ်စက်မညှဉ်းဆဲဖူးလဲ့ ပရောဖက်တပါးပါး ဆိသလော။ သူလို့ဟ ဖြောင့်မတ်သောသူ ကြွလာမဲ့အကျောန်းဟို ကြိုတင်ဟောကြားကြလဲ့ သူများဟိုပင် သတ်ခဲ့ကြအယ်။ အခု နင်လို့ဟ အဲအဆှင်ဟို သစ္စာဖောက်ယွေ့ သတ်ဖြတ်ကြပီ။ 53နင်ဟ ခေါန်းခင်တမန်များမှ တဆင့် ပေးအပ်လဲ့ ပညတ်တော်ဟို ရဆိသော်လည်း အေးပညတ်တော်ဟို မလိုက်နာကြ” ဟု ဆိုအယ်။
သတေဖန်ဟို ကျောက်ခဲနဲ့ ပေါက်သတ်ခြင်း
54ယုဒ တရားလွှတ်တော် အဖွဲ့ဝင်လို့ဟ အေးစကားဟို ကြားသောအခါ သူ့အပေါ် အူထော့ယွေ့ အံသွားကြိတ်ကြအယ်။ 55အဲလိုလဲ သတေဖန်ဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလျက် ခေါန်းခင်ဟို ကျေ့လေရာ၊ ဘုရားသခင်ရဲ့ ဘုန်းအသရေတော်ဟို လည်းကောင်း၊ ဘုရားသခင်ရဲ့ လက်ယာတော်ဖက်တွင် ယေရှု ရပ်နေတာဟို လည်းကောင်း မျော်လေအယ်။ 56သူဟ “ကျေ့ပါ၊ ခေါန်းခင် ဖွင့်လှစ်ယွေ့ လူသားဟ ဘုရားသခင်ရဲ့ လက်ယာဖက်တွင် ရပ်လျက်နေတာဟို ငါမျော်အယ်” ဟု ဆိုအယ်။
57အဲသူလို့ဟ ကျယ်စွာ ဟစ်အော်လျက် မိမိလို့ရဲ့ နားများဟို လက်နဲ့ပိတ်ပင်း သူ့ဆေဟို တရှိန်ထိုးပြေးကာ၊ 58သူ့ဟို မြို့ပြင်သို့ ဆွဲထုတ်ပင်းနောက် ကျောက်ခဲနဲ့ ပေါက်ကြအယ်။ အသိသက်သေများဟ မိမိလို့ ဝတ်လုံများဟို ရှောလု နာမယ်ဆိသူ လူရွယ်တယောက်ရဲ့ ခြေရင်းနား ချထားကြအယ်။ 59သူ့အား ကျောက်ခဲနဲ့ ပေါက်နေကြခါ သတေဖန်ဟ အဆှင့်ဟို ခေါ်ပင်း “သခင် ယေရှု၊ ငါ့ရဲ့ ဝိညာဉ်ဟို သိမ်းယူပါ” ဟု ဆုတောင်းအယ်။ 60အဲပင်းရင် သူဟ ဒူးထောက်ယွေ့ “သခင်ဘုရား၊ ဟေအပစ်ဟို သူလို့အပေါ် တင်တော်မမူပါနဲ့” ဟု အသံကျယ်စွာ ကြွေးကြော်ပင်းနောက် အသက်ချုပ်လေအယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in