YouVersion Logo
Search Icon

ယောဟန် 10

10
သိုးထိန်း ပုံဥပမာ
1ယေသျှုက “ငါအမှန် ဆိုသည်ကား၊ သိုးခြံထဲသို့ တန်းခါးပေါက်မှ မဝင်ဘဲ အခြားသောလမ်းဖြင့် ကျော်ဝင်သောသူသည် သူခိုးဒါးပြ ဖြစ်၏။ 2တန်းခါးပေါက်မှ ဝင်သောသူကား သိုးထိန်းဖြစ်၏။ 3ထိုသူအား တန်းခါးစောင့်သည် တန်းခါးကို ဖွင့်ပီး၏။ သိုးများသည် သူ့အသံကို နားထောင်တတ်ကြ၏။ သူသည် မိမိ၏သိုးများကို နာမည်ခေါ်၍ သိုးခြံမှ ထုတ်ပြီးလျှင် သိုးများကို ဦးဆောင်လားတတ်၏။ 4သိုးအားလုံးကို ထုတ်၍ ရှိ့ကနိန် ဦးဆောင်လားတတ်၏။ သိုးများသည်လည်း သူ့၏အသံကို သိသောကြောင့် နောက်သို့လိုက်ကြ၏။ 5သိုးများသည် အခြားသောသူ၏နောက်သို့ မလိုက်တတ်ဘဲ အခြားသောသူ၏အသံကို မသိသောကြောင့် ထိုသူ့ထံပါးမှ ထွက်ဗြီးလားကြလိမ့်မည်” ဟု မိန့်တော်မူ၏။ 6ယေသျှုသည် ဤပုံဥပမာကိုဆောင်၍ ထိုသူရို့အား မိန့်တော်မူသော်လည်း သူရို့သည် အနက်အဓိပ္ပာယ်ကို နားမလည်ကြ။
သိုးထိန်းကောင်းဖြစ်သော ယေသျှု
7တဖန် ယေသျှုက၊ “ငါအမှန် ဆိုသည်ကား၊ ငါသည် သိုးဝင်သော တန်းခါးဝဖြစ်၏။ 8ငါမတိုင်မှီ ရောက်လာသော အခြားသောသူရို့သည် သူခိုးဒါးပြတိ ဖြစ်ကြ၏။ ယေဒါလည်း သိုးသည် ထိုသူရို့စကားကို နားမထောင်ကြ။ 9ငါသည် တန်းခါးဝဖြစ်၏။ ငါ့အားဖြင့် ဝင်သောသူသည် ဘေးကင်းစွာ ဝင်ထွက်လားလာ၍ စားကျက်ကို တွိ့ရလိမ့်မည်။ 10သူခိုးသည် ခိုးခြင်း၊ သတ်ခြင်းနှင့် ဖျက်ဆီးခြင်းငှာ လာ၏။ ငါမူကား သိုးတိကို အသက်ရှင်စီရုံသာမက ကြွယ်ဝပြည့်စုံသောအသက်နှင့် ရှင်သန်နိုင်ကြစီရန် လာခြင်းဖြစ်၏။
11“ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ကောင်းသော သိုးထိန်းသည် သိုးတိအတွက် မိမိအသက်ကို စွန့်တတ်၏။ 12အငှားသမားမူကား သိုးထိန်းမဟုတ်။ သိုးသျှင်လည်း မဟုတ်။ တောခွီး လာသည်ကို မြင်သောအခါ သိုးတိကိုထား၍ ထွက်ဗြီးလားတတ်၏။ တောခွီးကလည်း သိုးတိကို ကိုက်ဖမ်းသောကြောင့် သိုးများသည် ဖရိုဖရဲ ကွဲလွင့်စီ၏။ 13အငှားသမားသည် အငှားသမားဖြစ်သောကြောင့် သိုးတိကို ဂရုမစိုက်ဘဲ ထွက်ဗြီးတတ်၏။ 14-15#မ ၁၁.၂၇; လု ၁၀.၂၂ ငါသည် ကောင်းသောသိုးထိန်း ဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတိကို ငါသိ၏။ ငါ့သိုးတိကလည်း ငါ့ကိုသိကြ၏။ ငါသည် သိုးတိအတွက် အသက်ကိုစွန့်၏။ 16ဤသိုးခြံထဲသို့ မဝင်သော အခြားသိုးတိကိုလည်း ငါပိုင်သိမ့်၏။ ထိုသိုးတိကို ငါ ယူဆောင်ခရမည်။ သူရို့သည် ငါ့အသံကို နားထောင်ကြလိမ့်မည်။ ထို့ကြောင့် သူရို့သည် သိုးထိန်းတစ်ပါးတည်းဟိသော သိုးအုပ်တစ်အုပ် ဖြစ်လာလိမ့်မည်။#၁၀.၁၆ သူရို့သည် … ဖြစ်လာလိမ့်မည်၊ တချို့သော လက်ရီးမူရင်းကျမ်းတွင် ဟိလိမ့်မည်၊ ဟု ပါဟိသည်။
17“ငါသည် ကိုယ့်အသက်ကို အလိုလျောက် စွန့်တော်မူသည့်အတိုင်း နောက်တဖန် အသက်ကို ပြန်ယူဦးမည် ဖြစ်သောကြောင့်၊ ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။ 18ဇာသူတစ်ယောက်မှ ငါ့ပါးမှ အသက်ကို မလုယူနိုင်။ ကိုယ့်အလိုအလျောက် စွန့်ခြင်းသာဖြစ်၏။ ငါသည် အသက်ကို စွန့်ပိုင်ခွင့်နှင့် ပြန်ယူပိုင်ခွင့် ငါ့၌ ဟိ၏။ ဤသို့ ပြုနိုင်ရန် ခမည်းတော်သည် ငါ့ကို အမိန့်ပီးတော်မူ၏” ဟု မိန့်တော်မူ၏။
19ထိုစကားတော်ကြောင့် ယုဒလူရို့သည် တဖန် ကွဲပြားကြပြန်၏။ 20သူရို့ထဲမှ လူအများက “ဤသူသည် နတ်ဆိုး ဝင်ပူးနိန်သော အရူးဖြစ်၏။ ဇာကြောင့် သူ့စကားကို သင်ရို့ နားထောင်ကြသနည်း” ဟု ဆိုကြ၏။
21သို့ရာတွင် အခြားသူရို့က “နတ်ဆိုးဝင်ပူးသောလူသည် ဤသို့သော စကားကိုမပြောနိုင်။ နတ်ဆိုးသည် မျက်စိကန်းသောသူတိကို မြင်စီခြင်းငှာ တတ်နိုင်ပါမည်လော” ဟု ဆိုကြ၏။
ယေသျှု ငြင်းပယ်ခံရခြင်း
22ဆောင်းကာလဖြစ်၍ ယေရုဆလင်မြို့တွင် ဗိမာန်တော်အား ဆက်ကပ်သည့်ပွဲတော် ကျရောက်လျက်ဟိ၏။ 23ယေသျှုသည် ဗိမာန်တော်၌ဟိသော သျှောလမုန်ဆင်ဝင်တွင် စင်္ကြန်ကြွနိန်၏။ 24ထိုအခါ ယုဒလူရို့သည် ကိုယ်တော့်ကို ဝိုင်းရံလျက် “သင်သည် ဇာလောက်ကြာအောင် ငါရို့၏ စိတ်နှလုံးကို ဒွိဟ ဖြစ်စီမည်နည်း။ မေသျှိယ ဖြစ်သည်ဆိုလျှင် အတိအလင်း ပြောပြပါ” ဟု ဆို၏။
25ယေသျှုက “သင်ရို့ကို ငါပြောပြီးယာ။ ယေဒါလည်း သင်ရို့က မယုံကြ။ ငါ့ခမည်းတော်အခွင့်နှင့် ငါပြုသော အမှုများသည် ငါ့အကြောင်းကို သက်သီခံနိန်ကြခြင်း ဖြစ်၏။ 26သို့ရာတွင် သင်ရို့သည် ငါ့သိုးမဟုတ်သောကြောင့် ငါ့ကို မယုံနိုင်ကြ။ 27ငါ့သိုးရို့သည် ငါ့စကားကို နားထောင်တတ်ကြ၏။ ငါသည် သူရို့ကို သိသည်ဖြစ်၍ သူရို့လည်း ငါ့နောက်သို့ လိုက်ကြ၏။ 28ငါသည် သူရို့အား ထာဝရအသက်ကို ပီးသည်ဖြစ်၍ သူရို့သည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ဇာသူတစ်ယောက်မှ သူရို့တိကို ငါ့လက်ကနိန် လုမယူနိုင်။ 29ထိုသိုးတိကို ငါ့ထံ၌ အပ်ပီးတော်မူသည့် ခမည်းတော်သည် ဟိသမျှသော သူတိထက် ကြီးမြတ်တော်မူသည်#၁၀.၂၉ ခမည်းတော်သည် ဟိသမျှသော သူတိထက် ကြီးမြတ်တော်မူသည်၊ တချို့သော လက်ရီးမူရင်းကျမ်းများတွင် ထိုသိုးတိကို ငါ့ကို အပ်ပီးသော ငါ့ခမည်းတော်သည် သာ၍ကြီးမြတ်၏၊ ဟု ပါဟိသည်။ဖြစ်၍၊ ဇာသူတစ်ယောက်မှ သိုးတိကို ခမည်းတော်လက်က မလုမယူနိုင်။ 30ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏” ဟု မိန့်တော်မူ၏။
31ထိုအခါ ယုဒလူအပေါင်းရို့သည် ကိုယ်တော့်ကို ပစ်ရန် ကျောက်ခဲကို တဖန် ကောက်ယူကြ၏။ 32ယေသျှုက “ခမည်းတော် စီခိုင်းတော်မူသဖြင့် ငါသည် များစွာသော ကောင်းမြတ်သောအမှုတိကို ပြခယာ။ ထိုအမှုတိထဲက ဇာအမှုအတွက်ကြောင့် သင်ရို့က ငါ့ကို ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြသနည်း” ဟု မိန်းတော်မူ၏။
33ယုဒလူတိကလည်း “ကောင်းမြတ်သောအမှုတိကို ပြခသည့်အတွက်ကြောင့် သင့်ကို ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြသည်မဟုတ်။ သင်သည် လူစင်စစ်ဖြစ်လျက်ပင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကို ပြစ်မှားသော စကားကြောင့် ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြခြင်း ဖြစ်သည်” ဟု ပြန်ပြောကြ၏။
34ယေသျှုက “သင်ရို့၏ ပညတ်ကျမ်းထဲ၌ ဘုရားသခင်က ‘သင်ရို့သည် ဘုရားများ ဖြစ်ကြ၏’ ဟု ဖော်ပြထား၏။ 35ထိုကျမ်းစာ၌ ဖော်ပြထားသည့်အရာများ အမြဲမှန်ကန်ကြောင်းကို သင်ရို့ သိကြ၏။ ဘုရားသခင်၏ ဗျာဒိတ်တော် ခံရသော လူတိကို ‘ဘုရားများ’ ဟု ဖော်ပြ၏။ 36ခမည်းတော်သည် ငါ့ကို ရွီးချယ်၍ ဤလောကသို့ စီရွှတ်တော်မူ၏။ ထို့အတွက်ကြောင့် ‘ငါသည် ဘုရားသခင်၏ သားတော်ဖြစ်၏’ ဟု ဆိုသည်ကား ဘုရားသခင်ကို ပြစ်မှားသောစကားဟု ဇာကြောင့် သင်ရို့ ဆိုကြသနည်း။ 37ငါ့ခမည်းတော်၏ အလိုတော်အတိုင်း ငါ မဆောင်ရွက်လျှင် ငါ့ကို မယုံကတ်ကေ့။ 38ဆောင်ရွက်ခလျှင်မူကား ငါ့ကို မယုံသော်လည်း ငါဆောင်ရွက်ခသော အမှုတိကို ယုံကြလော။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ့အထဲ၌ ဟိတော်မူသကဲ့သို့၊ ငါလည်း ခမည်းတော်အထဲ၌ ဟိနိန်သည်ကို သင်ရို့ သိနားလည်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
39ထိုအခါ သူရို့သည် ယေသျှုကို ဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင် ကိုယ်တော်သည် သူရို့လက်မှ လွတ်မြောက်၍ ထွက်ကြွတော်မူ၏။
40 # ယော ၁.၂၈ ထို့နောက် ယေသျှုသည် ယော်ဒန်မြစ် တစ်ကမ်း၌ဟိသော အယင်က ယောဟန်သည် ဗတ္တိဇံမင်္ဂလာ ပီးရာအရပ်သို့ ပြန်လည် ကြွလားတော်မူ၍ ထိုအရပ်တွင် နီတော်မူ၏။ 41သူရို့က “ယောဟန်သည် အံ့ဖွယ်နိမိတ်လက္ခဏာ ဇာတစ်ခုကိုမှ မပြခသော်လည်း ဤသူအကြောင်းနှင့်ပတ်သတ်၍ ယောဟန်ပြောခသည်မှာ အားလုံးမှန်သည်” ဟု ဆိုကြ၏။ 42သို့ဖြစ်၍ ထိုအရပ်၌ဟိသော များစွာသောလူရို့သည် ယေသျှုကို ယုံကြည်လာကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in