YouVersion Logo
Search Icon

မဿဲ 14

14
ဗတ္တိဇံယောဟန် သေဆောင်းဟှူကြောန်း
(မာကု ၆.၁၄–၂၉; လုကာ ၉.၇–၉)
1အယ်ခီမာ ဂါလိလဲပြည်ဟှို အောက်ချောက်ဟှူ ဟေရုဒ်ဟှာ ယေရှုရဲ့ ဒန်းဟှို ကြားရဟှူ ခီမာ 2“အယ်သူဟှာ ဗတ္တိဇံယောဟန်ဘဲ့ ဖြစ်ဟှယ်။ သူဟှာ သေရာဟှနေ ပ္လန်ရှင်လာဘီ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နိမိတ်လတ်ခဏာလေ ပြဟှို့တွပ် အယ်တဂိုးဟှာ သူ့မာရှိနေဟှယ်” ဆိုဘီး သူ့ရဲ့ စေခံလေဟှို ပြောဆိုလေဟှယ်။
3 # လု ၃.၁၉,၂၀ ဟေရုဒ်ဟှာ သူ့ညီ ဖိလိပ္ပုရဲ့ မယား ဟေရောဒိကြောန့် ယောဟန်ဟှို ဖမ်းဘီးဟှာ ထောန်ထဲမာ ချောက်ဟှားလေဟှယ်။ 4ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယောဟန်ဟှ “မန်းဂီးဟှာ ကိုယ့်ညီရဲ့ မယားဟှို သီးယူဇာဟှာ ပညတ်တော်နညီဟှ!” ဆိုဘီးဟှာ ဟေရုဒ်ဟှို ပြောဟှားဖူးဟှယ်။ 5ဟေရုဒ်ဟှာ ယောဟန်ဟှို သတ်ရှင်ဘေမဲ့ ယုဒလူလေဟှို ကြော့‑က်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယုဒလူလေဟှာ ယောဟန်ဟှို ပရောဖက်တပါး ဖြစ်ဟှယ် ဆိုဘီး မှတ်ယူဂေ့ဟှယ်။
6ဟေရုဒ်ရဲ့ မွီးနေ့မာ ဟေရောဒိရဲ့ မီးဟှာ ဧည့်သယ်လေရှေ့မာ ကပြလေဟှယ်။ ဟေရုဒ်ဟှာ ရရာတိုင်း ကျေနပ်ဟှားဘီး 7“နန်တောန်းဟှူမျှ ငါပေးမယ်!” ဆိုဘီး သစ်စာန ဂဒိပေးလေဟှယ်။
8အယ်မီးမငယ်ဟှလည်း သူ့မိ တောန်းခိုင်းဟှူတိုင်း “ဗတ္တိဇံယောဟန်ရဲ့ ခေါန်းဟှို လန်းဗန်းထဲမာ ထဲ့ပေးတော်မူပါ!” ဆိုဘီး တောန်းလေဟှယ်။
9မန်းဂီးဟှာ စိကောန်းဘဲ ဖြစ်ဟှားဘေမဲ့လည်း ဧည့်သယ်လေရှေ့မာ ပေးမယ် ဆိုဘီး ကီဆိုဟှူတိုင်း ပေးဟှို့တွပ် မိန့်ခ္လလိုက်လေဟှယ်။ 10အယ်ကြောန့် စောန့်တယော့‑က်ဟှို စေလွှတ်ဘီးဟှာ ယောဟန်ရဲ့ ခေါန်းဟှို ထောန်ထဲမာ ဖြတ်စေလေဟှယ်။ 11ခေါန်းဟှို လန်းဗန်းထတ်မာ တန်ဘီးဟှာ ယူဆောန်လာဘီး မီးမငယ်ဟှို ပေးလိုက်ဟှယ်။ အယ်မီးမငယ်လည်း သူ့မိနားဟှို ယူဆောန်ဟှားလေဟှယ်။ 12ယောဟန်ရဲ့ တဗဲ့လေဟှာ လောန်းဟှို ယူဘီး သင်္ဂြိုဟ်လေဟှယ်။ အယ်ဘီးမှ ယေရှုနားဟှို သွားဘီး ပြောပြဂေ့လေဟှယ်။
လူငါးထောန်ဟှို စားဇာကျွေးဟှူကြောန်း
(မာကု ၆.၃၀–၄၄; လုကာ ၉.၁၀–၁၇; ယောဟန် ၆.၁–၁၄)
13အယ်ဒန်းဟှို ယေရှုကြားရဟှူ ခီမာ လူသူကင်းရှင်းဟှူ နေရာဟှို လှေစီးဘီး ကြွဟှားလေဟှယ်။ ဗြို့ဝါလေဟှ လူလေလည်း အယ်ကြောန်းဟှို ကြားရဂေ့ကြောန့် နော့‑က်တော်ဟှို ကူးကြောန်းလိုက်ဂေ့လေဟှယ်။ 14ယေရှုဟှာ လှေဟှနေ ဆင်းလိုက်ဘီး လူအောက်ဂီးဟှို ဗြင်ရခီမာ သူးနို့ဟှို သနားဟှူစိ ရှိတော်မူဘီး ဖျားနာနေဟှူလူလေ အားလောင်းဂူဟှို ကျန်းမာစေလေဟှယ်။
15နေတန်ပိုင်း ရော့‑က်လာဟှူ ခီမာ တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဘီး “အယ်နေရာဟှာ လူသူကင်းဝီးဟှူ နေရာဖြစ်ဘီး ခီလည်း နော့‑က်က္လဟှားဘီ။ လူလေဟှို စေလွှတ်ဘီးဟှာ ဝါလေမာ စားဇာဝယ်ခိုင်းဟှို့တွပ် သွားခွမ့်ပေးပါ” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
16ယေရှုဟှ “သူးနို့လေ သွားဇာလိုဟှ။ အယ်သူလေစားဟှို့ စားဇာဟှို နန်းနို့လေ ကိုယ်တိုင် ပေးဂေ့ပါ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
17တဗဲ့တော်လေဟှ “မုငါးလောင်းန ငါးနှေ့ကောန်ဘဲ့ ကျွန်တော်ဟှားလေမာ ရှိပါဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
18ယေရှုဟှ “အယ်မုန ငါးဟှို ယူလာပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။ 19ကိုယ်တော်ဟှ လူလေဟှို ဗြစ်ပ္လန်ထတ်မာ ထိုင်ဟှို့ မိန့်တော်မူဘီးန မုငါးလောင်းန ငါးနှေ့ကောန်ဟှို ယူဘီး ကောန်းဂန်ထတ်ဟှို မျှော်ကေ့ဘီးဟှာ ဘုရားသခင်ဟှို ကျေးဇူးတော် ချီးမွမ်းလေဟှယ်။ အယ်ဘီးမှ မုန ငါးဟှို ဖဲ့ဘီး တဗဲ့တော်လေဟှို ပေးလေဟှယ်။ တဗဲ့တော်လေဟှလည်း လူလေဟှို ပေးလေဟှယ်။ 20လူလေအားလောင်းဂူဟှာ စားဘီး ဗိုက်ပ္လဲ့ဟှားဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှာ စားဘီး ကျန်ဇာလေဟှို စုသီးလိုက်ဇာ ဆယ့်နှေ့တောန်းပ္လဲ့ ရဂေ့ဟှယ်။ 21မီးမန သားဂန်းဟှားလေပါဘဲန စားဂေ့ဟှူ ယော့‑က်ကျား ရေတွပ်ဟှာ ၅,၀၀၀ လော့‑က် ရှိလေဟှယ်။
ရေထတ်မာ လမ်းရှော့‑က်ဟှူကြောန်း
(မာကု ၆.၄၅–၅၂; ယောဟန် ၆.၁၅–၂၁)
22အယ်ဘီးန ယေရှုဟှာ လူလေဟှို ပ္လန်လွှတ်လိုက်ခီမာ တဗဲ့တော်လေဟှိုလည်း လှေထတ်ဟှို တတ်စေဘီး ဟှိုဖတ်ကမ်းဟှို ရင်ဦးဆောင်း ကူးစေလေဟှယ်။ 23ယေရှုဟှာ လူလေ ပ္လန်ဟှားဂေ့ဘီးန ဆုတောန်းဟှို့တွပ် တောန်ထတ်ဟှို ယော့‑က်ဒဲ တတ်ဟှားတော်မူဟှယ်။ နေတန်ပိုင်း ရော့‑က်လာခီမာ အယ်နေရာမာ ယေရှုတပါးဒဲ ရှိတော်မူဘီး 24တဗဲ့တော်လေရဲ့ လှေဟှလည်း ကမ်းန ရရာတိုင်း ကွာဟှားဘီး လေဆန်ဘီး လာနေကြောန့် လှိုင်းလေရဲ့ ရိုက်ခတ်ဇာဟှို ခံရလေဟှယ်။
25မိုးသာထပိုင်းမာ ယေရှုဟှာ ရေထတ်မာ လမ်းရှော့‑က်ဘီး တဗဲ့တော်လေနားဟှို ကြွလာတော်မူလေဟှယ်။ 26တဗဲ့တော်လေဟှာ ရေထတ်မာ လမ်းရှော့‑က်နေဟှူ ကိုယ်တော့်ဟှို ဗြင်ဟှူ ခီမာ ရရာတိုင်း ကြော့‑က်လန့်ဟှားဂေ့ဘီး “ဖုကသေ!” ဆိုဘီး အော်ဂေ့လေဟှယ်။
27ယေရှုဟှ “စိုးရိမ်ဂေ့န! ငါဘဲ့ဖြစ်ဟှယ်။ ကြော့‑က်ဂေ့န!” ဆိုဘီး သူးနို့ဟှို ရှစ်ရှင်းဘဲ့ မိန့်တော်မူလေဟှယ်။
28ပေတရုဟှ “သခင်၊ ကိုယ်တော်မှန်ဟှယ် ဆိုဟှာ ကျွန်တော်လည်း ရေထတ်မာ လမ်းရှော့‑က်ဘီး ကိုယ်တော်နားဟှို လာဟှို့ မိန့်တော်မူပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
29ယေရှုဟှ “လာပါ!” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ကြောန့် ပေတရုဟှာ လှေထတ်ဟှဆင်းဘီး ရေထပ်မာ လမ်းရှော့‑က်ဟှားဘီး ယေရှုနားဟှို သွားလေဟှယ်။ 30အယ်ဘေမဲ့ ကြမ်းထန်းဟှူလေဟှို ဗြင်ဟှူ ခီမာ ကြော့‑က်လန့်ဟှားဘီး ရေထဲဟှို နစ်မ္လုစပြုဟှားဟှယ်။ “သခင်၊ ကျွန်တော်ဟှို ကယ်တော်မူပါ!” ဆိုဘီး အော်ဟစ်လေဟှယ်။
31ယေရှုဟှ ရှစ်ရှင်းဘဲ လတ်တော်ဟှို ဆန့်ဘီးဟှာ ပေတရုဟှို ဆွဲကိုင်ဘီး “ယောင်ကြည်ရှင်း အားနဲဟှူလူ! ဖြားဖြစ်ကြောန့် ယောင်မှားဟှူ စိဖြစ်ရနူး” ဆိုဘီး မိန့်တော်မူလေဟှယ်။
32သူးနို့နှေ့ယော့‑က်ဟှာ လှေထတ်ဟှို ရော့‑က်ဟှားဘီးန လေဟှာ ငြီဟှားလေဟှယ်။ 33လှေထဲမာ ရှိဟှူ တဗဲ့တော်လေဟှလည်း ယေရှုဟှို ရှိခိုးလေဟှယ်။ “ကိုယ်တော်ဟှာ တကယ်ဘဲ့ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ်!” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
ဖျားနာသူလေဟှို ဂင်နေသရက်ဗြို့မာ ကျန်းမာစေဟှူကြောန်း
(မာကု ၆.၅၃–၅၆)
34သူးနို့ဟှာ အိုင်ဟှို ကူးဟှားဂေ့ဘီး ဂင်နေသရက်ဗြို့ဟှို ရော့‑က်လာဂေ့လေဟှယ်။ 35အယ်နေရာဟှ လူလေဟှာ ယေရှုဟှို မှတ်မိဂေ့ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ လူလေဟှို စေလွှတ်ဘီး ပတ်ဝန်းကျင် ရပ်ရပ်မာရှိဟှူ လူနာလေရှိဟှူမျှဟှို ယေရှုနားဟှို ခေါ်လာဂေ့လေဟှယ်။ 36လူနာလေဟှလည်း ကိုယ်တော်ရဲ့ ဝတ်လောင်ရဲ့ ပန်းဗွားဟှိုဘဲ့ တို့ထိခွမ့်ပေးဟှို့တွပ် တောန်းဗန်ဂေ့လေဟှယ်။ အယ်ဘီးဟှာ တို့ထိဟှူလူလေ အားလောင်းဂူလည်း ကျန်းမာရဂေ့လေဟှယ်။

Currently Selected:

မဿဲ 14: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in