YouVersion Logo
Search Icon

လုကာ 23

23
ယေရှုအား ပိလတ်မင်းဆေဟို ပို့ဆောင်ကြခြင်း
(မဿဲ ၂၇.၁,,၁၁–၁၄; မာကု ၁၅.၁–၅; ယောဟန် ၁၈.၂၈–၃၈)
1အဲပင်းရင် တရားလွှတ်တော်တဖွဲ့လုံးဟ ထယွေ့ ယေရှုအား ပိလတ်မင်းဆေဟို ခေါ်ဆောင်သွားကြအယ်။ 2အဲပင်းရင် သူလို့ဟ “ဟေသူဟ ပြေသူလို့အား လမ်းလွဲစေရန် ဧကရာဇ်မင်းအား အခွန်တော် မပေးဆက်နဲ့ဟု ပြောဆိုပင်း ကိုယ့်တတ်တိုင်းကိုယ် မေဆှိယ တည်းဟူသော ဘုရင်တပါး ဖြစ်ကျောန်း သူလို့အား ပြောဆိုတာဟို ငါလို့ တွေ့ဆိရပါအယ်” ဟု ကိုယ်တော်ဟို စတင် စွပ်စွဲကြအယ်။
3ပိလတ်မင်းဟ ကိုယ်တော်အား “နင်ဟ ယုဒဘုရင် ဟုတ်လော” ဟု မေးအယ်။
ယေရှုဟ “မင်းကြီး မေးလဲ့အတိုင်း မန်အယ်” ဟု ပြန်ဖြေလေအယ်။
4အဲပင်းရင် ပိလတ်မင်းဟ “ဟေလူအား စွဲချက်တင်ရန် အကျောန်းတစုံတခုမျှ ငါ မတွေ့” ဟု ယဇ်ပုရောဟိတ်ကြီးများနဲ့ လူအပေါင်းလို့အား ဆိုအယ်။
5အဲလိုလဲ သူလို့ဟ “သူရဲ့ သွန်သင်ချက်ကျောန့် ယုဒပြေ တဝှမ်းလုံးဆိ လူများကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်လျက် ဆိအယ်။ ဂါလိလဲပြေနှိုက် စတင်ယွေ့ အခု ဟေအရပ်သို့ ရောက်လေပီ” ဟု ပိုယွေ့ပင် အသံကျယ်စွာ အော်ယွေ့ စွပ်စွဲကြအယ်။
ယေရှုအား ဟေရုဒ်မင်းဆေဟို ပို့ဆောင်ခြင်း
6ပိလတ်မင်းဟ ဂါလိလဲဟူသော စကားဟို ကြားရင် “ဟေသူဟ ဂါလိလဲပြေသား ဟုတ်လော” ဟု မေးအယ်။ 7ဟေရုဒ်အုပ်စိုးသော ဂါလိလဲပြေသား ဖြစ်ကျောန်းဟို သိရင် ယေရှုအား ဟေရုဒ်မင်းဆေဟို ပို့ကြအယ်။ အဲအချိန်အခါဟ ဟေရုဒ်မင်း ယေရုရှလင်မြို့မှာ ရောက်ဆိနေလဲ့အချိန် ဖြစ်လေအယ်။ 8ဟေရုဒ်မင်းဟ ယေရှုဟို မျော်သောအခါ ရမ်းဆာ့ ဝမ်းသာလေအယ်။ ကိုယ်တော်ရဲ့ သတင်းဟို များစွာ ကြားခဲ့ရသဖြင့် ကိုယ်တော်အား တွေ့မျော်လိုတာ ကြာနေပီ။ ယေရှုပြလဲ့ နိမိတ်လက္ခဏာတခုခုဟို တွေ့မျော်ရလိမ့်မယ်ဟု မျှော်လင့်နေအယ်။ 9ဟေရုဒ်မင်းဟ ယေရှုဟို မေးခွန်းများစွာ မေးအယ် အဲလိုလဲ ကိုယ်တော်ဟ ဖြေကြားခြင်း မဆိပေ။ 10ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ ဆေ့ဟို လာယွေ့ ယေရှုအား အပြင်းအထန် စွပ်စွဲ ပြောဆိုကြအယ်။ 11ဟေရုဒ်မင်းနဲ့ သူရဲ့ စစ်သားများဟ ယေရှုအား မထီမဲ့မြင်လုပ်ယွေ့ ကဲ့ရဲ့ကြအယ်၊ အဲပင်းရင် တင့်တယ်သော အဝတ်ဟို ဝတ်စေပင်းရင် ပိလတ်မင်းဆေသို့ သူ့ဟို လဲ့ပြန်ပို့လိုက်အယ်။ 12အဲနေ့နှိုက် ပိလတ်မင်းနဲ့ ဟေရုဒ်မင်းလို့ဟ အချင်းချင်း မိတ်ဆွေဖွဲ့ကြအယ်၊ အရင်တုန်းခါဟ သူလို့ဟ ရန်ဖက်ဖြစ်ကြအယ်။
ယေရှုဟို သေဒဏ်စီရင်ကြခြင်း
(မဿဲ ၂၇.၁၅–၂၆; မာကု ၁၅.၆–၁၅; ယောဟန် ၁၈.၃၉—၁၉.၁၆)
13ပိလတ်မင်းဟ ယဇ်ပုရောဟိတ်ကြီးများ၊ ယုဒခေါင်းဆောင်များနဲ့ ယုဒအမျိုးသားများဟို စုဆုံစေအယ်။ 14အေးပင်းနောက် သူလို့အား “ဟေသူဟ ပြေသူလို့ဟို ပုန်ကန်ရန် လှုံ့ဆော်သူဖြစ်တာဟု ဆိုယွေ့ သူ့အား နင်လို့ဟ ငါ့ဆေဟို ခေါ်ခဲ့အယ်။ နင်လို့ဆေ့မှာ ငါ စစ်ဆေးခဲ့ပင်း နင်လို့ တင်သော အပစ်တစုံတခုဟိုမှ အေးသူနှိုက် ငါမတွေ့။ 15ဟေရုဒ်မင်းဟလည်း မတွေ့။ အေးလိုမို့ သူ့ဟို ငါလို့ဆေဟို ပြန်ပို့စေအယ်။ ဟေသူဟ သေဒဏ်ခံထိုက်သော အပစ်တစုံတရာဟိုမျှ မကျူးလွန်ခဲ့ချေ။ 16အေးလိုမို့ သူ့ဟို ကြိမ်ဒဏ်ဖြင့် ဆုံးမယွေ့ လွှတ်လိုက်မယ်” ဟု ဆိုအယ်။ 17#၂၃.၁၇ တချို့ လက်ရေးမူများတွင် အခန်းငယ် ၁၇ ဟို၊ ပသခါပွဲတိုင်းတွင် ပိလတ်ဟ သူလို့အတွက် ထောင်သားတဦးဟို လွှတ်ပေးခဲ့လဲ့ စလေ့ဆိအယ်၊ ဟု ထပ်ပေါင်းထားအယ် (ရှု မာ ၁၅.၆)။
18လူအုပ်ကြီးဟ “ဟေလူဟို သေဒဏ်ပေးပါ၊ ငါလို့အတွက် ဗာရဗ္ဗဟို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ” ဟု ဝိုင်းအော်ကြအယ်။ 19အေးဗာရဗ္ဗမှာ မြို့နှိုက် ပုန်ကန်ခြင်း အပစ်၊ လူအသက်ဟို သတ်ခြင်း အပစ်ကျောန့် ထောင်ထဲကျနေသောသူ ဖြစ်လေအယ်။
20ပိလတ်မင်းဟ ယေရှုအား လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ယွေ့ လူအုပ်ကြီးအား တခါ တင်ပြလေအယ်။ 21အဲလိုလဲ သူလို့ဟ “သူ့ဟို လက်ဝါးကပ်တိုင်မှာ တင်မန့်၊ သူ့ဟို လက်ဝါးကပ်တိုင်မှာ တင်မန့်” ဟု အော်ဟစ်ကြအယ်။
22ပိလတ်မင်းဟ “သူဟ စလိုပစ်မှုဟို ကျူးလွန်လို့လုန်း၊ သူ့ဟို သေဒဏ်ပေးထိုက်သော အကျောန်း တခုတလေမှ ငါ မတွေ့။ အေးလိုမို့ သူ့ဟို ကြိမ်ဒဏ်ပေးယွေ့ လွှတ်လိုက်မယ်” ဟု သုံးခါမြောက် ပြောလေအယ်။
23အဲလိုလဲ လူလို့ဟ ယေရှုအား လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ရန် အားကုန်အော်က တောင်းဆိုကြသဖြင့် နောက်ဆုံးတွင် တောင်းဆိုချက် ရသွားလေအယ်။ 24ပိလတ်မင်းဟ သူလို့တောင်းဆိုချက်အတိုင်း စီရင်ချမှတ်လိုက်အယ်။ 25ပုန်ကန်ထကြွမှု၊ လူသတ်မှုကျောန့် ထောင်ထဲရောက်နေသောသူဟို လူများ တောင်းဆိုလဲ့အတိုင်း လွှတ်ပေးပင်းရင် ယေရှုဟို သူလို့ လုပ်ချင်သမျှအတိုင်း လုပ်ကြစေဖို့ အပ်လိုက်အယ်။
ကိုယ်တော်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြခြင်း
(မဿဲ ၂၇.၃၂–၄၄; မာကု ၁၅.၂၁–၃၂; ယောဟန် ၁၉.၁၇–၂၇)
26စစ်သားများဟ ယေရှုဟို ထုတ်ဆောင်သွားကြချိန်တွင် တောရွာမှလာသော ကုရေနေပြေသား ရှိမုန်ဟို မျော်ကြအယ်။ သူလို့ဟ ရှိမုန်ဟို ဖမ်းဆီးယွေ့ လက်ဝါးကပ်တိုင်ဟို ပေးထမ်းပင်းရင် ယေရှုရဲ့ နောက်တော်မှ လိုက်လာစေကြအယ်။
27လူအုပ်ကြီးဟ နောက်တော်မှ လိုက်လာကြအယ်။ အမျိုးသမီးအချို့လို့ဟ မိမိလို့ရင်ဖတ်ဟို တီးယွေ့ ငိုကြွေးလျက် လိုက်ကြအယ်။ 28ယေရှုဟ အေးအမျိုးသမီးလို့ဖက်ဟို လှည့်ယွေ့ “ယေရုရှလင်မြို့သူလို့ ငါ့ဖို့ မငိုကြွေးကြနဲ့။ နင်လို့နဲ့ နင်လို့ လူပဲ့သငယ်များဖို့အတွက်သာ ငိုကြွေးကြလော့။ 29‘လူပဲ့မဆိ မြုံသောမိန်းမဟ မင်္ဂလာဆိအယ်။ လူပဲ့ မစွဲဖူးသောဝမ်းနဲ့ လူပဲ့ မစို့ဖူးသော သားမြတ်ဟ မင်္ဂလာဆိအယ်’ ဟု ပြောရသောနေ့ရက်အချိန် ရောက်လာလိမ့်မယ်။ 30#ဗျာ ၆.၁၆အဲအချိန်တွင် လူလို့ဟ တောင်များဟို ‘ငါလို့ အပေါ်ဟို ပြိုလဲကျမန့်’ ဟူယွေ့ လည်းကောင်း၊ တောင်ကုန်းများအား ‘ငါလို့ဟို အုပ်ပလိပ်မန့်’ ဟု ခေါ်ကြလိမ့်မယ်။ 31စိမ်းစိုသော အပင်ဟို ဟေလို့ပြုကြပါဟ ခြောက်သွေ့သော အပင်တွင် စလို ဖြစ်လိမ့်မလုန်း” ဟု ပြောလေအယ်။
32ယေရှုနဲ့အတူ ပစ်မှုကျူးလွန်သူ နေယောက်ဟိုလည်း သတ်ဖို့ရန် ထုတ်သွားကြအယ်။ 33“ဦးခေါင်းခွံ” ဟု နာမယ်တွင်သော အရပ်ဟို ရောက်သောအခါ ကိုယ်တော်နဲ့ ရာဇဝတ်သင့်သူများဟို လက်ဝါးကပ်တိုင်မှာ တင်ယွေ့ ညာဖက်တွင် တယောက်၊ ဘယ်ဖက်တွင် တယောက်ထားပင်းရင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြအယ်။ 34ယေရှုဟ “တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ”#၂၃.၃၄ တချို့ လက်ရေးမူများတွင် ယေရှုဟ “တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ” ဟု မပါဆိချေ။ ဟု မြွက်ဆိုလေအယ်။
သူလို့ဟ ကိုယ်တော်ရဲ့ အဝတ်များဟို မဲနှိုက်ယွေ့ အချင်းချင်း ခွဲယူကြအယ်။ 35လူများလို့ဟ ရပ်လျက် ကျေ့နေကြအယ် ယုဒခေါင်းဆောင်များဟ “ဟေသူဟ အခြားသူလို့ဟို ကယ်တင်ခဲ့အယ်။ ခရစ်တော် တည်းဟူသော ဘုရားသခင် ရွေးချယ်ထားသောသူမန်ရင် ကိုယ့်တတ်တိုင်းကိုယ် ကယ်တင်ပါစေ” ဟု ကဲ့ရဲ့ယွေ့ ပြောလေအယ်။
36စစ်သားများဟ ကိုယ်တော်ဟို စပျစ်ယေချဉ်ဟို တိုက်ယွေ့၊ 37“နင်ဟ ယုဒဘုရင်ဖြစ်ရင် ကိုယ့်တတ်တိုင်းကိုယ် ကယ်တင်မန့်” ဟု လှောင်ပြောင်ကြအယ်။
38ကိုယ်တော်ရဲ့ အပေါ်ဘက်နှိုက် “ဟေသူဟ ယုဒ ဘုရင် ဖြစ်အယ်” ဟု ရေးထားလေအယ်။
39လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်း ခံရသူ ရာဇဝတ်သားလို့ထဲမှ တဦးဟ “နင်ဟ ခရစ်တော် မဟုတ်လော။ နင့်တတ်တိုင်း နင်ကယ်ပင်း ငါလို့ဟိုလည်း ကယ်တင်မန့်” ဟု ကဲ့ရဲ့ပြောဆိုအယ်။
40တခြားတဦးဟ သူ့ဟို ဆုံးမယွေ့ “နင်ဟ သူနဲ့ တူညီသော ပစ်ဒဏ်စီရင်ခြင်းဟို ခံရလျက်၊ ဘုရားသခင်ဟို မကြောက်သလော။ 41ငါလို့ဟ ကိုယ်ပြုသောအပစ်နဲ့ အလျောက် ခံရတာမို့ တရားသဖြင့် ခံရကြအယ်၊ အဲလိုလဲ သူဟ ပစာအပစ်မှ မကျူးလွန်ခဲ့” ဟု ဆိုလေအယ်။ 42အဲပင်းရင် ယေရှုအား “ကိုယ်တော် နိုင်ငံတော်တည်လျက် ကြွလာသောအခါ ငါ့ဟို သတိရပါ” ဟု သူဟ ပြောအယ်။
43ယေရှုဟ သူ့အား “ငါ အမန်ပြောတာဟ ခုနေ့ပင် နင်ဟ ငါနဲ့အတူ ပရဒိသုဘုံမှာ ဆိလိမ့်မယ်” ဟု ပြောလေအယ်။
ယေရှု အသက်ချုပ်ခြင်း
(မဿဲ ၂၇.၄၅–၅၆; မာကု ၁၅.၃၃–၄၁; ယောဟန် ၁၉.၂၈–၃၀)
44-45အဲအချိန်မှာ မွန်းတည့်အချိန်လောက် ဖြစ်ယွေ့ အေးအချိန်မှစယွေ့ မွန်းလွဲသုံးနာရီအထိ မြေတပြင်လုံးတွင် နေရောင်အလင်းကွယ်ယွေ့ မိုက်အတိကျရောက်ပင်း ဗိမာန်တော် ကန့်လန့်ကာဟလည်း နေခြမ်းကွဲလေအယ်။ 46ယေရှုဟ “တို့ဖ၊ ငါရဲ့ ဝိညာဉ်ဟို ကိုယ်တော်ရဲ့ လက်ဟို အပ်အယ်” ဟု ကျယ်လောင်သောအသံဖြင့် အော်ကပင်း အသက်ချုပ်လေအယ်။
47ဟေအဖြစ်အပျက်ဟို မျော်သော တပ်မှူးဟ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းလျက် “ဟေသူဟ အမန်ပင် သူတော်ကောင်း ဖြစ်အယ်” ဟု ပြောအယ်။
48ဟေအမှုအရာဟို ကျေ့ရန် စုဝေးလာကြသော လူများဟ အေးအဖြစ်အပျက်များဟို မျော်ယွေ့၊ သူလို့အားလုံးဟ နေအိုင်ပြန်ကြပင်း သူလို့ ရင်ဘတ်ဟို တီးခတ်ကာ ဝမ်းနည်းနေကြအယ်။ 49ဂါလိလဲပြေမှ နောက်တော်ဟို လိုက်လာကြသော အမျိုးသမီးများ အပါအဝင် ယေရှုဟို သိကျွမ်းသော သူအပေါင်းလို့ဟ အဝေးမှ ရပ်ပင်း ကျေ့နေကြအယ်။
ယေရှုဟို သင်္ဂြိုဟ်ခြင်း
(မဿဲ ၂၇.၅၇–၆၁; မာကု ၁၅.၄၂–၄၇; ယောဟန် ၁၉.၃၈–၄၂)
50-51ယုဒပြေ အရိမဿဲမြို့သား ယောသပ်ဟုခေါ်သော ယုဒတရားလွှတ်တော် အဖွဲ့ဝင်တဦး ဆိအယ်။ သူဟ သူတော်ကောင်းဖြစ်လျက် ဘုရားသခင်ရဲ့ နိုင်ငံတော်တည်မဲ့ အချိန်ဟို စောင့်မျော်လျက် နေအယ်။ သူဟ တရားလွှတ်တော် အဖွဲ့ဝင်ဖြစ်သော်လည်း တရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်ဟို သဘောမတူခဲ့ပေ။ 52သူဟ ပိလတ်မင်းဆေသို့ သွားယွေ့ ယေရှုရဲ့ အလောင်းဟို တောင်းလေအယ်။ 53အဲပင်းရင် အလောင်းဟို လက်ဝါးကပ်တိုင်မှ ချယွေ့ ပိတ်ချောဖြင့် ပတ်ရစ်ကာ စသူမျှ မသင်္ဂြိုဟ်ရသော ကျောက်ဆောင်ဟို ထွင်းဟားလဲ့ လုတ်တိုင်းဂူသစ်ထဲတွင် ထားကြအယ်။ 54အဲနေ့ဟ သောကြာနေ့ ဖြစ်ယွေ့ ဥပုသ်နေ့ အချိန် နီးလာပီ ဖြစ်အယ်။
55ဂါလိလဲပြေမှ ယေရှုနဲ့ လိုက်လာခဲ့ကြသော အမျိုးသမီးများဟလည်း ယောသပ်နောက်ဟို လိုက်ယွေ့ လုတ်တိုင်းဟို လည်းကောင်း၊ ယေရှုရဲ့ အလောင်းဟို စလို ထားတာဟို လည်းကောင်း တွေ့မျော်ကြအယ်။ 56အဲပင်းရင် သူလို့ဟ နေအိုင်ဟို ပြန်ယွေ့ ဆီမွှေးနဲ့ နံ့သာပေါင်းဟို အဆင်သင့်ပြင်ဆင်ကြအယ်။
သူလို့ဟ ပညတ်တော်ဆိလဲ့အတိုင်း ဥပုသ်နေ့တွင် အနားယူကြအယ်။

Currently Selected:

လုကာ 23: NTDNB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in