YouVersion Logo
Search Icon

ယောဟန် 15

15
မှန်သောစပျစ်နွယ်
1“ငါသည် မှန်သောစပျစ်နွယ်ပင် ဖြစ်၏။ ငါ၏ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်၏။ 2သူသည် ငါ၌ အသီးမသီးသော အကိုင်းအခက်ဟူသမျှကို ဖြတ်ထုတ်ပစ်၏။ အသီးသီးသော အကိုင်းအခက်တိကို သာ၍ သီးစီခြင်းငှာ သုတ်သင်ယှင်းလင်းလိမ့်မည်။ 3ငါသည် သင်ရို့ကို ငါ၏ နှုတ်ကပတ်တော်ဖြင့် သန့်ယှင်းထားပြီးဖြစ်၏။ 4ငါသည် သင်ရို့၌ တည်သကဲ့သို့ သင်ရို့သည်လည်း ငါ၌ တည်ကြလော့။ မည်သည့်အခက်မျှ ကိုယ့်အလိုအလျှောက် အသီးမသီးနိုင်။ စပျစ်ပင်၌ တည်မှသာလျှင် အသီးသီးနိုင်၏။ ထိုကဲ့သို့ပင် သင်ရို့သည်လည်း ငါနှင့် ကွာလျှင် အသီးမသီးနိုင်ကြပေ။
5“ငါသည် စပျစ်ပင် ဖြစ်၏။ သင်ရို့သည်ကား အကိုင်းအခက်တိ ဖြစ်ကြ၏။ သင်ရို့သည် ငါ၌ တည်၍ ငါသည် သင်ရို့၌ တည်လျှင် များစွာသော အသီးကို သီးကြလိမ့်မည်။ သင်ရို့သည် ငါနှင့်ကွာလျှင် ဇာတစ်ခုကိုမျှ မလုပ်နိုင်ကြပေ။ 6ငါ၌ မတည်သော သူသည် ခြောက်သွိ့သော အကိုင်းအခက်များ ကဲ့သို့ အပြင်သို့ ရွှင့်ပစ်ခြင်းကို ခံရ၏။ ထိုသို့သော အကိုင်းအခက်များကို စုသိမ်း၍ မီးထဲသို့ ပစ်ချခြင်းကို ခံရသဖြင့် လောင်ကျွမ်းခြင်းကို ခံရ၏။ 7သင်ရို့သည် ငါ၌ တည်၍ ငါ၏စကားသည် သင်ရို့၌ တည်လျှင် သင်ရို့သည် လိုချင်သမျှကို တောင်း၍ ရကြလိမ့်မည်။ 8သင်ရို့သည် များစွာသောအသီးကို သီးခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားသောသူများ ဖြစ်ကြ၏။ ထိုသို့အားဖြင့် သင်ရို့သည် ငါ့တပည့် အမှန် ဖြစ်ကြ၏။ 9ငါ၏ခမည်းတော်သည် ငါ့ကို ချစ်သကဲ့သို့ ငါသည်လည်း သင်ရို့ကို ချစ်၏။ သင်ရို့သည် ငါ၏မေတ္တာ၌ တည်နိန်ကြလော့။ 10ငါသည် ငါ့ခမည်းတော်၏ ပညတ်တိကို စောင့်ထိန်း၍ ငါ့ခမည်းတော်၏ မေတ္တာ၌ တည်နိန်သကဲ့သို့ သင်ရို့သည်လည်း ငါ၏ပညတ်တိကို စောင့်ထိန်းလျှင် ငါ၏မေတ္တာ၌ တည်နိန်ကြလိမ့်မည်။
11 # ယော ၁၃.၃၄; ၁၅.၁၇; ၁ ယော ၃.၂၃; ၂ ယော ၅ “ငါ၏ဝမ်းမြောက်ခြင်းသည် သင်ရို့၌ တည်စီခြင်းငှာလည်းကောင်း၊ သင်ရို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝကြစီခြင်းငှာ လည်းကောင်း ဤစကားများကို သင်ရို့အား ငါပြော၏။ 12ငါ၏ ပညတ်သည်ကား၊ ငါသည် သင်ရို့ကို ချစ်သကဲ့သို့ သင်ရို့သည်လည်း အချင်းချင်း ချစ်ကြလော့။ 13ကိုယ့်မိတ်ဆွီရို့အတွက် ကိုယ့်အသက်ကို စွန့်ပီးခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာဟူ၍ မဟိ။ 14သင်ရို့သည် ငါ့ ပညတ်ကို ကျင့်လျှင် ငါ၏မိတ်ဆွီ ဖြစ်ကြ၏။ 15ငါသည် သင်ရို့ကို အခိုင်းအစီ ဟူ၍ မခေါ်။ အခိုင်းအစီဆိုသည်ကား မိမိ၏သခင် လုပ်သမျှကို သိရကြသည် မဟုတ်။ သို့သော် ငါသည် ငါ့ခမည်းတော်ထံမှ သင်ယူခသမျှတိကို သင်ရို့အား သိစီပြီးဖြစ်၍ သင်ရို့ကို မိတ်ဆွီများဟု ငါ ခေါ်၏။ 16သင်ရို့သည် ငါ့ကို ရွီးကောက်ကြသည် မဟုတ်။ သင်ရို့သည် လား၍ တည်ကြည်သော အသီးတိကို သီး၍ ပွားများစီခြင်းငှာ ငါသည် သင်ရို့ကို ရွီးကောက်၍ ခန့်ထားခြင်း ဖြစ်၏။ သို့ဖြစ်၍ ငါ၏နာမ၌ တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။ 17ငါ၏ပညတ်သည်ကား သင်ရို့သည် တစ်ယောက်ကို တစ်ယောက် ချစ်ကြလော့ ဟူ၍ ဖြစ်၏။
လောကသားများ၏ မုန်းတီးမှု
18“လောကသားတိက သင်ရို့ကို မုန်းကြလျှင် သင်ရို့ကို မမုန်းခင်ကတည်းက ငါ့ကို မုန်းကြခြင်းဖြစ်သည်ဟု မှတ်ယူကြလော့။ 19သင်ရို့သည် လောကနှင့် သက်ဆိုင်လျှင် လောကသား အချင်းချင်းဖြစ်သောကြောင့် လောကသားများက သင်ရို့ကို ချစ်ကြလိမ့်မည်။ သို့ရာတွင် ငါသည် သင်ရို့ကို လောကထဲက ရွီးကောက်ထားသောကြောင့် လောကနှင့် မသက်ဆိုင်သည်ဖြစ်၍ လောကသားတိက သင်ရို့ကို မုန်းကြ၏။ 20#မ ၁၀.၂၄; လု ၆.၄၀; ယော ၁၃.၁၆‘ကျွန်သည် သခင်ထက် ကြီးမြတ်သည် မဟုတ်’ ဟု သင်ရို့အား ငါပြောခသည်ကို မှတ်ထားကြလော့။ လူတိက ငါ့ကို ညှည်းဆဲကြလျှင် သင်ရို့ကိုလည်း သာ၍ ညှည်းဆဲကြလိမ့်မည်။ သူရို့သည် ငါ၏အဆုံးအမကို နာခံလျှင် သင်ရို့၏ အဆုံးအမကိုလည်း နာခံကြလိမ့်မည်။ 21ထိုသူရို့သည် ငါ့ကို စီရွှတ်လိုက်သော အသျှင်ကို မသိကြသည်ဖြစ်၍ ငါ၏နာမကြောင့် သင်ရို့ကိုလည်း ပြုကြလိမ့်မည်။ 22ငါသည် ကြွလာ၍ သူရို့ကို မဟောပြောခလျှင် သူရို့၌ အပြစ်ဟိကြလိမ့်မည် မဟုတ်။ သို့ရာတွင် အဂုအခါ သူရို့သည် မိမိရို့၏အပြစ်ကို ဝှက်၍ မထားနိုင်ကြ။ 23ငါ့ကို မုန်းသောသူရို့သည်ကား ငါ့ခမည်းတော်ကိုလည်း မုန်းကြ၏။ 24ငါသည် တစ်စုံတစ်ယောက်မျှ မပြုဖူးသော အရာများကို သူရို့ ရှိ့မှာ မပြုလုပ်ခလျှင် သူရို့၌ အပြစ်ဟိကြလိမ့်မည်မဟုတ်။ သို့ရာတွင် အဂု ငါပြုသောအမှုကို သူရို့သည် မြင်ကြလျက်ပင် ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြခြင်းဖြစ်၏။ 25ဤသို့ ဖြစ်ရခြင်းမှာ ‘သူရို့သည် အကြောင်းပြချက်မဟိဘဲ ငါ့ကို မုန်းကြလေ၏’ ဟူ၍ သူရို့၏ ပညတ်တ္တိကျမ်း၌ ရီးထားသမျှသည် ပြည့်စုံလာခြင်းဖြစ်၏။
26“ခမည်းတော်ထံပါးက လာသည့် ဘုရားသခင်နှင့် ပတ်သက်၍ သမ္မာတရားကို ထုတ်ဖော်ပြောကြားသော ဝိညာဉ်တော်တည်းဟူသော ကူညီမစသောသူသည် ရောက်လာလိမ့်မည်။ ထိုဝိညာဉ်တော်ကို ခမည်းတော်ထံမှ သင်ရို့ပါးသို့ ငါရွှတ်လိုက်သည်ဖြစ်၍ သူသည် ငါ့အကြာင်းကို ပြောပြလိမ့်မည်။ 27ထို့အပြင် သင်ရို့သည်လည်း ငါ့အကြောင်းကို ပြောကြလိမ့်မည်၊ အကြောင်းမူကား သင်ရို့သည် အစကတည်းကပင် ငါနှင့်အတူ ဟိခဖူးသောကြောင့် ဖြစ်၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in