YouVersion Logo
Search Icon

လုကာ 21

21
မုဆိုးမအလှူငွေ
(မာကု ၁၂.၄၁–၄၄)
1ယေရှုဟ ပတ်ပတ်လည်ဆိ ငွေကြေးကြွယ်ဝသော သူလို့ဟ သူလို့ရဲ့ အလှူငွေဟို ဘဏ္ဍာတိုက်ထဲဟို အလှူငွေများ ထည့်ဝင်ကြတာဟို မျော်အယ်၊ 2ဆင်းရဲသော မုဆိုးမတယောက်ဟလည်း ကြေးပြားနေပြားဟို သွင်းချတာဟို မျော်လေအယ်။ 3ကိုယ်တော်ဟ “ငါအမန်ပြောတာဟ ဆင်းရဲသော မုဆိုးမဟ တခြားသူအပေါင်းလို့ထက် ပိုယွေ့ ထည့်ဝင်လှူဒါန်းလေပီ။ 4တခြားသူလို့ဟ မိမိလို့ရဲ့ ဥစ္စာပစ္စည်းထဲမှ ပေးလှူကြအယ်။ ဟေအမျိုးသမီးကမူ ဆင်းရဲလျက်နဲ့ မိမိရဲ့ ချွေးနှဲစာဆိသမျှဟိုပင် ပေးလှူပီ” ဟု ပြောလေအယ်။
ယေရှုဟ ဗိမာန်တော် ပြိုပျက်မဲ့အကျောန်း ပြောဆိုခြင်း
(မဿဲ ၂၄.၁,; မာကု ၁၃.၁,)
5တဘဲ့တော်အချို့လို့ဟ ဗိမာန်တော်ဟ လှပသော ကျောက်တုံးများနဲ့ ပူဇော်ဆက်ကပ်ထားလဲ့ ဝတ္ထုပစ္စည်းများဖြင့် အလွန် လှပတင့်တယ်လျက် ဆိကျောန်း ပြောဆိုကြအယ်။ 6အဲအခါ ကိုယ်တော်ဟ “နင်လို့ မျော်ခဲ့ကြရလဲ့ အရာအားလုံးလို့ဟ ပြိုကျရလိမ့်မယ်။ ကျောက်တုံးတတုံးမျှ နဂိုနေရာတွင် တင်ယွေ့ မကျန်ရစ်လဲ့တိုင်အောန် ပြိုပျက်ရလဲ့ အချိန်ကာလ ရောက်လိမ့်မယ်” ဟု ပြောလေအယ်။
ဆင်းရဲဒုက္ခနဲ့ နှိပ်စက်ညှဉ်းဆဲခြင်း
(မဿဲ ၂၄.၃–၁၄; မာကု ၁၃.၃–၁၃)
7သူလို့ဟ “ဆရာ” “ဟေအမှုအရာများဟ ပစာကာလတွင် ဖြစ်ပျက်ပါမလုန်း။ ဟေအမှုအရာများ ဖြစ်ပျက်ချိန်နှိုက် စလို နိမိတ်များ ပေါ်ထွန်းပါမလုန်း” ဟု မေးကြအယ်။
8ယေရှုဟ “နင်လို့ဟ လှည့်စားခြင်း မခံရကြစေရန် သတိပြုကြလော့။ အကျောန်းမှာ ငါ့နာမဟို အမှီပြုယွေ့ ‘ငါဟ အဲသူဖြစ်အယ်၊ အချိန်နီးကပ်လာပီ’ ဟု ဆိုလျက် လာကြလိမ့်မယ်။ အေးသူလို့ရဲ့ နောက်ဟို မလိုက်ကြနဲ့။ 9နင်လို့ဟ စစ်ပွဲများနဲ့ ပုန်ကန်တော်လှန်မှုသတင်းများဟို ကြားကြသောအခါ မထိတ်လန့်ကြနဲ့။ ဟေအမှုအရာများဟ ဦးရင်ဆုံး ဖြစ်ပျက်ရမယ်၊ အဲလိုလဲ အဆုံးချိန်မှာ မရောက်သေး” ဟု ပြောအယ်။
10အဲပင်းရင် ကိုယ်တော်ဟ “လူတမျိုးနဲ့ တမျိုး၊ နိုင်ငံတနိုင်ငံနဲ့တနိုင်ငံ ရန်ဖက်ပြုကြလိမ့်မယ်။ 11နေရာအနှံ့အပြားတွင် မြေငလျင်ပြင်းထန်စွာ လှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ အနာရောဂါကပ်ဆိုက်ခြင်းလို့ ဖြစ်လိမ့်မယ်၊ ခေါန်းခင်တွင် ကြောက်မက်ဖွယ်သောအရာများနဲ့ ကြီးစွာသော နိမိတ်လို့ဟ ပေါ်ထွန်းကြလိမ့်မယ်။ 12အဲလိုလဲ ဟေအမှုအရာများ မဖြစ်ပျက်ခင် လူလို့ဟ နင်လို့အား ဖမ်းဆီးညှဉ်းဆဲကြလိမ့်မယ်၊ နင်လို့အား တရားဇရပ်များတွင် တရားစီရင်ရန် အပ်နှံယွေ့ ထောင်များတွင် အကျဉ်းချ ထားကြလိမ့်မယ်၊ နင်လို့ဟ ငါရဲ့နာမကျောန့် ဘုရင်များနဲ့ အာဏာပိုင်များရဲ့ ဆေ့မှောက်သို့ ရောက်ရကြလိမ့်မယ်။ 13ဟေအရာအားဖြင့် နင်လို့ဟ သတင်းကောင်းဟို သက်သေခံရန် အခွင့်ရေးရကြလိမ့်မယ်။ 14မိမိလို့တတ်တိုင်း ပစာလိုချေပရမယ်ဟို ကြိုတင်ယွေ့ မစိုးရိမ်ဖို့ စိတ်ဟို ဆုံးဖြတ်ထားကြလော့။ 15ပစာကို့ နင့်ရန်သူအပေါင်းလို့ဟ မငြင်းခုံ အဲဟာမဟုတ်ရင် မဟန့်တားနိန်သော နှုတ်သတ္တိနဲ့ ဉာဏ်သတ္တိဟို ငါပေးလိမ့်မယ်။ 16နင်လို့အား နင့်မေ့နဲ့နင့်ဖ၊ ညီအကို၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းများဟ ရန်သူလို့လက်ဟို အပ်လိုက်ကြလိမ့်မယ်၊ အချို့လို့ဟို အသေသတ်ကြလိမ့်မယ်။ 17လူအပေါင်းလို့ဟ ငါ့နာမကျောန့် နင်လို့ဟို မုန်းတီးကြလိမ့်မယ်။ 18အဲလိုလဲ နင်လို့ ဦးခေါင်းဟ ဆံပင်တပင်မျှ မပျက်စီးရ။ 19နင်လို့ဟ တည်ကြည်သောအားဖြင့် နင်လို့ အသက်ဟို ရဆိကြလိမ့်မယ်။
ယေရှုဟ ယေရုရှလင်မြို့ ပျက်စီးမဲ့အကျောန်း ပြောကြားခြင်း
(မဿဲ ၂၄.၁၅–၂၁; မာကု ၁၃.၁၄–၁၉)
20“ယေရုရှလင်မြို့ဟို စစ်တပ်များ ဝန်းရံပိတ်ဆို့လျက်ဆိတာဟို နင်လို့မျော်သောအခါ အေးမြို့ဟ ပျက်စီးခြင်းသို့ ရောက်လုတာဟို သိမှတ်ကြလော့။ 21အဲအခါ ယုဒပြေဆိ လူလို့ဟ တောင်များပေါ်သို့ ပြေးစေ၊ မြို့ထဲမှာဆိသူလို့ဟ မြို့ပြင်သို့ ထွက်ကြစေ၊ တောရွာများတွင် ဆိသောသူလို့ဟို မြို့ထဲသို့ မဝင်စေနဲ့။ 22ပစာကို့ အေးနေ့ရက်ကာလဟ ကျမ်းစာတွင် ပြောထားချက်များ ပြေ့စုံလာစေရန် ‘အပစ်ဒဏ်စီရင်ရာ နေ့ရက်များ’ ဖြစ်အယ်။ 23အဲကာလတွင် လူပဲ့စွဲသော အမျိုးသမီးနဲ့ နို့စို့လူပဲ့ဆိသော မိခင်လို့အတွက် အကျိုးနည်းပေလိမ့်မယ်။ ယုဒပြေတွင် ဒုက္ခအကြီးအကျယ်ရောက်ယွေ့ ပြေသူပြေသားလို့အပေါ် ဘုရားသခင်ရဲ့ အမျက်တော် ကျရောက်လိမ့်မယ်။ 24အချို့သောသူလို့ဟ ထားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မယ်။ တချို့အခြားတိုင်းပြေများဟို စစ်သုံ့ပန်းများအဖြစ် ဖမ်းသွားကြလိမ့်မယ်။ လူမျိုးခြားလို့ဟ မိမိလို့ အချိန်ကာလ မပြေ့စုံမချင်း ယေရုရှလင်မြို့ဟို ခြေနဲ့နင်းကြလိမ့်မယ်။
လူသားကြွလာမယ့်အကျောန်း
(မဿဲ ၂၄.၂၉–၃၁; မာကု ၁၃.၂၄–၂၇)
25 # ဗျာ ၆.၁၂,၁၃ “အဲအခါ နေ၊ လ၊ ကြယ်နက္ခတ်လို့နှိုက် ထူးဆန်းသော နိမိတ်များ ထင်ဆှားလိမ့်မယ်။ ကမ္ဘာပေါ်တွင် လူမျိုးအပေါင်းလို့ဟ ပင်လယ်လှိုင်းတံပိုးကြီးခြင်းကျောန့် ကြောက်ရွံ့စိတ်ပျက်ကြလိမ့်မယ်။ 26လူလို့ဟ ကမ္ဘာပေါ်တွင် ဖြစ်လာလိမ့်မယ်ဖြစ်သော ဘေးများဟို တွေးမျော်ယွေ့ ကြောက်လန့်ကာ မူးဝေကြလိမ့်မယ်၊ အံ့ဖွယ်သော ခေါန်းခင်နက္ခတ်တာရာလို့ဟ တုန်လှုပ်ကြလိမ့်မယ်။ 27#ဗျာ ၁.၇အဲအခါ မိုးချေးသားဟို စီးယွေ့ ကြီးစွာသော ဘုန်းတန်ခိုးဟို ဆောင်လျက် လူသားကြွလာတာဟို မျော်ရလိမ့်မယ်။ 28ဟေအမှုအရာများ ဖြစ်ပျက်လာသောအခါ နင်လို့အား ရွေးနှုတ်ကယ်တင်မယ့် အချိန်ကာလဟ နီးကပ်လာပီ ဖြစ်သောကျောန့် နင်လို့ ခေါင်းဟို မော့ယွေ့ မျော်ကျေ့ကြလော့” ဟု ပြောလေအယ်။
သင်္ဘောသဖန်းပင်မှ သင်ခန်းစာ
(မဿဲ ၂၄.၃၂–၃၅; မာကု ၁၃.၂၈–၃၁)
29အဲပင်းရင် ယေရှုဟ သူလို့အား ပုံဥပမာဆောင်ယွေ့ “သင်္ဘောသဖန်းပင်နဲ့ တခြား သစ်ပင်လို့ဟို ကျေ့ကြလော့။ 30အဲအပင်များ ရွက်နုပေါက်သောအခါ နွေကာလ နီးတာဟို နင်လို့ဟ ကိုယ့်တတ်တိုင်းကိုယ် နားလည်တတ်အယ်။ 31အဲလိုမျိုးပင် ဖော်ပြခဲ့သော အကျောန်းအရာများ ဖြစ်ပျက်လျက် ဆိတာဟို တွေ့မျော်ရသောအခါ ဘုရားသခင်ရဲ့ နိုင်ငံတော်တည်လုနီးပီဟု သိမှတ်နားလည်ကြလော့။
32“ငါ အမန်ပြောတာဟ ဟေအမှုအရာအားလုံးတို့ မဖြစ်ပျက်သေးခင် အခု အသက်ဆှင်နေသူအားလုံး သေလွန်ရလိမ့်မယ် မဟုတ်။ 33ခေါန်းခင်နဲ့ မြေကြီး ကွယ်ပျောက်သွားလိမ့်မယ်၊ အဲလိုလဲ ငါ့စကားဟ စလိုမျှ ကွယ်ပျောက်လိမ့်မယ် မဟုတ်။
သတိနဲ့ စောင့်နေရန် လိုအပ်ခြင်း
34“နင်လို့ဟ ကိုယ်ကိုကိုယ် သတိပြုကြလော့။ အေးလို့မဟုတ် အစားသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နေလုံး ပင်ပန်းလျက်နေစဉ် အဲနေ့ရက်ဟ အမှတ်တမဲ့ နင်လို့ဆေ ရောက်လာလိမ့်မယ်။ 35အေးနေ့ရက်ဟ ကမ္ဘာပေါ်ဆိ လူအပေါင်းလို့ အပေါ်ဟို ရောက်လာလိမ့်မယ်။ 36အေးလိုမို့ ကျရောက်လာလိမ့်မယ် ဖြစ်သော အမှုအရာလို့နဲ့ ကင်းလွတ်ယွေ့ လူသားရဲ့ ဆေ့နှိုက် မတ်တတ်ရပ်နိန်ရန် နိုးနိုးကြားကြား ဆိပင်း အစဉ် ဆုတောင်းလျက် စောင့်နေကြလော့” ဟု ပြောလေအယ်။
37 # လု ၁၉.၄၇ ယေရှုဟ နေ့ဖက်တွင် ဗိမာန်တော်နှိုက် ဟောပြောသွန်သင်ပင်းရင် ညနေခင်းများနှိုက် သံလွင်တောင်ဟု နာမယ်တွင်သော တောင်ပေါ်ဟို သွားယွေ့ ညဟို လွန်စေအယ်။ 38နက်စာစောစောတွင် လူအပေါင်းလို့ဟ ဗိမာန်တော်ဟို သွားယွေ့ ကိုယ်တော်နားတွင် တရားတော်ဟို နားထောင်ကြအယ်။

Currently Selected:

လုကာ 21: NTDNB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in