Matthew 18
18
1ဟဲင်းအချိန်မှာ တပဲ့တော်တေဟ ကိုယ်တော်ယေရှုနားကော် လာမောက် "ရွှေမြို့တော်ရဲ့ဆာဆနာတော်မှာ မဆူဟ အကြီးမြတ်ဆုံးဖြစ်ဟား" လောက် မေးလျှောက်ကြလေဟယ်။ 2ဟဲင်းခါ ကိုယ်တော်ဟ လူဆငယ်တစ်ယောက်ကော် ခေါ်မောက် ဆူ့တော့အလယ်မှာ ရပ်စေပြီးခါ 3သင်တော့ကော် ငါအမှန်ပြောမဲင်၊ သင်တော့ဟ အဲလူဆငယ်သလဲ မဖြစ်ဝူးဆိုခါ ရွှေမြို့တော်ရဲ့ဆာဆနာတော်ကော် ဖယ်အခါမှ ဝင်ရောက်နိုင်မှာ မဟုတ်ပေ။ 4ဟဲင်းကြောင့် အဲလူဆငယ်သလဲ ကိုယ့်ကိုယ်ကို နှိမ့်ခ္လဆမားဟ ရွှေမြို့တော်ရဲ့ဆာဆနာတော်မှာ အကြီးမြတ်ဆုံးဖြစ်လိမ့်မဲင်။ 5ါ့နံမေကြောင့် ဟဲင်းလူဆငယ်ကော် လက်ခံတဲ့လူဟ ငါ့ကော် ယုံကြည်လက်ခံတဲ့လူဖြစ်ဟယ်။ 6"ဟဲင်းပေမဲ့ ငါ့ကော် ယုံကြည်တဲ့လက်ခံတဲ့ ဟဲင်းလူဆငယ်တေထဲမှ တစ်ယောက်ယောက်ကော် အပြစ်လုပ်မိတဲ့လူဟ အကြီးကျယ်ကူးတဲ့ ကျောက်တုံးကော် လည်ပင်းမှာဆွဲမောက် ပင်လယ်ထဲကော် ပစ်ခ္လခံရဟာဟ ပိုမောက်ကောင်းအုံးမဲင်။ 7လူတေကော် ဆူ့တော့ရဲ့ယုံကြည်မှု ပျက်အောင် လုပ်တဲ့အရာတေရှိနေတဲ့ အဲကမ္ဘာမ္လေကြီးဟ အကြီးကျယ်ဆိုးရွားပေဟယ်။ ဟဲင်းသလဲအရာတေဟ အမြဲတမ်းဖြစ်ပျက်နေအုံးမဲင် ဖြစ်လယ်ဝ ဟဲင်းအရာတေကော် ကျူးလွန်စေတဲ့ လူတေဟ အကြီးကျယ်ဆိုးရွားဟယ်။ 8တကယ်လောက် သင်ရဲ့ခေ မဟုတ်ပဲလောက် လက်ဟ အပြစ်ကျူးလွန်ခဲ့ဟာဆိုခါ ဟဲင်းခေလက်တေကော် ဖ္လတ်ထုတ်လိုက်ပါ။ စာလောက်ဟားဆိုခါ ခေလက်ပ္လတ်မောက် အဆက်ရှင်ရဟာက ခေလက်အစုံန အဆုံးမဲ့ မီးတောက်ထဲကော်က္လခံရဟာထက် ပိုမောက် ကောင်းညောင်းဖြစ်ဟယ်။ 9ဟဲင်းပြင် သင့်ရဲ့မျက်စိဟ သင့်ကော် အပြစ်ကျူးလွန်စေခါ ဟဲင်းမျက်လုံးကော် ဖောက်ထုတ်လိုက်ပါ။ စာလောက်ဟားဆိုခါ မျက်လုံးအစုံန အဆုံးမရှိတဲ့ မီးတောက်ထဲကော် ပစ်ခ္လခံရဟာထက် မျက်စိတစ်လုံးန အဆက်ရှင်ရဟာဟ သင့်အတွက် ပိုမောက် ကောင်းဟယ်။ 10သင်တော့ဟ ဟဲင်းလဲလူဆငယ်တေထဲမှ တစ်ယောက်ယောက်ကော် နှိမ့်ခ္လခြင်းမပြုမိစေဖော့ သတိပြုကြပါ။ စာလောက်ဟားဆိုခါ ရွှေမြို့တော်မှာရှိတဲ့ ဆူ့တော့ရဲ့ နတ်ဒေဝါတေဟ ရွှေမြို့တော်မှာ ရှိတော်မူတဲ့ အဖဘုရားရှင်ရဲ့ မျက်နှာတော်ကော် အမြဲတမ်းဖူးမြင်ရကြဟာလောက် သင်တော့ကော် ငါပြောဟယ်။ 11ပြီးခါ ဘုရားရှင်စေလွှတ်လိုက်တဲ့လူ့ဆားတော်ဟ ပျောက်ဆုံးဟားတဲ့လူတေကော် ကယ်တင်ဖော့ ကြွလာဟာ ဖြစ်ဟယ်။ 12လူတစ်ယောက်မှာ သိုးတစ်ရာရှိမောက် ဟဲင်းသိုးတေထဲဟ တစ်ကောင် ပျောက်ဟားလောက်ရှိခါ ဟဲင်းလူဖယ်လဲလုပ်မဲင်လောက် သင်တော့ထင်ဟား။ ဆူဟ သိုးကိုးဆယ့်ကိုးကောင်ကော် တောင်ကုန်းပေါ်မှာ ထားခမောက် ပျောက်ဆုံးဟားတဲ့ သိုးတစ်ကောင်ကော် ဆွားရောက် ရှာဖွေမှာပဲဖြစ်ဟယ်။ 13သင်တော့ကော် ငါအမှန်ပြောမဲင်၊ ဆူဟ သိုးကိုးဆယ့်ကိုးကောင်ထက် ပျောက်ဆုံးဟားတဲ့ သိုးတစ်ကောင်ကော် ပ္လန်ရှာတွေ့တဲ့အခါ ပိုမောက်ဝမ်းဆာမှာပဲဖြစ်ဟယ်။ 14အဲလဲပဲ ရွှေမြို့တော်မှာ ရှိတော်မူတဲ့ သင်တော့ရဲ့အဖဘုရားရှင်ဟ အဲငယ်ရွယ်ဆမားတေထဲဟ တစ်ယောက်ယောက်ကော်တောင် ပျက်စီးစေဖော့ အလိုမရှိပါ။ 15တကယ်လောက် သင်ရဲ့ညီဟ သင့်ကော် ပြစ်မှားခဲ့ခါ ဆူ့နားကော် ဆွားမောက် ဆူ့အမှားကော် နှစ်ကိုယ်ကြားပဲ ထောက်ပြပါ။ ဆူဟ သင့်စကားကော် နားထောင်ခါ သင်တော့ ပ္လန်မောက် သင့်မြတ်မဲင်ဖြစ်ဟယ်။ 16ဟဲင်းပေမဲ့ ဆူဟ မနားထောင်ဘဲခါ ဆက်ဆေအဖြစ် ခေါ်ဟားမောက် ရှင်းပြပါ။ အမှုကိစ္စတိုင်းကော် လူနှေယောက် မဟုတ်ပဲလောက် ဆုံးယောက်ရဲ့ ဆက်ဆေခံချက်န ဆုံးဖ္လတ်ချက် ခ္လနိုင်မှာ ဖြစ်ဟယ်။ 17တကယ်လောက် ဆူဟ ဟဲင်းဟာတေကော် ငြင်းဆိုခါ အသင်းတော်ကော် ပြောပြကြပါ။ တကယ်လောက် ဆူဟ အသင်းတော်ကော် ထပ်မောက် ငြင်းဆိုခါ ဟဲင်းလူကော် အယုံအကြည်လွဲမှားဆမား မဟုတ်ပဲလောက် ဖြောင့်မတ်မှုမရှိတဲ့ အခွန်ကောက်ဆမားတေကော် ဆက်ဆံသလဲ ဆက်ဆံနိုင်ဟယ်။ 18သင်တော့ကော် ငါအမှန်အတိုင်းပြောရခါ သင်တော့ ကမ္ဘာမ္လေကြီးပေါ်မှာ ချည်နှောင်ထားတဲ့အရာတေဟ ရွှေမြို့တော်မှာ ချည်နှောင်ခံရမှာဖြစ်ဟယ်။ ကမ္ဘာမ္လေကြီးပေါ်မှာ ဖ္လေလွှတ်ခဲ့ဆမျှတေဟ ရွှေမြို့တော်မှာ ဖ္လေလွှတ်ဟာကော် ခံကြရမှာဖြစ်ဟယ်။ 19ပြီးခါ သင်တော့ကော် ငါအမှန်ပြောမဲင်၊ ကမ္ဘာမ္လေကြီးပေါ်မှာ သင်တော့ထဲဟ နှေယောက်ဟ ဆဖောတူညီမောက် ဆုတောင်းကြခါ ဆူ့တော့တောင်းဆမျှကော် ရွှေမြို့တော်မှာ ရှိတော်မူတဲ့ ငါရဲ့အဖဘုရားရှင်ဟ ဆူ့တော့အတွက် ဆောင်ရွက်ပေးမှာပဲ ဖြစ်ဟယ်။ 20စာလောက်ဟားဆိုခါ ငါရဲ့နံမေကော် အမှီပြုမောက် လူနှေယောက် မဟုတ်ပဲလောက် ဆုံးယောက်စုဝေးကြတဲ့အခါမှာ ငါဟ ဆူ့တော့နအတူရှိတော်မူမဲင်။ 21ဟဲင်းခါ ပေတရုဟ ကိုယ်တော်ယေရှုနားကော် လာမောက် "ကိုယ်တော်၊ အကျွန်ုပ်ကော် ပြစ်မှားတဲ့ညီအကို၊ မောင်နှမတေကော် ဖယ်နှစ်ကြိမ်လောက် ခွင့်လွှတ်ရမဟား။ ခုနှစ်ကြိမ်အထိလား" လောက် လျှောက်တင်လေဟယ်။ 22ကိုယ်တော်ဟ "ခုနှစ်ကြိမ်မဟုတ်ဘူး။ ခုနှစ်ဆယ့်ခုနှစ်ကြိမ် ခွင့်လွှတ်ရမဲင်" လောက် ပ္လန်လည်မိန့်ဆိုလေဟယ်။ 23ဟဲင်းကြောင့် ကိုယ်တော်ဟ "ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ ကိုယ့်အစေခံတေရဲ့စာရင်းကော် စစ်ဆေးလိုတဲ့ ဘုရင်တစ်ပါးနတူဟယ်။ 24ဆူဟ စာရင်းစတင်စစ်ဆေးတဲ့အခါ ရွှေဒင်္ဂါးတစ်သောင်း အကြွေးတင်နေတဲ့လူတစ်ယောက်ကော် ရှေ့တော်ကော် ခေါ်ဆောင်လာခဲ့ကြဟယ်။ 25ဟဲင်းပေမဲ့ ဟဲင်းအစေခံမှာ အကြွေးဆပ်ဖော့ မရှိဘဲညောင်း ဘုရင်ဟ ဆူ့ကော် ဆားမယားန ဆူပိုင်ဆိုင်တဲ့ အရာအကုန်ဟုန်းတေကော် ရောင်းမောက် အကြွေးဆပ်ဖော့ အမိန့်ခ္လလေဟယ်။ 26ဟဲင်းအစေခံဟ ဘုရင်ရဲ့ရှေ့မှာ ဒူးထောက်မောက် 'အကျွန်ုပ်ကော် သည်းခံတော်မူပါ။ အကြွေးရှိဆမျှကော် ပ္လန်ဆပ်ပါမဲင်' လောက် တောင်းလျှောက်လေဟယ်။ 27ဘုရင်ဟ ဆနားကြင်နာစိတ်ရှိညောင်း ရှိဆမျှအကြွေးတေကော် လျှော်ပေးမောက် ဆူ့ကော် လွှတ်ပေးလိုက်လေဟယ်။ 28ဟဲင်းပေမဲ့ ဟဲင်းအစေခံဟ ဟဲင်းနေရာဟနေ ထွက်ဟားပြီးခါ ဆူ့နားမှာ ငွေဒင်္ဂါးအပြားတစ်ရာ အကြွေးတင်နေတဲ့ တခြားအစေခံတစ်ယောက်ကော် တွေ့ခါ ဆူ့ကော် ဖမ်းမောက် လည်ပင်းကော် ညှစ်ပြီးခါ 'သင်ယူထားတဲ့ အကြွေးကော် ပ္လန်ဆပ်ပါ' လောက် ပြောဟယ်။ 29အဲအစေခံဟလဲ ဒူးထောက်မောက် 'အကျွန်ုပ်ကော် သည်းခံပါ။ သင့်ကော် အကြွေးပ္လန်ဆပ်ပါမဲင်' လောက် တောင်းပန်လေဟယ်။ 30ဟဲင်းပေမဲ့ ဆူဟ လက်မခံဘဲ ဟဲင်းအစေခံကော် ဆူယူထားတဲ့အကြွေးတေ ပ္လန်ဆပ်နိုင်တဲ့အထိ ထောင်ထဲမှာ ထေ့ထားခဲ့ဟယ်။ 31တခြားအစေခံတစ်ယောက်ဟ ဟဲင်းအချင်းအရာကော် မြင်တဲ့အခါ အကြီးကျယ်စိတ်ပျက်ဟားမောက် ဘုရင်နားဆွားပြီးခါ ဖြစ်ပျက်ဆမျှကော် လျှောက်တင်လေဟယ်။ 32ဟဲင်းခါ ဘုရင်ဟ အစေခံကော် ခေါ်မောက် 'အကျင့်ပျက် ဆိုးညစ်တဲ့ အစေခံ၊ သင်ဟ ငါ့ကော် တောင်းပန်လောက်ညောင်း အကြွေးရှိဆမျှကော် သင့်အတွက် ငါလျှော့ပေးခဲ့ဟယ်။ 33ငါသင့်အပေါ် ဆနားကြင်နာသလဲ သင်ရဲ့အစေခံအချင်းချင်းအပေါ်မှာလဲ ဆနားကြင်နာသင့်ဟယ်' ဆိုမောက် ပြောဟယ်။ 34ဟဲင်းလဲန ဘုရင်ဟ ဒေါဆထွက်မောက် အကြွေးရှိဆမျှကော် ပ္လန်ဆပ်တဲ့အထိ ဆူ့ကော် အကျဉ်းခ္လမောက် အပြစ်ပေးလေဟယ်။ 35သင်တော့တစ်ယောက်စီဟ ကိုယ့်ညီအကိုကော် စိတ်နှလုံးထဲဟနေ ခွင့်မလွှတ်ဝူးဆိုခါ ရွှေမြို့တော်မှာရှိတဲ့ အဖဘုရားရှင်ဟလဲ သင်တော့ကော် ဟဲင်းနည်းအတိုင်းပဲ လုပ်ဆောင်တော်မူလိမ့်မဲင်" လောက် မိန့်တော်မူဟယ်။
Currently Selected:
Matthew 18: INT
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the Intha NT is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.