YouVersion Logo
Search Icon

ယောဘ 9

9
ကြား၀င်​ဖြန်​ဖြေ​သူ​မ​ရှိ
1ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ 2မှန်​ပါ၏။ ထို​စ​ကား​မှန်​ကြောင်း​ကို ငါ​သိ၏။ သို့​သော်​လည်း လူ​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သို့​ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​သ​နည်း။ 3ဘု​ရား​သ​ခင်​သည် အ​ပြစ်​တင်​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင်၊ လူ​သည် အ​ပြစ်​တစ်​ထောင်​တွင် တစ်​ခုကို​မျှ မ​ဖြေ​နိုင်။ 4ဘု​ရား​သ​ခင်​သည် ထူး​ဆန်း​သော​ဉာဏ်၊ ကြီး​စွာ​သော​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​သည် အာ​ဏာ​တော်​ကို ဆန်၍​အောင်​နိုင်​သ​နည်း။ 5ဘု​ရား​သ​ခင်​သည် တောင်​တို့​ကို အ​မှတ်​တ​မဲ့ ရွှေ့​တော်​မူ၏။ အ​မျက်​ထွက်၍ မှောက်​လှန်​တော်​မူ၏။ 6မြေ​ကြီး​ကို​ရွေ့​စေ​ခြင်း​ငှာ တွန်း​တော်​မူ၍၊ မြေ​တိုင်​တို့​သည် တုန်​လှုပ်​ကြ၏။ 7နေ​ကို​မှာ​ထား​တော်​မူ၍ သူ​သည်​မ​ထွက်​ရ။ ကြယ်​တို့​ကို​လည်း ကွယ်​ထား​တော်​မူ၏။ 8မိုး​ကောင်း​ကင်​ကို ကိုယ်​တော်​တစ်​ပါး​တည်း ဖြန့်​မိုး​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကို နင်း​တော်​မူ၏။ 9အာ​ရှ​ကြယ်၊ ခ​သိ​လ​ကြယ်၊ ခိ​မ​ကြယ်​စု​မှ​စ၍ တောင်​မျက်​နှာ ကြယ်​တိုက်​တို့​ကို ဖန်​ဆင်း​တော်​မူ၏။#ယောဘ၊ ၃၈:၃၁၊ အာ၊ ၅:၈။ 10စစ်၍​မ​သိ​နိုင်​အောင် အ​လွန်​ကြီး​သော​အ​မှု၊ မ​ရေ​တွက်​နိုင်​အောင်​များ၍ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။ 11ငါ့​ရှေ့​မှာ​ကြွ​တော်​မူ၍ ကိုယ်​တော်​ကို ငါ​မ​မြင်​ရ။ လျှောက်​သွား​တော်​မူ၍ ကိုယ်​တော်​ကို​ငါ​မ​ရိပ်​မိ​ရ။ 12သိမ်း​ယူ​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည် ဆီး​တား​နိုင်​သ​နည်း။ ကိုယ်​တော်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ​ဆို​ဝံ့​သ​နည်း။ 13ဘု​ရား​သ​ခင်​သည် အ​မျက်​ပြေ​တော်​မ​မူ​လျှင်၊ မာ​န​ကြီး၍ အား​ပေး​သော​သူ​တို့​သည် ရှေ့​တော်၌ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​ကြ၏။ 14ထို​မျှ​မ​က ငါ​သည်​အ​ဘယ်​သို့ ပြန်​လျှောက်​ရ​အံ့​နည်း။ ရှေ့​တော်၌ အ​ဘယ်​သို့​သော​စ​ကား​ကို ရွေး၍​လျှောက်​ရ​အံ့​နည်း။ 15ငါ​သည် ဖြောင့်​မတ်​သော်​လည်း ပြန်၍​မ​လျှောက်​ဝံ့​ဘဲ၊ တ​ရား​မှု​ကို ဆုံး​ဖြတ်​တော်​မူ​သော​အ​ရှင်​ကို တောင်း​ပန်​ရုံ​မျှ​သာ​ပြု​ရ၏။ 16ငါ​ခေါ်၍ အ​ရှင်​သည် ထူး​တော်​မူ​သော်​လည်း၊ ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်​ဟု ငါ​မ​ယုံ​နိုင်။ 17အ​ကြောင်း​မူ​ကား၊ မိုး​သက်​မုန်​တိုင်း​ဖြင့် ငါ့​ကို​ညှဉ်း​ဆဲ၍၊ အ​ကြောင်း​မ​ရှိ​ဘဲ ငါ၌ အ​နာ​တို့​ကို များ​ပြား​စေ​တော်​မူ၏။ 18ငါ့​ကို အ​သက်​ရှူ​ရ​သော​အ​ခွင့် မ​ပေး။ ခါး​စွာ​သော ဝေ​ဒ​နာ​နှင့် ပြည့်​စုံ​စေတော်​မူ၏။ 19တန်​ခိုး​ကို အ​မှီ​ပြု​မည်​ဆို​သော်၊ ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ၏။ တ​ရား​ကို​အ​မှီ​ပြု​မည်​ဆို​ပြန်​သော်၊ အ​ဘယ်​သူ​သည် ငါ့​ဘက်၌ သက်​သေ​ခံ​မည်​နည်း။ 20ကိုယ်​အ​ပြစ်​ကို ပြေ​စေ​ခြင်း​ငှာ​ပြု​လျှင်၊ ကိုယ်​စ​ကား​အား​ဖြင့် တ​ရား​ရှုံး​လိမ့်​မည်။ ငါ​သည် စုံ​လင်​ပြီ​ဟု ဆို​ပြန်​လျှင်၊ ငါ့​သ​ဘော​ကောက်​ကြောင်း ထင်​ရှား​လိမ့်​မည်။ 21တစ်​ဖန် စုံ​လင်​သော်​လည်း၊ ကိုယ်​စိတ်​သ​ဘော​ကို ကိုယ်​မ​သိ​ရ။ ကိုယ်​အ​သက်​ကို ပ​မာ​ဏ​မ​ပြု​ရ။
22ငါ​ပြော​အံ့​သော​စ​ကား​တစ်​ချက်​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် စုံ​လင်​သော​သူ​တို့​ကို​လည်း​ကောင်း၊ ဆိုး​ညစ်​သော​သူ​တို့​ကို​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ​တတ်၏။ 23ချက်​ချင်း ဘေး​တစ်​စုံ​တစ်​ခု​ရောက်​သော​အ​ခါ၊ အ​ပြစ်​မ​ရှိ​သော​သူ ခံ​ရ​သည်​အ​ကြောင်း​ကို ရယ်​တော်​မူ၏။ 24မြေ​ကြီး​ကို လူ​ဆိုး​လက်၌​အပ်၍၊ တ​ရား​သူ​ကြီး​တို့၏ မျက်​နှာ​ကို ဖျက်​တော်​မူ၏။ သို့​မ​ဟုတ် ထို​အ​မှု​ကို စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ 25တစ်​မြို့​မှ​တစ်​မြို့​သို့ စာ​ပို့​သော​လု​လင်​ထက်၊ ငါ့​နေ့​ရက်​တို့​သည် လျင်​မြန်၍၊ ကောင်း​ကျိုး​ကို​မ​ခံ​ရ​ဘဲ ပြေး​တတ်​ကြ၏။ 26လျင်​မြန်​သော သင်္ဘော​ကဲ့​သို့​လည်း​ကောင်း၊ အ​ကောင်​ကို သုတ်​လာ​သော ရွှေ​လင်း​တ​ကဲ့​သို့​လည်း​ကောင်း လွန်​သွား​တတ်​ကြ၏။ 27ငါ​သည်​မြည်​တမ်း​သော စ​ကား​ကို​ဖြတ်၍၊ ရွှင်​လန်း​သော​မျက်​နှာ​ကို ဆောင်​လျက်၊ ရဲ​ရင့်​ခြင်း​သို့ ရောက်​မည်​ဟု ငါ​ဆို​သော်​လည်း၊ 28ငါ​ခံ​ရ​သော ဒု​က္ခ​ဝေ​ဒ​နာ​များ​သော​ကြောင့်၊ ကြောက်​သော​သ​ဘော​ရှိ၏။ အ​ပြစ်​လွှတ်​စေ​ဟု ငါ၌​စီ​ရင်​တော်​မ​မူ​ကြောင်း​ကို ငါ​သိ၏။ 29ငါ​သည် အ​ပြစ်​သင့်​ရောက်​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် အ​ချည်း​နှီး ကြိုး​စား​ရ​မည်​နည်း။ 30ငါ့​ကိုယ်​ကို မိုး​ပွင့်​ရေ​နှင့်​ဆေး၍၊ ငါ့​လက်​ကို ရှင်း​ရှင်း​စင်​ကြယ်​စေ​သော်​လည်း၊ 31ရွှံ့​ထဲ​သို့ တွန်း​ချ​တော်​မူ၍၊ ငါ့​အ​ဝတ်​ပင် ငါ့​ကိုယ်​ကို​ရွံ​လိမ့်​မည်။ 32ငါ​သည် ဘု​ရား​သ​ခင်၏​စ​ကား​ကို တစ်​ဦး​နှင့် တစ်​ဦး တ​ရား​တွေ့​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​ကဲ့​သို့ လူ​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ 33ငါ​တို့​နှစ်​ဦး​ကို ဆီး​တား​ပိုင်​သော စပ်​ကြား​နေ​အ​မှု​စောင့် မ​ရှိ။ 34ငါ့​ကို ဒဏ်​ခတ်​တော်​မ​မူ​ပါ​စေ​နှင့်။ ပြု​တော်​မူ​သော​ဘေး​ကြောင့် ငါ​မ​ကြောက်​ပါ​စေ​နှင့်။ 35သို့​ဖြစ်​လျှင်၊ ငါ​သည်​မ​ကြောက်​ဘဲ ပြော​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ ယ​ခု​မူ​ကား၊ ပြော​ရ​သော​အ​ခွင့်​ကို မ​ရ။

Currently Selected:

ယောဘ 9: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in