YouVersion Logo
Search Icon

မဿဲ 9

9
ယေသျှုက ခြီလက်သီနိန်သူတစ်ယောက်ကို ကျန်းမာစီခြင်း
(မာကု ၂.၁–၁၂; လုကာ ၅.၁၇–၂၆)
1ယေသျှုသည် လောင်းစီး၍ အိုင်ကို ဖြတ်ပြီးလျှင် မိမိ၏ဇာတိမြို့#၉.၁ မိမိ၏ဇာတိမြို့၊ ကပေရနောင် (ရှု ၄.၁၃)။သို့ တဖန် ကြွတော်မူ၏။ 2လူတချို့သည် ခြီ၊ လက်သီနိန်၍ အိပ်ရာထက်၌ တုံးလုံးလှဲနိန်သောသူတစ်ယောက်ကို အထံတော်သို့ ထမ်းယူလာကြ၏။ ယေသျှုသည် ထိုသူရို့၏ကြီးမားသော ယုံကြည်ခြင်းကို မြင်သောအခါ ခြီ၊ လက်သီနိန်သူအား “ငါ့သား၊ မစိုးရိမ်ကေ့၊ သင်၏အပြစ်အားလုံးကို ခွင့်ရွှတ်ပြီးယာ” ဟု မိန့်တော်မူ၏။
3ထို့နောက် တချို့ကျမ်းတတ်ဆရာတိက “ဤသူသည် ဘုရားသခင်ကို ပြစ်မှား ခြင်းဖြစ်သည်” ဟု မိမိရို့၏စိတ်ထဲ၌ ထင်မှတ်နိန်ကြ၏။
4ယေသျှုက သူရို့သည် ဇာကို စဉ်းစားနိန်ကြသည်ကို သိမြင်သောကြောင့် “သင်ရို့သည် ဇာကြောင့် အေပိုင် မကောင်းသောအမှုအရာတိကို စဉ်းစားနိန်ကတ်စွာလဲ၊ 5‘သင့်အပြစ်ကို ခွင့်ရွှတ်ပြီးယာလို့ ပြောစွာက သာ၍ လွယ်ကူမည်လော’ သို့မဟုတ် ‘ထပြီးကေ လမ်းလျှောက်လိုက်’ ဟု ပြောစွာက သာ၍ လွယ်ကူမည်လော။ 6လူသားသည် မြီကြီးထက်တွင် အပြစ်ရွှတ်ပိုင်ခွင့် အာဏာဟိသည်ကို ငါ သက်သီပြမည်။” ထို့ကြောင့် ကိုယ်တော်က ခြီလက်သီနိန်သူအား “ထ၍ သင့်အိပ်ရာကို ယူဆောင်ပြီးလျှင် အိမ်သို့ ပြန်လီ” ဟု မိန့်တော်မူ၏။
7ထိုအခါ ခြီ၊ လက်သီနိန်သောသူသည် ထ၍ အိမ်သို့ ပြန်လားလေ၏။ 8လူတိက ဤအရာကို မြင်ကြသောခါ အလွန်ကြောက်ရွံ့ကြ၏။ ဤသို့သော အခွင့်အာဏာကို လူတိအား ပီးတော်မူသော ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
ယေသျှုသည် မဿဲအား ခေါ်တော်မူခြင်း
9ယေသျှုသည် ထိုအရပ်မှ ထွက်၍ လမ်းလျှောက်လာသောအခါ မဿဲဟုခေါ်သော အခွန်ကောက်ခံသူ တစ်ယောက်သည် သူ၏ရုံး၌ ထိုင်နိန်သည်ကို မြင်လျှင် “ငါ့နောက်ကို လိုက်ခ” ဟု မိန့်တော်မူ၏။
မဿဲသည်လည်း ထ၍ ယေသျှုနောက်သို့ လိုက်လေ၏။
10ယေသျှုသည် မဿဲ၏အိမ်#၉.၁၀ မဿဲ၏အိမ်၊ သို့မဟုတ် သူ၏အိမ် (ယေသျှု၏ အိမ်)။၌ ထမင်းစားနိန်စဉ်တွင် အခွန်ကောက်ခံသောသူတိ၊ အပယ်ခံထားရသောသူတိသည်လည်း ယေသျှုနှင့် တပည့်တော်တိစားပွဲ၌ ဝင်ရောက်ကာ စားသောက်နိန်ကြ၏။ 11ထိုအမှုအရာကို ဖာရိယှဲရို့သည် မြင်သောအခါ “သင်ရို့ဆရာသည် ဤသို့သောသူတိနှင့်အတူ ဇာကြောင့် စားသောက်နိန်သနည်း” ဟု တပည့်တော်ရို့အား မိန်းကြ၏။
12ယေသျှုသည် ထိုအကြောင်းကို ကြားတော်မူလျှင် “ကျန်းမာသောသူတိသည် ဆီးသမားကို အလိုမဟိ၊ မကျန်းမာသောသူတိကသာ ဆီးသမားကို အလိုဟိကြ၏။ 13#မ ၁၂.၇‘တိရိစ္ဆာန်နှင့် ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားကရုဏာထားခြင်း အကျင့်ကို ငါ ပို၍ နှစ်သက်၏’ ဟူသော ကျမ်းစကားကို နားလည်စီခြင်းငှာ သင်ရို့သည် လား၍ သင်ယူကြလော့။ ငါမူကား ဖြောင့်မတ်သောသူတိကို ခေါ်ခြင်းငှာ လာသည်မဟုတ်၊ အပြစ်သားတိကို ခေါ်ခြင်းငှာ ကြွလာခြင်းဖြစ်၏။”
အစာယှောင်ခြင်းအကြောင်း မိန်းလျှောက်ခြင်း
(မာကု ၂.၁၈–၂၂; လုကာ ၅.၃၃–၃၉)
14ထိုအခါ ဗတ္တိဇံယောဟန်၏တပည့်များသည် ယေသျှုထံပါးသို့ ရောက်လာကြပြီးလျှင် “အကျွန်ရို့နှင့် ဖာရိယှဲရို့သည် မကြာခဏ အစာယှောင်ကြပါ၏။ သို့ရာတွင် ကိုယ်တော်၏ တပည့်တော်ရို့သည်ကား ဇာကြောင့် အစာမယှောင်ကြသနည်း” ဟု မိန်းလျှောက်ကြ၏။
15ယေသျှုကလည်း “မင်္ဂလာဆောင်ပွဲ၌ အာဂန္တုရို့သည် မင်္ဂလာဆောင်သတို့သားနှင့် အတူဟိနိန်ကြစဉ်တွင် သူရို့သည် ဝမ်းနည်းကြမည်ဟု သင်ရို့ထင်ကြသလား။ ထိုသို့မဟုတ်၊ မင်္ဂလာဆောင်သတို့သားကို သူရို့ထံပါးမှ ခွဲယူလားသောနိ့ ရောက်လာသောအခါ သူရို့သည် အစာယှောင်ကြလိမ့်မည်။
16“ဇာသူလည်း အင်္ကျီဟောင်းကို အထည်သစ်နှင့် ဖာလေ့မဟိ။ ထိုသို့ပြုလျှင် အထည်သစ်က စားသဖြင့် အင်္ကျီအပေါက်သည် သာ၍ ကျယ်တတ်၏။ 17ထိုနည်းတူ ဇာသူလည်း သားရီဗူးအဟောင်းထဲမှာ စပျစ်ရည်အသစ်ကို ထည့်လေ့မဟိ။ ထိုသို့ ထည့်လျှင် သားရီဗူးအဟောင်းသည် ကွဲထွက်၍ စပျစ်ရည်သည်လည်း ယိုထွက်လားပြီးလျှင် သားရီဗူးလည်း ပျက်စီးတတ်၏။ သို့ဖြစ်၍ စပျစ်ဝိုင်အသစ်ကို သားရီဗူးအသစ်ထဲ၌သာ ထည့်ကြ၏၊ ယေမှရာ နှစ်ခုစလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်လိမ့်မည်။”
အရာဟိသမီးတစ်ယောက်နှင့် ယေသျှု၏ဝတ်ရုံအနားပန်းဖွားကို လာတို့သောမိန်းမ
(မာကု ၅.၂၁–၄၃; လုကာ ၈.၄၀–၅၆)
18ယေသျှုသည် ဤအကြောင်းအရာများကို မိန့်တော်မူနိန်စဉ် ယုဒလူမျိုး အရာဟိတစ်ယောက်သည် ကိုယ်တော်ပါးသို့ ရောက်လာ၍ ကိုယ်တော်ရှိ့တော်၌ ပျပ်ဝပ်လျက် “အကျွန့်သမီး သီကျလားသည်မှာ မကြာသိမ့်ပါ၊ သို့သော်လည်း ကိုယ်တော်သည် ကြွလာ၍ သူမထက်မှာ လက်ကို တင်ပီးတော်မူပါ၊ သူမသည် အသက်ရှင်လာလိမ့်မည်” ဟု လျှောက်လေ၏။
19ထို့ကြောင့် ယေသျှုသည် ထ၍ သူ့နောက်သို့ လိုက်လေ၏၊ ကိုယ်တော်၏တပည့်တော်တိလည်း ကိုယ်တော်နှင့်အတူ လိုက်ပါကြ၏။
20ထိုအခါ တစ်ဆယ့်နှစ်နှစ်ကာလပတ်လုံး သွီးသွန်နာစွဲနိန်သော မိန်းမတစ်ယောက်သည် ယေသျှုနောက်သို့ လိုက်လာပြီး ကိုယ်တော်၏ဝတ်ရုံအနားပန်းဖွားကို တို့ထိလေ၏။ 21သူမက “အကျွန်သည် ကိုယ်တော်၏ဝတ်ရုံအနားပန်းဖွားကို တို့ထိခွင့်ရလျှင် တောင်မှ ကျန်းမာလားလိမ့်မည်” ဟု မိမိကို မိမိ ပြောဆိုနိန်၏။
22ယေသျှုသည် နောက်သို့ ပြန်လှည့်ကြည့်၍ သူမကိုမြင်ပြီး “မစိုးရိမ်ကေ့ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစီယာ” ဟု မိန့်တော်မူ၏။ ယင်းအချိန်၌ပင် ထိုမိန်းမ၏အနာသည် ပျောက်ကင်းလားလေ၏။
23ထိုနောက် ယေသျှုသည် အရာဟိအိမ်သို့ ရောက်လေ၏။ ကိုယ်တော်သည် အသုဘအခမ်းအနားအတွက် တီးမှုတ်နိန်ကြသူများနှင့် ရုတ်ရုတ်တ်သဲသဲ ဖြစ်နိန်ကြသောလူအုပ်ကြီးကို မြင်သောအခါ 24ကိုယ်တော်က “အားလုံး အပြင်သို့ ထွက်ကတ်၊ ဤမိန်းမသျှေသည်ကား သီလားစွာမဟုတ် — အိပ်ပျော်နိန်စွာရာဖြစ်သည်” ဟု မိန့်တော်မူလိုက်၏။ ထိုအခါ သူရို့အားလုံးက ကိုယ်တော့်ကို ပျက်ရယ်ပြုကြ၏။ 25သို့သော် လူတိ ထွက်လားကြသည်နှင့်တပြိုင်နက်၊ ယေသျှုသည် မိန်းမသျှေ၏အခန်းထဲသို့ ဝင်ပြီးလျှင် သူမ၏လက်ကို ကိုင်၍ ဆွဲထူလိုက်သောခါ သူမသည် မတ်တတ်ထလေ၏။ 26ဤသတင်းသည် ထိုဒေသတစ်ခုလုံး၌ ပြန့်နှံ့လားလေ၏။
ယေသျှုက မျက်ကန်းနှစ်ယောက်ကို မျက်စိမြင်စီခြင်း
27ယေသျှုသည် ထိုအရပ်မှ ထွက်၍ လမ်းလျှောက်လာစဉ်တွင် မျက်ကန်းနှစ်ယောက်သည်လည်း ကိုယ်တော်၏နောက်မှ လိုက်လာကြ၏။ သူရို့က “ဒါဝိဒ်၏သားတော်၊ အကျွန်ရို့ကို သနားတော်မူပါ” ဟု အော်ဟစ်ကြ၏။
28ယေသျှုသည် အိမ်ထဲသို့ ဝင်သောအခါ မျက်ကန်းနှစ်ယောက်သည်လည်း ကိုယ်တော်၏နောက်က ဝင်လာကြသဖြင့် ကိုယ်တော်က “ငါသည် သင်ရို့ကို ကျန်းမာအောင် လုပ်နိုင်သည်ဟု သင်ရို့ ယုံကြည်ကတ်လား” ဟု သူရို့အား မိန်းတော်မူ၏။
သူရို့ကလည်း “ဟုတ်ပါရေ၊ ဆြာ” ဟု လျှောက်ကြ၏။
29ထိုအခါ ယေသျှုသည် သူရို့၏မျက်စိကို တို့တော်မူပြီးလျှင် “သင်ရို့ ယုံကြည်သည့်အတိုင်း သင်ရို့၌ ဖြစ်ကတ်စီ” ဟု မိန့်တော်မူသည်နှင့် — 30သူရို့သည် မျက်စိပြန်မြင်ကြလေ၏။ ယေသျှုက “ဤအကြောင်းကို တစ်ယောက်ကိုလည်း မပြောကတ်ကေ့” ဟု ထိုသူရို့အား တင်းကြပ်စွာ မိန့်မှာတော်မူလေ၏။
31သို့သော်လည်း သူရို့ ထွက်လားပြီးနောက် ယေသျှု၏ သတင်းသည် ထိုဒေသတစ်ခုလုံးသို့ ပြန့်နှံ့လေ၏။
ယေသျှုသည် လူအ တစ်ယောက်ကို စကားပြောနိုင်အောင် လုပ်ပီးခြင်း
32ထိုသူနှစ်ယောက် ထွက်လားကြသောအခါ လူတချို့သည် နတ်ဆိုးဝင်ပူးနိန်သောကြောင့် စကားမပြောနိုင်သော လူအ တစ်ယောက်ကို ယေသျှုပါးသို့ ခေါ်ဆောင်လာကြ၏။ 33သို့သော် နတ်ဆိုးကို မောင်းထုတ်လိုက်သည်နှင့်တပြိုင်နက်၊ ထိုသူသည် စကားပြောနိုင်သည်ဖြစ်၍ လူတိုင်းက အံ့သြကြလေ၏။ သူရို့က “ဣသရေလလူမျိုးထဲ၌ ဤသို့သော အရာတိကို ငါရို့ တစ်ခါမျှ မတွိ့ဖူးပါကား” ဟု အံ့ဩကြ၏။
34 # မ ၁၀.၂၅; ၁၂.၂၄; မာ ၃.၂၂; လု ၁၁.၁၅ သို့ရာတွင် ဖာရိယှဲရို့က “နတ်ဆိုးတိကို မောင်းထုတ်ဖို့အတွက် နတ်ဆိုးခေါင်းဆောင်က ယေသျှုကို တန်ခိုးပီးထားခြင်း ဖြစ်သည်” ဟု ပြောဆိုကြ၏။
ယေသျှုသည် လူတိအား သနားတော်မူခြင်း
35 # မ ၄.၂၃; မာ ၁.၃၉; လု ၄.၄၄ ယေသျှုသည် အားလုံးသော မြို့များနှင့် ကျေးလက်တောရွာများကို လှည့်လည်၍ ကြွချီတော်မူ၏။ ကိုယ်တော်သည် တရားဇရပ်များ၌ ဆုံးဩဝါဒ ပီးတော်မူ၍ နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောကြားပြီးလျှင် မကျန်းမာသောသူတိနှင့် အနာရောဂါအမျိုးမျိုး ခံစားနိန်ရသောသူရို့ကို ကျန်းမာစီတော်မူ၏။ 36#မာ ၆.၃၄ကိုယ်တော်သည် လူစုလူဝေးကြီးကို မြင်သောအခါ သူ၏နှလုံးသားထဲ၌ ထိုသူများကို အလွန်သနားစိတ်ဝင်လေ၏။ ဇာကြောင့်ဆိုသော် သူရို့သည် သိုးထိန်းမဟိသော သိုးများကဲ့သို့ ကူညီသူမဟိဘဲ စိုးရိမ်စိတ် ဝင်နိန်ကြသောကြောင့်ဖြစ်၏။ 37#လု ၁၀.၂ထို့ကြောင့် ကိုယ်တော်က “ရိတ်စရာစပါးတိ အများကြီးဟိသော်လည်း ရိတ်သိမ်းသောသူ အလွန်နည်းကြသည်ဖြစ်၍ 38စပါးရိတ်သိမ်းမည့်သူများကို စီရွှတ်ပီးရန်၊ စပါးသျှင်ပါးမှာ ဆုတောင်းကြပါ” ဟု တပည့်တော်တိအား မိန့်တော်မူ၏။

Currently Selected:

မဿဲ 9: NTRKB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in