YouVersion Logo
Search Icon

လုကာ 15

15
ပျောက်သောသိုး
(မဿဲ ၁၈.၁၂–၁၄)
1 # လု ၅.၂၉,၃၀ တနေ့သောအခါ အခွန်ခံများနဲ့ အပယ်ခံရသူများဟ တရားနာဖို့ရန် ယေရှုဆေဟို လာကြအယ်၊ 2ဖာရိရှဲများနဲ့ ကျမ်းတတ်ဆရာများဟ “ဟေသူဟ အပယ်ခံရသူများဟို ကြိုဆိုပင်း သူလို့နဲ့အတူတူပင် စားသောက်နေအယ်” ဟု စတင် ငြီးတွားကြအယ်။ 3အေးလို့မို့ ယေရှုဟ သူလို့ဟို ပုံဥပမာ ပြောတာဟ၊
4“နင်လို့ထဲမှာ တစုံတယောက်ဟ သိုးအကောင်တရာ ဆိယွေ့ တကောင်ပျောက်ဝါးရင် စလိုလုပ်မို့။ သူဟ ကိုးဆယ့်ကိုးကောင်လုံးဟို စားကျက်တွင် ထားခဲ့ပင်း ပျောက်ဝါးလဲ့သိုးဟို မတွေ့မချင်း လိုက်ဆာမယ် မဟုတ်လော။ 5နင်လိုက်ဆာယွေ့ တွေ့သောအခါ ပျော်ရွှင်စွာနဲ့ ပခုံးပေါ် ထမ်းယွေ့ 6နေအိုင်ဟို သယ်ပြန်လာမယ်။ အဲပင်းရင် အိုင်နီးချင်းနဲ့ မိတ်ဆွေများဟို ခေါ်ပင်း ‘ငါနဲ့အတူ ဝမ်းမြောက်ကြလော့၊ ပျောက်သော သိုးဟို ငါတွေ့ပီ’ ဟု ပြောအယ်။ 7အေးနည်းတိုင်းတိုင်း နောင်တရစရာမလိုလဲ့ ဖြောင့်မတ်သောသူ ကိုးဆယ့်ကိုးယောက်ထက် နောင်တရလဲ့ အပစ်သားတဦးအတွက် ခေါန်းခင်ဘုံနှိုက် ပိုယွေ့ ကြီးသော ဝမ်းမြောက်ခြင်းဆိလိမ့်မယ်ဟု နင်လို့အား ငါဆိုအယ်။
ပျောက်သော ဒင်္ဂါး
8“အဲဟာမဟုတ်ရင် အမျိုးသမီးတဦးနှိုက် ငွေဒင်္ဂါးဆယ်ပြားဆိပင်း တပြားပျောက်သွားအယ်။ သူမဟ မီးဖူးထွန်းယွေ့ နေအိုင်ဟို တံမျက်စဲလှည်းကာ အေးဟာဟို မတွေ့မချင်း သေချာစွာ ဆှာမယ် မဟုတ်လော။ 9သူမဟ အေးဟာဟို တွေ့သောအခါ မိတ်ဆွေနဲ့ အိုင်နီးချင်းလို့ဟို ခေါ်ပင်း ‘ငါနဲ့အတူ ဝမ်းမြောက်ကြလော့၊ ပျောက်သော ဒင်္ဂါးဟို ငါတွေ့ပီ’ ဟု ပြောအယ်။ 10အေးတိုင်းတိုင်း နောင်တရသော အပစ်သားတယောက်အတွက် ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များ ဝမ်းသာခြင်းဆိအယ်ဟု နင်လို့အား ငါဆိုအယ်” ဟု ပြောအယ်။
ပျောက်သောသား
11ယေရှု ဆက်ပြောတာဟ “လူတယောက်နှိုက် သားနေယောက် ဆိအယ်။ 12သားငယ်ဟ သူ့ဖအား ‘တို့ဖ၊ ငါရထိုက်လဲ့ အမွေဟို ခွဲပေး’ ဟု ပြောအယ်။ အဲလိုမို့ သူဟ သားနေယောက်အား သူရဲ့ ဥစ္စာပစ္စည်းများဟို ခွဲဝေပေးလေအယ်။ 13အဲပင်းရင် ရက်ကတစ်ကြာရင် သားငယ်ဟ သူ့ဥစ္စာများဟို ရောင်းချယွေ့ ရသောငွေဟို ယူပင်းရင် ဝေးလှသော ပြေဟို ထွက်သွားအယ်။ သူဟ ဝေးလှသော တိုင်းပြေဟို သွားပင်း သူ့ပိတ်ဆန်ဟို မဆင်မခြင် နေထိန်မှုဖြင့် ဖြုန်းလောပလိုက်အယ်။ 14သူ့ဆိသမျှလို့ဟို အကုန် သုံးဖြုန်းလိုက်အယ်။ အဲပင်းရင် အေးပြေတွင် အငတ်ဘေး ဆိုက်သဖြင့် သူဟ ပစာမျှ မဆိသဖြင့် ငတ်ပြတ်လေအယ်။ 15အေးလို့မို့ အဲပြေသားတယောက်ဆေဟို သွားပင်း အလုပ်ဆှာရင်၊ အေးသူဟ ဝက်ကျောင်းဖို့ သူ့လယ်ဟို လွှတ်လိုက်အယ်။ 16သူဟ ဝက်များစားနေလဲ့ ပဲတောင့်များဖြင့် မိမိဖိုက်ဟို ဖြေ့ရန် တောင့်တခဲ့အယ်၊ အဲလိုလဲ စသူဟမျှ သူ့ဟို စားစရာမပေးခဲ့ချေ။ 17နောက်ဆုံးနှိုက် သူ့အသိစိတ် ဝင်လာပင်း ‘တို့ဖအိုင်မှ အလုပ်သမားများဟ ဝလင်စွာ စားရယွေ့၊ ငါဟ ဟေနေရာနှိုက် ရမ်းဆာ့ ငတ်ပြတ် နေရပါအယ်။ 18ငါထယွေ့ တို့ဖဆေ ပြန်ပင်း တို့ဖ၊ ငါဟ ဘုရားသခင်နဲ့ တို့ဖဟို ဆန့်ကျင်ယွေ့ အပစ်လုပ်မိပါပီ။ 19တို့ဖရဲ့သားဆိုပင်း အခေါ်မခံထိုက်တော့ပါ၊ ငါ့ဟို နင့်ရဲ့ အလုပ်သမားတဦးအဖြစ် ထားပေးမန့်’ ဟု ဆိုအယ်။ 20အဲပင်းရင် သူဟ ထယွေ့ သူ့ဖဆေဟို ပြန်သွားအယ်။
“သူဟ အဝေးမှာ ဆိနေတုန်းပင် သူ့ဖဟ သူ့ဟို မျော်သောအခါ သနားသောစိတ်ဖြင့် ပြေးယွေ့ ကွေ့ပင်းရင် နမ်းကလေအယ်။ 21သားဟ ‘တို့ဖ၊ ငါဟ ဘုရားသခင်နဲ့ တို့ဖဟို ဆန့်ကျင်ယွေ့ အပစ်လုပ်မိပါပီ။ အေးလို့မို့ တို့ဖသားလို့ မခေါ်ထိုက်တော့ပါ’ ဟု ပြောအယ်။ 22အဲလိုလဲ အဖဟ သူရဲ့ အစေခံများဟို ‘အကောင်းဆုံးသော ဝတ်လုံဟို မြန်မြန်ယူပင်း သူ့ဟို ဝတ်ပေးလိုက်ကြ။ သူ့လက်မှာ လက်စွပ်ဟို စွပ်ပေးပင်း ဖိနပ်ဟို စီးပေးလိုက်ကြ။ 23အဲပင်းရင် ဝဖီးနေသော နွားသငယ်ဟို သွားယူပင်း သတ်ကြလော့၊ ငါလို့ ပွဲဟို ဆင်နွှဲကြစို့။ 24ငါ့သားဟ မခင်ဟ သေခဲ့ပေမဲ့လည်း အခု သူဟ ပြန်ဆှင်လာအယ်။ မခင်ဟ ပျောက်ဆုံးခဲ့ပေမဲ့လည်း အခု ပြန်ယွေ့ တွေ့ပီ’ ဟု ဆိုလေအယ်။ အဲပင်းရင် သူလို့ဟ ပျော်မွေ့ခြင်းဟို ပြုကြအယ်။
25“အေးအချိန်တွင် သားအကြီးယောက်ဟ လယ်တောထဲ ရောက်ဆိနေအယ်။ သူပြန်လာယွေ့ နေအိုင်နားနီးလာသောအခါ တီးမှုတ်သံနဲ့ ကခုန်သံဟို ကြားရလေအယ်။ 26အေးအခါ အစေခံတယောက်ဟို ခေါ်ယွေ့ ‘ပစာရီး လုပ်နေကြနှင်း’ ဟု မေးအယ်။ 27အစေခံဟ ‘နင့်ညီ ပြန်လာလို့ရီး’ ‘သူဟ ဘေးနဲ့ ကင်းလွတ်ပြန်လာသောကျောန့် ဝအောန်မွေးလဲ့ နွားသငယ်တကောင်ဟို သတ်ပါပီ’ ဟု ဖြေအယ်။ 28သားကြီးဟ ရမ်းဆာ့ အူထော့ယွေ့ အိုင်ထဲ မဝင်ဘဲနေအယ်။ သူ့ဖဟ သူ့ဆေဟို သွားပင်း အိုင်ထဲဝင်ဖို့ ချော့ပြောလေအယ်။ 29သားကြီးဟ ‘ကျေ့မန့်၊ ငါဟ နှစ်ပေါင်းများစွာ အဖအတွက် အစေခံလို အလုပ်လုပ် ပေးခဲ့အယ်၊ အဖရဲ့ အမိန့်ဟို တခါမှ မငြင်းဆန်ဖူးဝူး။ အဖ ငါ့အတွက် ပစာပေးခဲ့လဲ။ ငါ့သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားဖို့ ဆိတ်သငယ်တကောင်ဟိုမှ မပေးဝူး။ 30တို့ဖရဲ့ ဥစ္စာပစ္စည်းတွေဟို ပြေ့တန်ဆာမလို့နဲ့ သုံးဖြုန်းခဲ့လဲ့ အဖရဲ့ ဟေသား နေအိုင်ပြန်လာသောအခါ သူ့အတွက် ဝအောန်မွေးဟားလဲ့ နွားသငယ်ဟို သတ်လိုက်အယ်’ ဟု ပြောလေအယ်။ 31အဖဖြစ်သူဟ ‘ငါ့သား၊ နင်ဟ ငါနဲ့အမြဲ တူတူနေအယ်။ ငါ့ဥစ္စာပစ္စည်းဆိသမျှဟ နင့်ဟာဖြစ်အယ်။ 32အဲလိုလဲ နင့်ညီဟ သေဆုံးခဲ့ပေမဲ့လည်း အသက်ဆှင်လာအယ်။ ပျောက်သွားခဲ့ပေမဲ့လည်း ပြန်တွေ့ရပီ။ အေးလို့မို့ ငါလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲခဲ့ကြအယ်’ ” ဆိုပင်း ပြန်ဖြေအယ်။

Currently Selected:

လုကာ 15: NTDNB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in