YouVersion Logo
Search Icon

မာကု 10

10
ယေရှုဟ ကွာဆှင်းခြင်းအကျောန်း သင်ကြားပေးခြင်း
(မဿဲ ၁၉.၁–၁၂; လုကာ ၁၆.၁၈)
1အဲပင်းရင် ယေရှုဟ အေးအရပ်မှ ထွက်ခွာယွေ့၊ ယုဒပြေသို့ သွားပင်းရင်၊ ယော်ဒန်မြစ်ဟို ကူးလေအယ်။ လူအုပ်လို့ဟ ကိုယ်တော်နားဟို နောက်တခါလာရောက် စုပြုံနေယွေ့၊ ကိုယ်တော်ဟ လုပ်ကျင့်ဆိလဲ့အတိုင်း သူလို့အား သွန်သင်လေအယ်။
2ဖာရိရှဲတချို့လို့ဟ ကိုယ်တော်ဆေဟို လာယွေ့ သူ့အား ထောင်ချောက်ဆင်ရန် ကြိုးစားအယ်။ သူလို့ဟ “ငါလို့ဟို ပြောမန့်၊ ငါလို့ရဲ့ ဥပဒေဟ ယောက်ျားတယောက်ဟ သူရဲ့ ပေါင်အိုမဟို ကွာဆှင်းခွင့်ပြုလော့” ဟု သူလို့ မေးကြအယ်။
3ယေရှုဟ ပြန်ပြောတာဟ “မောရှေဟ နင်လို့အား ပစာလို ပညတ်ထားလုန်း။”
4 # မ ၅.၃၁ သူလို့ဟလည်း “မောရှေဟ ယောက်ျားတယောက်အား ကွာဆှင်းပြတ်စဲခြင်းဆိုင်ရာ စာတစောင်ရေးရန်နဲ့ သူရဲ့ ပေါင်အိုမဟို အဝေးဟို ပို့ရန် ခွင့်ပြုပေးခဲ့အယ်” ဟု ဖြေကြားခဲ့အယ်။
5ယေရှုဟ သူလို့အား “နင်လို့ဟ သွန်သင်ရန် ရမ်းဆာ့ ခက်သောကျောန့် နင်လို့အတွက် ဟေပညတ်ဟို မောရှေရေးခဲ့ခြင်းဖြစ်အယ်။ 6အဲလိုလဲ ဖန်ဆင်းခြင်းရဲ့အစမှာ ဘုရားသခင်ဟ ‘ယောက်ျားနဲ့ မိန်းမဟို ဖန်ဆင်းထားအယ်။’ 7‘ဟေအကျောန်းအတွက်ကျောန့် ယောက်ျားဟ ကိုယ့်မိဖဟို စွန့်ယွေ့ မိမိပေါင်အိုမနဲ့ တလုံးတဝတည်း ဖြစ်ရမယ်၊#၁၀.၇ အချို့ လက်ရေးမူကျမ်းများတွင် မိမိပေါင်အိုမနဲ့ တလုံးတဝတည်း ဖြစ်ရမယ်၊ ဟု မပါဆိချေ။ 8ပင်းတော့ အဲသူနေဦးလို့ဟာ တသားတကိုယ်တည်း ဖြစ်လာကြလိမ့်မယ်။’ အေးလို့မို့ သူလို့ဟ နေဦး မဟုတ်တော့ဘဲ တသားတကိုယ်တည်း ဖြစ်အယ်။ 9အေးကျောန့် ဘုရားသခင်ဟ အတူတကွ ပေါင်းစည်းပေးထားသော အရာဖြစ်ယွေ့ စသူမှ မကွဲကွာစေနဲ့” ဟု ပြောလေအယ်။
10တဘဲ့တော်လို့ဟ နေအိုင်ဟို ပြန်ရောက်ကြသောအခါ၊ အေးကိစ္စအကျောန်းဟို ယေရှုအား မေးကြအယ်။ 11#မ ၅.၃၂; ၁ ကော ၇.၁၀,၁၁ယေရှုဟ သူလို့အား “သူရဲ့ ပေါင်အိုမဟို ကွာဆှင်းယွေ့ အခြားမိန်းမတယောက်နဲ့ လက်ထပ်သော ယောက်ျားတယောက်ဟ မိမိရဲ့ ပေါင်အိုမနဲ့ အိုင်ထောင်ရေးဖောက်ပြန် ကျူးလွန်အယ်။ 12အေးတိုင်းတိုင်းပင် မိန်းမဟလည်း သူရဲ့ ဖိုးအိုနဲ့ ကွာဆှင်းပင်း အခြားယောက်ျားတယောက်နဲ့ လက်ထပ်ရင် အိုင်ထောင်ရေးဖောက်ပြန်အယ်” ဟု ပြောလေအယ်။
ယေရှုဟ လူပဲ့သငယ်များဟို ကောင်းချီးပေးခြင်း
(မဿဲ ၁၉.၁၃–၁၅; လုကာ ၁၈.၁၅–၁၇)
13လူအချို့လို့ဟ လူပဲ့သငယ်များအပေါ် လက်ဟိုတင်စေရန် ယေရှုဆေသို့ ခေါ်ခဲ့ကြအယ်၊ အဲလိုလဲ တဘဲ့တော်လို့ဟ လူများလို့ဟို အော်ငေါက်ကြအယ်။ 14ယေရှုဟ အေးအရာဟို သတိပြုမိသောအခါ၊ ကိုယ်တော်ဟ အူထော့ခဲ့ပင်း တဘဲ့တော်လို့အား “လပဲ့သငယ်လို့ဟို ငါ့ဆေသို့ လာကြပါစေ၊ သူလို့ဟို မဆီးတားကြနဲ့၊ ပစာကို့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ ဟေလိုမျိုး သူများနဲ့ ဆိုင်အယ်။ 15#မ ၁၈.၃အမန်အကန် နင်ဟို ငါပြောတာဟ၊ လူပဲ့သငယ်တယောက်လိုပဲ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မရလဲ့ စသူမဆို အဲဒီနိုင်ငံဟို ဘယ်တော့မှ ဝင်ရမှာ ဟုတ်ဝူး” ဟု ပြောလေအယ်။ 16အဲပင်းရင် ကိုယ်တော်ဟ လူပဲ့သငယ်လို့ဟို သူ့လက်မောင်းမှာ ချီပင်း၊ သူလို့ အယောက်ချင်းစီတိုင်းဟို လက်များတင်ကာ သူလို့ဟို ကောင်းချီးပေးလေအယ်။
ချမ်းသာသောသူ
(မဿဲ ၁၉.၁၆–၃၀; လုကာ ၁၈.၁၈–၃၀)
17ယေရှုဟ တဖန်စတင်ယွေ့ လမ်းနှိုက်ကြွခဲ့စဉ်၊ လူတယောက်ဟ ပြေးလာပင်းလျှင် ကိုယ်တော် ဆေ့ဦးတွင် ဒူးထောက်လျက် “ကောင်းမြတ်သော ဆရာ၊ ထာဝရအသက်ဟို ရဖို့ရန် ငါဟ ပစာလို ပြုရမလုန်း” ဟု မေးအယ်။
18ယေရှုဟ “နင်ဟ ပစာကျောန့် ငါ့ဟို ကောင်းမြတ်သောသူဟု ခေါ်လုန်း။ ဘုရားသခင် တပါးမှလွဲယွေ့ ကောင်းမြတ်သောသူ တစုံတယောက်မျှ မဆိ။ 19ပညတ်တော်လို့ဟို နင်လို့ သိကြအယ် ‘လူ့အသက်ဟို မသတ်ရ၊ သူ့မယားဟို မပစ်မားရ၊ မခိုးရ၊ စသူကိုမှ ကစတ်ကလတ် မစွပ်စွဲရ၊ မဝါကရ၊ နင်လို့ရဲ့ မိဖဟို ရိုသေလော့’ ” ဟု ပြောလေအယ်။
20အဲသူဟ “ဆရာ၊ ငါငယ်ခါကတည်းဟ၊ ဟေပညတ်အားလုံးဟို လိုက်နာခဲ့အယ်” ဟု ပြန်ဆှောက်အယ်။
21ယေရှုဟ အဲသူဟို မေတ္တာဖြင့် တန်းတန်းကျေ့လျက် “နင့်မှာ လိုအပ်သောအရာ တခုဆိသေးအယ်။ သွားယွေ့ နင့်မှာဆိသော အရာအားလုံးဟို ရောင်းယွေ့ ဆင်းရဲသူလို့အား ပိတ်ဆန်ပေးလော့၊ ပင်းရင် နင်ဟ ခေါန်းခင်ဘုံနှိုက် ချမ်းသာမှု ရဆိလိမ့်မယ်၊ အေးနောက် လာယွေ့ ငါ့နောက်ဟို လိုက်လော့” ဟု ပြောလေအယ်။ 22သူဟ ရမ်းဆာ့ ချမ်းသာသူဖြစ်သောကျောန့်၊ သူဟ အဲအရာဟို ကြားသောအခါ၊ မျက်နှာပျက်ယွေ့၊ ဝမ်းနည်းပင်း ထွက်သွားလေအယ်။
23ယေရှုဟ တဘဲ့တော်လို့ဟို ပတ်ပတ်လည် ကျေ့ယွေ့ သူလို့အား “ချမ်းသာသော သူများဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် စလောက် ခက်ခဲလှအယ်” ဟု ပြောအယ်။
24တဘဲ့တော်လို့ဟ ကိုယ်တော်ရဲ့စကားဟို ကြားပင်း အံ့ဩကြအယ်၊ အဲလိုလဲ ယေရှုဟ ဆက်ပြောအယ် “ငါ့လူပဲ့သငယ်လို့၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို ဝင်ရောက်ရန် စလောက် ခက်ခဲမလော၊ 25ကုလားအုတ်ဟ အပ်နဖားပေါက်ထဲဟို လျှိုဝင်ရန်ထက် ချမ်းသာသောသူအတွက် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ပိုပင်းခက်ခဲအယ်။”
26တဘဲ့တော်လို့ဟ ပိုယွေ့ပင် အံ့ဩယွေ့ “ဒါဆိုရင် စသူဟ ကယ်တင်နိန်မလုန်း” ဟု အချင်းချင်း ပြောဆိုကြအယ်။
27ယေရှုဟ သူလို့ဟို စေ့စေ့ကျေ့ယွေ့ “ဟေအရာဟ လူသားအတွက် မဖြစ်နိန်သော်လည်း ဘုရားသခင်အတွက် ဖြစ်နိန်အယ်၊ အရာအားလုံးဟ ဘုရားသခင်အတွက် ဖြစ်နိန်အယ်” ဟု ပြန်ဖြေလေအယ်။
28အဲအခါ ပေတရုဟ “ကိုယ်တော်ရဲ့ နောက်လိုက်ဖို့ ငါလို့ဟ အရာအားလုံးဟို စွန့်ခဲ့အယ်” ဟု ပြောလေအယ်။
29ယေရှုဟ “နင်လို့အား ငါအမန်ဆိုတာဟ နေအိုင်၊ ညီအကို၊ နှမ၊ တို့မေ၊ တို့ဖ၊ သားသမီး၊ လယ်ယာများ အဲဟာမဟုတ်ရင် ငါနဲ့ ဧဝံဂေလိတရားအတွက် စွန့်သောစသူမဆို၊ 30ဟေဖဝါ့နှိုက် ရမ်းဆာ့ ပိုရလိမ့်မယ်။ သူဟ အဆတရာပိုသော နေအိုင်၊ ညီအကို၊ နှမ၊ တို့မေ၊ သားသမီးများနဲ့ လယ်ယာများနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းဟို ခံရလိမ့်မယ်၊ နောက်လာမဲ့ဖဝါ့နှိုက် ထာဝရအသက်ဟို ရဆိလိမ့်မယ်။ 31#မ ၂၀.၁၆; လု ၁၃.၃၀အားပင်မဲ့ ဦးရင်ကျသူများဟ နောက်ဆုံးကျလိမ့်မယ်၊ နောက်ဆုံးကျသူများဟ ဦးရင်ကျလိမ့်မယ်” ဟု ပြောလေအယ်။
ယေရှုဟ သူရဲ့ သေခြင်းအကျောန်းဟို တတိယအကြိမ် ပြောခဲ့အယ်
(မဿဲ ၂၀.၁၇–၁၉; လုကာ ၁၈.၃၁–၃၄)
32ယေရှုနဲ့ သူရဲ့ တဘဲ့တော်လို့ဟ အခု ယေရုရှလင်မြို့သို့ သွားသောလမ်းနှိုက် ဆိကြအယ်။ ယေရှုဟ တဘဲ့တော်လို့ ဆေ့နှိုက် နှိုးဆော်သံများနဲ့ ပြေ့နေပင်း နောက်မှ လိုက်လာသော လူလို့ဟ ကြောက်ရွံ့ကြအယ်။ တခါ ယေရှုဟ တဘဲ့တော် တဆယ့်နေပါးဟို နဖေးခေါ်ယွေ့ သူနှိုက် ဖြစ်ပျက်မဲ့အရာများဟို ပြောခဲ့အယ်။ 33ကိုယ်တော်ဟ “နားထောင်ကြလော့၊ ငါလို့ဟ ယေရုရှလင်မြို့သို့ သွားနေကြအယ် အဲနေရာတွင် လူသားအား ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာလို့ရဲ့ လက်သို့ အပ်နှံကြလိမ့်မယ်။ သူလို့ဟ လူသားဟို သေဒဏ်စီရင်ပင်း တပါးအမျိုးသားလို့ရဲ့ လက်ဟို အပ်နှံကြလိမ့်မယ်။ 34သူလို့ဟ လူသားအား လှောင်ပြောင်မယ်၊ ဆံထွေး ထွေးကြလိမ့်မယ်၊ ကြိမ်ဒဏ်ပေးယွေ့ အသေသတ်ကြလိမ့်မယ်၊ အဲလိုလဲ သုံးရက်အကြာမှာ သူဟ ဆှင်ပြန်ထမြောက်လိမ့်မယ်” ဟု ပြောလေအယ်။
ယာကုပ်နဲ့ ယောဟန်လို့ရဲ့ တောင်းဆိုချက်
(မဿဲ ၂၀.၂၀–၂၈)
35အဲပင်းရင် ဇေဗေဒဲရဲ့ အောင်နီငယ်များဖြစ်ကြသော ယာကုပ်နဲ့ ယောဟန်လို့ဟ ယေရှုဆေဟို လာကြအယ်။ သူလို့ဟ “ဆရာ၊ ငါလို့ တောင်းသမျှဟို ငါလို့ နင်လို့အတွက် လုပ်ပေးချင်အယ်” ဟု ပြောလေအယ်။
36ယေရှုဟ “နင်အတွက် ငါပစာလုပ်စေချင်လဲ” ဟု သူလို့ဟို မေးလေအယ်။
37သူလို့ဟ “ကိုယ်တော်ရဲ့ ဘုန်းကြီးသော နိုင်ငံတော်နှိုက် နင်ရဲ့ ရာဇပလ္လင်ပေါ်မှာ ထိန်လဲ့အခါ ငါလို့ဟို နင်ရဲ့ ညာဘက်မှာ တယောက်၊ ဘယ်ဘက်မှာ နင်နဲ့အတူ ထိန်ခွင့်ရချင်အယ်” ဟု ပြန်ဖြေလေအယ်။
38 # လု ၁၂.၅၀ ယေရှုဟ “နင် ပစာဟို တောင်းဆိုနေတာလဲဆိုတာ နင် သိဝူး။ ငါသောက်ရမဲ့ ဆင်းရဲဒုက္ခခွက်ဟို သောက်နိန်လော။ ငါ နှစ်ခြင်းခံရမယ်ဆိုလဲ့အတိုင်း နင်လို့ နှစ်ခြင်းခံနိန်လော” ဟု သူလို့အား ပြောလေအယ်။
39သူလို့ဟ “ငါလို့ တတ်စွမ်းနိန်အယ်” ဟု ဖြေကြအယ်။
ယေရှုဟ “ငါအမန် သောက်ရမဲ့ခွက်ဟို နင်သောက်ရမယ်၊ ငါ နှစ်ခြင်းခံရမဲ့အတိုင်း နှစ်ခြင်း ခံရလိမ့်မယ်။ 40အဲလိုလဲ ငါ့ ညာဘက်နဲ့ ဘယ်ဘက်မှာ ထိန်မဲ့သူဟို ရွေးချယ်ပိုင်ခွင့် ဆိဝူး။ ဘုရားသခင်ဟ ဟေနေရာဟို ပြင်ဆင်ထားသော သူလို့အား ပေးလိမ့်မယ်” ဟု သူလို့အား ပြောလေအယ်။
41ဟေအကျောန်းအရာဟို အခြား တဘဲ့တော်ဆယ်ဦးလို့ဟ ကြားသောအခါ၊ သူလို့ဟ ယာကုပ်နဲ့ ယောဟန်လို့ဟို အူထော့လာကြအယ်။ 42#လု ၂၂.၂၅,၂၆ ယေရှုဟ အဲသူလို့ဟို အတူတကွခေါ်ယွေ့ “လူမျိုးခြားလို့အတွက် သူလို့ဟို အုပ်ချုပ်ရန် သတ်မှတ်ထားခြင်း ခံရသောသူလို့ဟ ပြေသူလို့အပေါ် စိုးမိုးခြယ်လှယ်ကြယွေ့၊ သူလို့ရဲ့ အထက်အရာဆိများဟ သူလို့အပေါ် အခွင့်အာဏာဟို အသုံးပြုတာဟို နင်လို့ သိအယ်။ 43#မ ၂၃.၁၁; မာ ၉.၃၅; လု ၂၂.၂၆ နင်နဲ့အတူ မဟုတ်ပါ။ အဲအစား၊ နင်လို့တွင် ကြီးမြတ်လိုသူ စသူမဆို နင်ရဲ့ အစေခံ ဖြစ်ရမယ်။ 44ပထမ အလိုဆိသောသူဟ လူခပ်သိမ်းလို့ရဲ့ ကျွန်ဖြစ်ရမယ်။ 45အကျောန်းမှာ လူသားဟ စေစားဖို့ လာတာ မဟုတ်၊ သူတပါးအစေဟို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ဟို စွန့်ယွေ့ လူများဟို ရွေးနုတ်ရန် လည်ကောင်း၊ ကြွလာခြင်း ဖြစ်အယ်” ဟု မိန့်အယ်။
ယေရှုဟ မျက်စေ့မမျော်သော ဗာတိမဲဟို ကုသပေးခြင်း
(မဿဲ ၂၀.၂၉–၃၄; လုကာ ၁၈.၃၅–၄၃)
46အဲပင်းရင် သူလို့ဟ ယေရိခေါမြို့သို့ ရောက်လာကြအယ်။ ယေရှုနဲ့ တဘဲ့တော်လို့ဟ လူအုပ်ကြီးနဲ့အတူ မြို့မှ ထွက်ခွာလာစဉ်၊ မျက်စေ့မမျော်သော ဗာတိမဲ (တိမဲရဲ့ အောင်နီငယ်ဟု ဆိုသူ)၊ လမ်းဘေးနှိုက် ထိန်ပင်း တောင်းစားနေအယ်။ 47အဲသူဟ နာဇရက်မြို့သား ယေရှု ဖြစ်ကျောန်း ကြားရသောအခါ၊ “ဒါဝိဒ်ရဲ့ သားတော် ယေရှု၊ ငါ့ဟို သနားပါ” ဟု စတင် အော်ကလေအယ်။
48ရမ်းဆာ့သော လူဟ သူ့ဟို ငေါက်ငမ်းပင်း သူ့ဟို တိတ်တိတ်နေရန် ပြောခဲ့အယ်။ အဲလိုလဲ သူဟ “ဒါဝိဒ်ရဲ့ သားတော် ယေရှု၊ ငါ့ဟို သနားမန့်” ဟု ပိုယွေ့ပင် ကျယ်လောင်စွာ အော်ဟစ်လေအယ်။
49ယေရှုဟ ရပ်တန့်လျက် “သူ့ဟို ခေါ်ခဲ့လိုက်” ဟု ပြောလေအယ်။
အဲကျောန့် သူလို့ဟ မျက်စေ့မမျော်သောသူဟို ခေါ်လိုက်အယ်။ “အားမငယ်နဲ့၊ ထမန့်၊ သူဟ နင့်ဟို ခေါ်နေအယ်” ဟု သူလို့ဟ ပြောလေအယ်။
50သူဟ သူ့ဝတ်လုံဟို လောချပင်း၊ ခုန်ယွေ့ ယေရှု ဆေဟို လာလေအယ်။
51ယေရှုဟ “နင့်အတွက် ပစာအရာဟို ပြုစေလိုလုန်း” ဟု သူ့အား မေးလေအယ်။
မျက်စေ့မမျော်သောသူဟ “ဆရာ၊ ငါ မျက်စေ့ပြန်ယွေ့ မျော်ချင်အယ်” ဟု ဖြေလေအယ်။
52ယေရှုဟ “သွားလော့၊ နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို ကောင်းစေပီ” ဟု သူ့အား ပြောလေအယ်။
ခုတုံးပင် အဲသူဟ မျက်စေ့မျော်ယွေ့ ယေရှု ကြွလာရာလမ်းတွင် နောက်တော်ဟို လိုက်လေအယ်။

Currently Selected:

မာကု 10: NTDNB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in