YouVersion Logo
Search Icon

မဿဲ 13

13
မျိုးစေ့ကြဲမားရဲ့ ပေါင်ဥပမာကြောန်း
(မာကု ၄.၁–၉; လုကာ ၈.၄–၈)
1အယ်နေ့မာ ယေရှုဟှာ အီဟှနေ ထွပ်ကြွဟှားဘီး အိုင်ကမ်းနားမာ ထိုင်နေလေဟှယ်။ 2#လု ၅.၁–၃ ကိုယ်တော်နားမာ စုဝီးနေဟှူ လူအောက်ဂီးဟှာ ရရာတိုင်း များဂေ့ကြောန့် လှေထတ်ဟှို တတ်ဘီး ထိုင်နေလေဟှယ်။ အယ်ခီမာ လူအောက်ဂီးဟှာ ကမ်းနားမာ ရပ်နေဂေ့လေဟှယ်။ 3ကိုယ်တော်ဟှာ အယ်သူလေဟှို ပေါင်ဥပမာလေဘောင်းဂီးန သွန်သန်လေဟှယ်။
“မျိုးစေ့ကြဲမားတယော့‑က်ဟှာ မျိုးစေ့ကြဲဟှို့တွပ် ထွပ်ဟှားလေဟှယ်။ 4သူဟှာ မျိုးစေ့ဟှို ကြဲဟှူ ခီမာ တချို့စေ့လေဟှာ လမ်းထတ်မာ က္လဟှိကြောန့် ငှတ်လေလာဘီးဟှာ ကော့‑က်စားဂေ့လေဟှယ်။ 5တချို့မျိုးစေ့လေဟှာ မ္လေနဲဘီး က္လော့‑က်များဟှူ နေရာလေမာ က္လဟှယ်။ မ္လေနဲကြောန့် စေ့လေဟှာ ဗြန်းဗြန်ပန်ပေါ့‑က်လာဟှယ်။ 6အယ်ဘေမဲ့ နေထွပ်လာဟှူ ခီမာ ပြစ်စွဲဘဲကြောန့် ပူဒန်ဟှို ခံနိုင်ဘဲ ခြော့‑က်ဟှားလေဟှယ်။ 7တချို့မျိုးစေ့လေဟှာ ဆူးဒေါထဲဟှို က္လဟှိကြောန့် ဆူးချောင်လေကြားမာ ကီးထွားနိုင်ဘဲ သေဂေ့လေဟှယ်။ 8တချို့စေ့လေဟှာ ကောန်းဟှူမ္လေမာ က္လဟှူကြောန့် ပန်လေပေါ့‑က်လာဘီး တချို့ဟှ ဆသောင်းဆယ်၊ တချို့ဟှ ဆခြော့‑က်ဆယ်၊ တချို့ဟှ ဆတရာ ပွားများလာဘီးဟှာ သီးသီးဂေ့လေဟှယ်။”
9ယေရှုဟှ “နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
ပေါင်ဥပမာလေရဲ့ ရည်ရွယ်ချစ်
(မာကု ၄.၁၀–၁၂; လုကာ ၈.၉,၁၀)
10တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဂေ့ဘီးဟှာ “ကိုယ်တော်ဟှာ ဖြားဖြစ်ကြောန့် အယ်သူလေဟှို ပေါင်ဥပမာလေန ဟောပြောဟှယ်နူး” ဆိုဘီး မေးလျှော့‑က်ဂေ့လေဟှယ်။
11ကိုယ်တော်ဟှ “နန်းနို့လေဟှာ ကောန်းဂန်နိုင်ငံတော်ရဲ့ နတ်နဲဟှူ ကြောန်းရာလေဟှို သိခွမ့်ရှိဂေ့ဟှယ်။ အယ်ဘေမဲ့ တခြားသူလေဟှာ သိခွမ့် မှေ့ဟှ။ 12#မ ၂၅.၂၉; မာ ၄.၂၅; လု ၈.၁၈; ၁၉.၂၆ရှိဟှူလူဟှို ထပ်ပေးဘီး သူ့ဟှို ကြွယ်ဝစေလေ့မယ်။ မှေ့ဘဲဟှူ လူနားဟှ ရှိဟှူမျှဟှို နှုလေ့မယ်။ 13အယ်ကြောန့် သူးနို့လေဟှာ ကေ့နေဘေမဲ့လည်း ဗြင်ဂေ့ဟှ။ နားထောန်နေဘေမဲ့လည်း ကြားဂေ့ဟှ။ နတ်ဓိပါယ်ဟှိုလည်း နားလည်ဘဲကြောန့် ပေါင်ဥပမာဟှို သောင်းပြုဘီး ငါဟောပြောရဟှယ်။ 14ပရောဖက် ဟေရှာယ ဟောပြောဖူးဟှူ အနာဂတ္တိကျမ်းစကားဟှာ အယ်သူလေမာ ပ္လဲ့ဇောင်ရှင်းဟှို ရော့‑က်လေဟှယ်။ ဟောပြောဟှားဇာဟှ
“‘အယ်လူလေဟှာ ကြားနေဘေမဲ့လည်း နတ်ဓိပါယ်ဟှို နားလည်ဘဲန ကြားဂေ့လေ့မယ်။
ဗြင်နေဘေမဲ့လည်း အာရောင်ရော့‑က်ဘဲန ဗြင်ဂေ့လေ့မယ်။
15ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူလေရဲ့ စိနှလောင်းဟှာ ထူထိုင်းနေဘီး
နားဟှလည်း ကြားဂေ့ဟှ။
အယ်ဘီးဟှာ မျစ်စိလည်း ပိနေဂေ့ဟှယ်။
အယ်သူလေရဲ့ မျစ်စိဟှာ ဗြင်ဘီး
အယ်သူလေရဲ့ နားဟှလည်း ကြားဘီး
အယ်သူလေရဲ့ စိနှလောင်းဟှာ နားလည်ဘီး
အယ်သူလေဟှာ ငါ့နားဟှို ပ္လန်လာမယ် ဆိုဟှာ
ငါဟှာ အယ်သူလေဟှို ကျန်းမာစေမယ်’ ” ဆိုဘီး ပြောလေဟှယ်။
16 # လု ၁၀.၂၃,၂၄ “နန်းနို့လေရဲ့ မျစ်စိဗြင်ဘီး နန်းနို့လေရဲ့ နားကြားဟှိကြောန့် မင်္ဂလာရှိဟှယ်။ 17ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ဗြင်ရဟှူဇာလေဟှို ပရောဖက်လေန ဖြောန့်မတ်ဟှူသူလေဟှာ ဗြင်တွိရှင်လည်းဘဲ့ ဗြင်တွိရဂေ့ဟှ။ နန်းနို့ကြားရဟှူဇာလေလည်း ကြားရဂေ့ဟှ။
မျိုးစေ့ကြဲမားရဲ့ ပေါင်ဥပမာဟှို ရှင်းပြဟှူကြောန်း
(မာကု ၄.၁၃–၂၀; လုကာ ၈.၁၁–၁၅)
18“အယ်ကြောန့် မျိုးစေ့ကြဲမားရဲ့ ပေါင်ဥပမာရဲ့ နတ်ဓိပါယ်ဟှို နားထောန်ဂေ့။ 19လမ်းမာက္လဟှူ မျိုးစေ့ကြောန်းဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်တရားစကားဟှို ကြားရဘေမဲ့လည်း နားလည်ဘဲဟှူ လူလေနတူဟှယ်။ နှလောင်းထဲဟှမျိုးစေ့ဟှို နတ်ဆိုးဟှာ လာဘီး နှုယူဟှားဟှယ်။ 20က္လော့‑က်ပေါဟှူမ္လေထတ်မာ က္လဟှူမျိုးစေ့ ဆိုဇာဟှာ တရားစကားဟှို ကြားဟှူနကြားရှင်း ဝန်းသာအားရခံယူဟှူလူဟှို ဆိုလိုဟှယ်။ 21အယ်ဘေမဲ့ စိနှလောင်းထဲမာ ပြစ်စွဲဘဲဟှူကြောန့် တရားစကားအားဖြင့် ညှင်းဆဲမှုလေဟှို ခံလာရဟှူ ခီမာ ရှစ်ရှင်းဖော့‑က်ပ္လန်ဟှားဟှယ်။ 22ဆူးချောင်မာ က္လဟှူမျိုးစေ့ဟှာ တရားစကားဟှို ကြားရဘေမဲ့ ဘဝရဲ့ စိုးရိမ်ပူပန်မှုလေန စည်းဇိမ်အောက်စာလေရဲ့ လှည့်စားမှုလေအားဖြင့် တရားစကားဟှို တားဆီးလိုက်ဟှူကြောန့် သီးသီးဘဲဟှူသူလေဟှို ဆိုလိုဟှယ်။ 23ကောန်းဟှူမ္လေမာ က္လဟှူမျိုးစေ့ကြောန်းရာဟှ တရားစကားဟှို ကြားရခီမာ ဝန်းသာအားရခံယူဘီး ဆင်ခြင်နှလောင်းသွမ်းဟှိကြောန့် တချို့ဟှ ဆသောင်းဆယ်၊ တချို့ဟှ ဆခြော့‑က်ဆယ်၊ တချို့ဟှ ဆတရာ သီးသီးဟှူ သူလေဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ဗြစ်ပန်ရဲ့ ပေါင်ဥပမာကြောန်း
24ယေရှုဟှာ တခြားပေါင်ဥပမာန မိန့်တော်မူဟှူဇာဟှာ “ကောန်းဂန်နိုင်ငံတော်ဟှာ ကောန်းဟှူမျိုးစေ့ဟှို လယ်ထဲမာ ကြဲမားနတူလေဟှယ်။ 25လယ်သမားလေ အိမွိနေခီမာ ရန်သူလာဘီးဟှာ ဂျောင်မျိုးစေ့လေကြားထဲမာ ဗြစ်စေ့လေဟှို ကြဲလေဟှယ်။ 26အပန်လေပေါ့‑က်လာဘီး သီးနှံထွပ်လာခီမာ တောဗြစ်ပန်လေလည်း ထန်ရှားလာလေဟှယ်။ 27လယ်ဇရှင်ရဲ့ စေခံလေဟှ လယ်ဇရှင်နားဟှို လာဘီး ‘သခင်၊ ကျွန်တော်ဟှားလေဟှာ ကောန်းဟှူမျိုးစေ့ဟှို လယ်ထဲမာ ကြဲပါဟှယ်။ တောဗြစ်ပန်လေဟှ ဖယ်နေရာဟှ ရော့‑က်လာပါနူး’ ဆိုဘီး မေးဂေ့လေဟှယ်။ 28လယ်ဇရှင်ဟှ ‘အယ်မျိုးဖြစ်ဇာဟှာ ရန်သူလောက်ဇာဖြစ်ဟှယ်’ ဆိုဘီး ပ္လန်ပြောလိုက်ဟှယ်။ စေခံလေဟှ ‘ကျွန်တော်ဟှားလေ သွားနှုပစ်ရဟှို့လော’ ဆိုဘီး မေးဂေ့လေဟှယ်။ 29လယ်ဇရှင်ဟှ ‘နှုပစ်နအူး။ တောဗြစ်ပန်လေဟှို နှုဟှယ် ဆိုဟှာ ဗားဗန်လေလည်း ရောဘီးဟှာ နှုမိလေ့မယ်။ 30ဗားရိခီထိ တူးဒူကီးနေပါစေ။ ဗားရိကာလမာ ရင်ဦးဆောင်း တောဗြစ်ပန်လေဟှို ဝွီးနှုဘီးဟှာ မီးရှို့ဟှို့တွပ် ကြိုးနခယ်ဂေ့။ ဗားလေဟှို စုသီးဘီးဟှာ ဗားဂတ်ထဲဟှို ထဲ့ဂေ့’ ဆိုဘီး ဗားရိမားလေဟှို ငါပြောမယ် ဆိုဘီး လယ်ဇရှင်ဟှ ပြောလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
မုညှင်းစေ့ရဲ့ ပေါင်ဥပမာကြောန်း
(မာကု ၄.၃၀–၃၂; လုကာ ၁၃.၁၈,၁၉)
31ယေရှုဟှာ တခြားပေါင်ဥပမာအားဖြင့် “ကောန်းဂန်နိုင်ငံတော်ဟှာ လယ်ထဲမာစိုက်ဟှူ မုညင်းစေ့နတူလေဟှယ်။ 32မုညင်းစေ့ဟှာ စေ့လေအားလောင်းထဲမာ အငယ်ဆောင်းဖြစ်ဘေမဲ့လည်း ကီးတတ်လာဟှူ ခီမာ ဗြစ်ပန်လေ အားလောင်းထဲမာ ကီးဆောင်းဖြစ်ဟှယ်။ အယ်ကြောန့် ကောန်းဂန်ငှတ်လေဟှာ သစ်ကိုင်းသစ်ခပ်လေမာ သိုက်လောက်ဘီး ခိုနားနိုင်ဟှူ သစ်ပန်တဗန်ဖြစ်လာလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
တဆေးရဲ့ ပေါင်ဥပမာကြောန်း
(လုကာ ၁၃.၂၀,၂၁)
33ယေရှုဟှာ တခြားပေါင်ဥပမာအားဖြင့် “ကောန်းဂန်နိုင်ငံတော်ဟှာ တဆေးန တူဟှယ်။ မီးမတယော့‑က်ဟှာ တဆေးဟှို ယူဘီး မုညစ်သောင်းတောန်းထဲဟှို ထဲ့လိုက်ဘီးဟှာ မုညစ် အားလောင်းဂူဟှို ဖောန်းကြွစေတတ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ပေါင်ဥပမာလေဟှို သောင်းပြုဟှူကြောန်း
(မာကု ၄.၃၃,၃၄)
34ယေရှုဟှာ လူအောက်ဂီးဟှို အယ်မူကြောန်းရာလေဟှို ပေါင်ဥပမာလေအားဖြင့် ဟောပြောတော်မူဘီး ပေါင်ဥပမာပါဘဲန ဖြားကြောန်းရာလေဟှိုမှ ဟောပြောတော် မှုဟှ။ 35ကိုယ်တော်ဟှာ အယ်မူမျိုး ဟောပြောဟှားဇာဟှ
“ငါဟှာ ပေါင်ဥပမာလေဟှို သောင်းပြုဘီး သူးနို့ဟှို ငါပြောမယ်။
ကမ္ဘာဦးဟှနေဘီး ကွယ်ဝှပ်ဟှားဟှူဇာလေဟှို ဖော်ပြပေးမယ်” ဆိုဘီး ပရောဖက်ပြောဟှားဇာ ပ္လဲ့ဇောင်ဟှို့တွပ် ဖြစ်လေဟှယ်။
ဗြစ်ပန်ရဲ့ ပေါင်ဥပမာဟှို ရှင်းပြဟှူကြောန်း
36အယ်ဘီးန ယေရှုဟှာ တရားတော်ဟှို ဆောင်းသတ်ဘီးဟှာ အီထဲဟှို ဝမ်လေဟှယ်။ တဗဲ့တော်လေလည်း ကိုယ်တော်နားဟှို လာဂေ့ဘီးဟှာ “လယ်ထဲမာကြဲဟှူ ဗြစ်စေ့ရဲ့ ပေါင်ဥပမာနတ်ဓိပါယ်ဟှို ကျွန်တော်ဟှားလေဟှို ပြောပြပေးပါ” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
37ယေရှုဟှ “ကောန်းဟှူမျိုးစေ့ဟှို ကြဲမားဟှာ လူ့ရဲ့သားဖြစ်ဟှယ်။ 38လယ်ဟှာ အယ်လောကဖြစ်ဟှယ်။ ကောန်းဟှူမျိုးစေ့ဟှ နိုင်ငံတော်သားဖြစ်ဟှယ်။ ဗြစ်စေ့ဟှာ နတ်ဆိုးရဲ့ သားလေဖြစ်ဟှယ်။ 39ဗြစ်စေ့ဟှို ကြဲဟှူရန်သူဟှာ မာရ်နတ်ဖြစ်ဟှယ်။ ဗားရိဟှူကာလဟှာ အယ်ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြစ်ဘီး ဗားရိမားလေဟှာ ကောန်းဂန်တမန်လေဖြစ်ဟှယ်။ 40တောဗြစ်ပန်လေဟှို စုသီးဘီးဟှာ မီးရှို့ဟှူမျိုး ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြစ်ရလေ့မယ်။ 41လူ့ရဲ့သားဟှာ သူ့ရဲ့ ကောန်းဂန်တမန်လေဟှို စေလွှတ်ဘီးဟှာ လူလေဟှို လမ်းလွဲဘီး မှားယွင်းအောန်လောက်ဟှူ သူလေန တရားဘဲဟှူ သူလေ အားလောင်းဂူဟှို နိုင်ငံတော်ထဲဟှ ဝီးထုဘီးဟှာ၊ 42တော့‑က်လောန်နေဟှူ မီးဖိုထဲဟှို ပစ်ခ္လစေတော်မူမယ်။ အယ်သူလေလည်း အံသွားခဲက္လိဘီး ငိုကြွေးရဂေ့လေ့မယ်။ 43အယ်ဘီးန ဖြောန့်မတ်ဟှူ လူလေဟှာ သူးနို့ရဲ့ ဖနိုင်ငံတော်မာ နေတော့‑က်ပမျိုး တော့‑က်ပလေ့မယ်။ နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!
ဝှပ်ဟှားဟှူဘဏ္ဍာ ပေါင်ဥပမာကြောန်း
44“ကောန်းဂန်နိုင်ငံတော်ဟှာ လယ်ထဲမာဝှပ်ဟှားဟှူ ဘဏ္ဍာနတူလေဟှယ်။ လူတယော‑က်ဟှာ ဘဏ္ဍာဟှို တွိဟှူ ခီမာ ပ္လန်ဖောင်းအောက်ဘီး ဝန်းသာအားရန ပ္လန်ဟှားဘီး သူမာရှိဟှူ ပစ်စီးလေ အားလောင်းဂူဟှို ရောန်းဘီးဟှာ အယ်လယ်ဟှို ဝယ်လေဟှယ်။
ပုလဲ ပေါင်ဥပမာကြောန်း
45“အယ်ဘီးဟှာ ကောန်းဂန်နိုင်ငံတော်ဟှာ ကောန်းဟှူ ပုလဲဟှို ရှာနေဟှူ ကူသယ်န တူဟှယ်။ 46အယ်မူကူသယ်ဟှာ ကောန်းဟှူ ပုလဲဟှို တွိရဟှူ ခီမာ သူ့မာရှိဇာ အားလောင်းဂူဟှို ရောန်းဘီးဟှာ အယ်ပုလဲဟှို ဝယ်လေဟှယ်။
ပိုက်ကွန် ပေါင်ဥပမာကြောန်း
47“အယ်ဘီးဟှာ ကောန်းဂန်နိုင်ငံတော်ဟှာ ပန်လယ်ထဲဟှ ငါးလေဟှို ဖမ်းဟှူပိုက်ကွန်နတူလေဟှယ်။ 48ပိုက်ကွန်ထဲမာ ငါးလေပ္လဲ့ဟှားခီမာ ငါးဖမ်းမားလေဟှ ကူးထပ်ဟှို ဆွဲဒန်ဘီး ကောန်းဟှူငါးလေဟှို တောန်းထဲမာ ဝီးထဲ့ဘီးဟှာ ကောန်းဘဲဟှူငါးလေဟှို ပ္လန်ဟှို ပစ်ထုလိုက်ဂေ့ဟှယ်။ 49အယ်မူတိုင်းဘဲ့ ကပ်ကမ္ဘာကူဆောင်းဟှူ ခီမာ ကောန်းဂန်တမန်လေ ဆင်းလာဘီး ဖြောန့်မတ်ဟှူသူလေထဲဟှ ဆိုးယောက်ဟှူသူလေဟှို ခွဲထုဘီးဟှာ 50တော့‑က်လောန်နေဟှူ မီးဖိုထဲဟှို ပစ်ခ္လလေ့မယ်။ အယ်သူလေဟှာ အံသွားခဲက္လိဘီး ငိုကြွေးရဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ဘဏ္ဍာသစ်န ဘဏ္ဍာဟောန်းကြောန်း
51ယေရှုဟှ “အယ်ကြောန်းရာလေ အားလောင်းဂူဟှို နန်းနို့လေ နားလည်ဂေ့ဘဲ့လော” ဆိုဘီး မေးတော်မူလိုက်ဟှယ်။
တဗဲ့တော်လေဟှ “နားလည်ပါဘီ သခင်” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
52ကိုယ်တော်ဟှ “အယ်မူဇာဟှာ ကောန်းဂန်နိုင်ငံတော်ရဲ့ ကြောန်းရာဟှို သန်ယူဘီး တဗဲ့ဖြစ်လာဟှူ ကျမ်းပြုဆရာဟှာ ကိုယ့်ရဲ့ ဘဏ္ဍာတိုက်ထဲဟှ ပစ်စီးသစ်န ပစ်စီးဟောန်းလေဟှို ထုယူတတ်ဟှူ အီရှင်နတူလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
နာဇရက်ဗြို့မာ ငြင်းပယ်ခံရဟှူကြောန်း
(မာကု ၆.၁–၆; လုကာ ၄.၁၆–၃၀)
53အယ်ပေါင်ဥပမာလေဟှို ယေရှု မိန့်တော်မူဘီးန ကိုယ်တော်ဟှာ အယ်ရပ်ဟှနေ ထွပ်ဟှားဘီး 54နေထိုင်ဟှူ ဗြို့ဟှို ပ္လန်ကြွဟှားတော်မူဟှယ်။ ကိုယ်တော်ဟှာ ဝါလယ်ဇရပ်မာ သွန်သန်လေဟှယ်။ အယ်မူဇာဟှို ကြားရဟှူ လူလေလည်း အံ့ဩဂေ့ဟှယ်။ “အယ်သူဟှာ အယ်ပညာဟှို ဖယ်ဟှရလာနူး။ အယ်နိမိတ်လတ်ခဏာလေလည်း ဖယ်ဟှရလာနူး။ 55သူဟှာ လတ်သမားရဲ့သား မှုဟှလော။ သူ့မိဟှာ မာရိ မှုဟှလော။ သူ့ညီလေဟှာ ယာကုပ်၊ ယောသပ်၊ ရှိမုန်၊ ယုဒ မှုဟှလော။ 56သူ့ရဲ့ညီမလေလည်း နို့လေနားမာ နေဂေ့ဟှယ် မှုဟှလော။ အယ်ဆိုဟှာ အယ်သူဟှာ အယ်နိမိတ်လတ်ခဏာလေဟှို ဖယ်ဟှရလာနူး” ဆိုဘီး သူးနို့ဟှ မေးဂေ့ဟှယ်။ 57#ယော ၄.၄၄အယ်ကြောန့် သူးနို့ဟှာ ကိုယ်တော့်ဟှို ငြင်းပယ်ဂေ့လေဟှယ်။
ယေရှုဟှ “ပရောဖက်ဟှာ ကိုယ့်ဗြို့ ကိုယ့်အီဟှနေလွဲဘီး နေရာတိုင်းမာ လေးစားခံရဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 58အယ်သူလေဟှာ ယောင်ကြည်ဘဲကြောန့် ကိုယ်တော်ဟှာ အယ်နေရာမာ အံ့ဘွယ်တဂိုးလေဟှို ဘောင်ဂီးပြတော်မူဟှ။

Currently Selected:

မဿဲ 13: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in