ဇာခရိ 14
14
ယေရုရှလင်မြို့နှင့် လူမျိုးအပေါင်း
1ထာဝရဘုရား၏နေ့ရက်သည် ရောက်သောအခါ၊ သူတစ်ပါးတို့သည် သင်၏ဥစ္စာကိုလုယူ၍ သင့်အလယ်၌ ဝေဖန်ကြလိမ့်မည်။ 2ယေရုရှလင်မြို့ကို တိုက်စေခြင်းငှာ၊ လူမျိုးအပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကိုတိုက်ယူပြီးလျှင်၊ အိမ်တို့ကိုလုယက်၍ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုသိမ်းသွား၍ တစ်ဝက်သာ မြို့၌ကျန်ကြွင်းလိမ့်မည်။
3ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့၊ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။ 4ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ကွဲသဖြင့်၊ အလွန်ကြီးသောချိုင့်ဖြစ်လိမ့်မည်။ တောင်တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွှေ့ရလိမ့်မည်။ 5သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေးကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မီ လိမ့်မည်။ ယုဒရှင်ဘုရင် ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တစ်ဖန် ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ၍၊ မိမိသန့်ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည်။ 6ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာတို့သည် ယုတ်လျော့လိမ့်မည်။ 7နေ့မဟုတ်၊ ညမဟုတ်၊ ထာဝရဘုရား သိတော်မူသောနေ့ရက်တစ်ရက်ဖြစ်၍၊ ညဉ့်ဦးယံအချိန်ရောက်မှ လင်းလိမ့်မည်။ 8ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှထွက်၍၊ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ပင်လယ်သို့ တစ်ဝက်၊ အနောက်ပင်လယ်သို့ တစ်ဝက် စီးသွားလိမ့်မည်။#ယေဇ၊ ၄၇:၁။ ယော၊ ၇:၃၈။ ဗျာ၊ ၂၂:၁။ 9ထာဝရဘုရားသည် တစ်ပြည်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရားတစ်ပါးတည်း၊ နာမတော်တစ်ပါးတည်း ဖြစ်တော်မူမည်။ 10ဂေဘမြို့မှသည် ယေရုရှလင်မြို့ တောင်ဘက်၊ ရိမ္မုန်မြို့တိုင်အောင် တစ်ပြည်လုံးကို ချိုင့်ကဲ့သို့ တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှသည် အရင်တံခါးရာ၊ မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာတော် တိုင်အောင်လည်းကောင်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်းရာ၌ တစ်ဖန် တည်ရလိမ့်မည်။ 11နောက်တစ်ဖန် ယေရုရှလင်မြို့သည် ကျိန်ခြင်းဘေးကိုမခံ၊ မြို့သားတို့သည် နေရာကျ၍ စိုးရိမ်စရာမရှိဘဲ နေကြလိမ့်မည်။#ဗျာ၊ ၂၂:၃။
12ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်ဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက်လိမ့်မည်။ မျက်အိမ်၌ မျက်လုံး လျော့ပျက်လိမ့်မည်။ လျှာသည်လည်း ခံတွင်း၌ လျော့ပျက်လိမ့်မည်။ 13ထိုနေ့ရက်၌ ထာဝရဘုရား၏တန်ခိုးတော်ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု၍၊ တစ်ယောက်ကိုတစ်ယောက် လက်ချင်းရိုက်သော်လည်း၊ တစ်ယောက်ကိုတစ်ယောက် တိုက်၍ သတ်ကြလိမ့်မည်။ 14ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက်ကြလိမ့်မည်။ ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့၏ ဥစ္စာစည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက် ရှိကြလိမ့်မည်။ 15မြင်း၊ လား၊ ကုလားအုတ်၊ မြည်းမှစ၍ ရန်သူတပ်တွင် ရှိသမျှသော တိရစ္ဆာန်တို့၌ပေးသောဘေးဒဏ်သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။
16ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့တွင် ကျန်ကြွင်းသမျှသောသူတို့သည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲခံအံ့သောငှာ မြို့တော်သို့ နှစ်တိုင်းအစဉ် တက်လာကြလိမ့်မည်။#ဝတ်၊ ၂၃:၃၉-၄၃။ 17ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှာ၊ မြို့တော်သို့တက်၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုးမရွာရ။ 18အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက်မလာလျှင်၊ မိုးမရွာဘဲနေသဖြင့်၊ သကေနေပွဲကိုခံအံ့သောငှာတက်၍ မလာသောလူမျိုးတို့၌၊ ထာဝရဘုရားပေးတော်မူသောဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည်။ 19ဤရွေ့ကား၊ သကေနေပွဲကိုခံအံ့သောငှာ တက်၍မလာသော အဲဂုတ္တုအမျိုးသား၊ တစ်ပါးအမျိုးသားအပေါင်းတို့ခံရသော အပြစ်ပေတည်း။
20ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့်ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ်ကြလိမ့်မည်။ 21ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသောအိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော်သောသူအပေါင်းတို့သည် လာ၍၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။
ပရောဖက်ဇာခရိ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
Currently Selected:
ဇာခရိ 14: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.

: