YouVersion Logo
Search Icon

Matthew 8

8
11 ပြီးခါ ကိုယ်တော်ယေရှုဟ တောင်ပေါ်ဟနေ ကြွဆင်းလာတဲ့အခါမှာ အကြီးကျယ်များတဲ့ လူထုပရိတ်ဆတ်တေဟလဲ ကိုယ်တော်နောက်ဟနေ လိုက်ပါလာကြဟယ်။ 2ဟဲင်းအချိန်မှာ အနာကြီး ရောဂါစွဲကပ်နေတဲ့ လူတစ်ယောက်ဟ ရောက်လာမောက် ကိုယ်တော်ရဲ့ရှေ့မှာ ဒူးထောက်မောက် "ကိုယ်တော်ဆန္ဒရှိခါ ကျွန်ုပ်ရဲ့အနာရောဂါကော် ပျောက်ကင်းစေနိုင်ပါဟယ်" လောက် လျှောက်တင်လေဟယ်။ 3ဟဲင်းခါ ကိုယ်တော်ယေရှုဟ ဆူ့ရဲ့လက်တော်ကော် ဆန့်ထုတ်လိုက်မောက် ဟဲင်းလူကော် လက်နထိခါ "ငါအလိုရှိပါဟယ်။ သင့်ရောဂါ ပျောက်ကင်းစေ" လောက် မိန့်တော်မူလိုက်ခါ ဟဲင်းလူရဲ့အနာကြီးရောဂါဟ တခါတည်း ပျောက်ကင်းဟားလေတော့ဟယ်။ 4ပြီးခါ ကိုယ်တော်ယေရှုဟ ဟဲင်းလူကော် "မဆူ့ကော်မှ ဟဲင်းအကြောင်းကော် မပြောပါနဲ့။ ပုရောဟိတ်တေနားဆွားမောက် သင့်ခန္ဓာကိုယ်ကော် ပြမောက် လူတေရှေ့မှာ ဆက်ဆေပြဖော့အတွက် မောရှေa ပညတ်ထားတဲ့အတိုင်း လှူဖွယ်ပစ္စည်းကော် ဆက်သပါ" လောက် မိန့်လေဟယ်။ 5ပြီးခါ ကိုယ်တော်ယေရှုဟ ကပေရနောင်မြို့ကော် ဝင်တော်မူတဲ့အခါ ရောမတပ်မှူးb တစ်ယောက်ဟ ကိုယ်တော်နားကော် လာမောက် 6ဆူ့ရဲ့အစေခံတစ်ယောက်ဟ လေဖ္လတ်မောက် ပြင်းပြင်းထန်ထန် ဝေဒနာခံစားနေရမောက် အိမ်မှာ လဲလျောင်းနေရပါဟယ်လောက် တောင်းပန်လျှောက်ထားလေဟယ်။ 7ဟဲင်းခါ ကိုယ်တော်ဟ တပ်မှူးကော် "ငါလာမောက် ဆူ့ကော် ကျန်းမာစေမဲင်" လောက် မိန့်တော်မူလိုက်ခါ 8တပ်မှူးဟ "အရှင်၊ အရှင်ကိုယ်တော်တိုင် ကျွန်ုပ်ရဲ့အိမ်ခေါင်မိုးအောက်ကော် ဝင်ရောက်ကုသပေးဖော ကျွန်ုပ်န မထိုက်တန်ပါ။ အရှင် အမိန့်ပေးလိုက်ရုံန ကျွန်ုပ်ရဲ့အစေခံဟ ပ္လန်လည်ကျန်းမာလာလိမ့်မဲင်ဖြစ်ဟယ်။ 9ကျွန်ုပ်ဟ အထက်အရာရှိတေရဲ့ အာဏာအောက်မှာ ရှိမောက် ကျွန်ုပ်ရဲ့လက်အောက်မှာလဲ စစ်ဆားတေရှိပါဟယ်။ ကျွန်ုပ်ဟ စစ်ဆားတေထဲဟ တစ်ယောက်ကော် 'ဆွားပါ' လောက် အမိန့်ပေးခါ ဆူဟ ဆွားရမောက် နောက်တစ်ယောက်ကော်လဲ 'လာပါ' လောက် အမိန့်ပေးခါ ဆူဟ လာရပါဟယ်။ အဲလဲပဲ ကျွန်ုပ်ရဲ့ အစေခံကော်လဲ 'ခုအရာကော် လုပ်ပါ' လောက် အမိန့်ပေးခါ ဆူဟ လုပ်ရပါဟယ်" လောက် လျှောက်တင်လေဟယ်။ 10ကိုယ်တော်ယေရှုဟ ဟဲင်းစကားကော် ကြားတဲ့အခါ အကြီးကျယ် အံ့ဩဟားမောက် ဆူ့ရဲ့နောက်ကော် လိုက်ပါလာတဲ့လူတေကော် "ငါသင်တော့ကော် အမှန်ပြောမဲင်၊ ခုလောက်ယုံကြည်မှုကြီးမားတဲ့ လူကော် အစ္စရေးပ္လေမှာတောင် ငါမတွေ့ဖူးဆေးဘူး။ 11သင်တော့ကော် ငါပြောမဲင်၊ အကြီးကျယ်များတဲ့ လူတေဟ အရှေ့အရပ်၊ အနောက်အရပ်ဟနေ လာကြမောက် ရွှေမြို့တော်ရဲ့ဆာဆနာတော်မှာ အာဗြံဟံ၊ ဣဇက်၊ ယာကုပ်တော့နအတူ စားပွဲမှာ ထိုင်မောက် စားဆောက်ကြလိမ့်မဲင်။ 12ဟဲင်းပေမဲ့ ဟဲင်းဆာဆနာတော်နသက်ဆိုင်တဲ့ အစ္စရေးလူမျိုးတေဟတော့ အပြင်ဖက် အမှောင်ထုထဲကော် ဘုရားရှင်ရဲ့ နှင်ထုတ်ခြင်းကော် ခံရမှာဖြစ်မောက် ဆူ့တော့ဟ အဲနေရာမှာ အံကြိတ်မောက် ပူဆွေးဝမ်းနည်းနေကြရမှာ ဖြစ်ဟယ်" လောက် မိန့်ဆိုတော်မူပြီးမှ 13ရောမတပ်မှူးကော် "ဆွားပါ၊ သင်ရဲ့ယုံကြည်မှုဟ သင်ရဲ့အစေခံကော် ကျန်းမာစေခဲ့ဝေါက်" လောက် မိန့်ဆိုလိုက်ချိန်မှာ တခါတည်း တပ်မှူးရဲ့အစေခံဟ ရောဂါပျောက်ကင်းဟားလေဟယ်။
လူအများကော် အနာရောဂါပျောက်ကင်းစေခြင်း 14ပြီးခါ ကိုယ်တော်ယေရှုဟ ပေတရုရဲ့အိမ်ကော် ဝင်ရောက်တော်မူတဲ့အခါ ပေတရုရဲ့ယောက္ခမဟ ဖျားနာမောက် အိပ်ယာထဲမှာ လှိုင်းနေဟာကော် တွေ့လေဟယ်။ 15ကိုယ်တော်ဟ ဆူမရဲ့လက်ကော်ထိလိုက်ခါ အဖျားရောဂါဟ ပျောက်ကင်းဟားညောင်း ဆူမဟ အိပ်ယာဟနေ ထမောက် ကိုယ်တော်ကော် ဧည့်ခံလေဟယ်။ 16ဟဲင်းနေ့ညခင်းနီးမှာ အကြီးကျယ်များတဲ့လူတေဟ မကောင်းဆိုးဝါးပူးကပ်ခံနေရတဲ့လူတေကော် ကိုယ်တော်ယေရှုနားကော် ခေါ်ဆောင်လာကြညောင်း ကိုယ်တော်ဟ မကောင်းဆိုးဝါးတေကော် နှုတ်န အမိန့်ပေးနှင်ထုတ်မောက် ဖျားနေတဲ့လူတေကော်လဲ ပျောက်ကင်းအောင် ကုသပေးလေဟယ်။ 17ဟဲင်းလဲကြောင့် အရိယာဆူတော်စင် ဟေရှာယပြောခဲ့တဲ့ "ဆူဟ အကျွန်ုပ်တော့ရဲ့ ဖျားနာခြင်းတေန အနာရောဂါ အမျိုးမျိုးကော် ဖယ်ရှားပေးတော်မူလိမ့်မဲင်" ဆိုတဲ့ စကားဟ ပ္လေ့စုံမှန်ကန်ခဲ့လေဟယ်။ 18ကိုယ်တော်ယေရှုဟ ဆူ့ရဲ့နဖေးတပတ်လေမှာ ရှိနေတဲ့ လူထုပရိတ်ဆတ်ကော် မြင်တဲ့အခါ ဆူ့ရဲ့တပဲ့တော်တေကော် ရေအိုင်ရဲ့တစ်ဖက်ကမ်းကော် ဖ္လတ်ကူးဖော့ အမိန့်ပေးလေဟယ်။ 19ဟဲင်းအချိန်မှာ ကျမ်းတတ်ဆရာတစ်ယောက်ဟ ကိုယ်တော်နားကော် လာမောက် "ကိုယ်တော်၊ ကိုယ်တော် ဆွားတဲ့နေရာတိုင်းကော် ကျွန်တော်နောက်ဟနေ လိုက်ပါမဲင်" လောက် လျှောက်တင်ညောင်း 20ကိုယ်တော်ဟ "ဝံပုလွေတေမှာ နေဖော့တွင်းရှိကြမောက် ငှက်တေမှာလဲ နေဖော့အသိုက်ရှိကြဟယ်။ ဟဲင်းပေမဲ့ ဘုရားရှင်စေလွှတ်လိုက်တဲ့ လူ့ဆားတော်cမှာတော့ ခေါင်းခ္လဖော့ နေရာတောင်မရှိ" လောက် မိန့်လေဟယ်။ 21ကိုယ်တော်ယေရှုရဲ့ တခြားတပဲ့တော်တစ်ယောက်ဟလဲ "ကိုယ်တော်၊ ကျွန်ုပ်ဖခင်ကော် အရင်ဆွားမောက် စဂြိုဟ်ခွင့်ပြုပါ" လောက် လျှောက်တင်ညောင်း 22ကိုယ်တော်ဟ "ငါ့နောက်ကော် လိုက်ခဲ့ပါ။ ခန္ဓာကိုယ် ဆေနေဆမားတေကော် စိတ်ဝိညာဉ် ဆေနေဆမားတေဟ စဂြိုဟ်ကြပါစေ" လောက် မိန့်လေဟယ်။ 23ပြီးခါ ကိုယ်တော်ယေရှုဟ လှေပေါ်ကော် တက်တဲ့အခါ တပဲ့တေဟလဲ ကိုယ်တော့်နောက်ကော် လိုက်ကြလေဟယ်။ 24ရုတ်တရက် ရေအိုင်ပေါ်ကော် အကြီးကျယ်ပြင်းတဲ့ လေမုန်တိုင်း တိုက်လာမောက် လှေဟ လှိုင်းတေပုတ်ခတ်ညောင်း လူးလိမ့်နေလေတော့ဟယ်။ ဟဲင်းအချိန်မှာ ကိုယ်တော်ဟ အိပ်မောက္လနေဟယ်။ 25ဟဲင်းကြောင့် တပဲ့တော်တေဟ ကိုယ်တော်နားကော် ဆွားမောက် ကိုယ်တော်ကော်နှိုးမောက် "ကိုယ်တော်၊ ကျွန်ုပ်တော့ကော် ကယ်ပါအုံး။ ကျွန်ုပ်တော့ ဆေရပါတော့မဲင်" လောက် လျှောက်တင်ကြလေဟယ်။ 26ဟဲင်းခါ ကိုယ်တော်ဟ ဆူ့တော့ကော် "သင်တော့ စာလောက်ကြောက်နေကြဟား။ သင်တော့မှာ ဟဲင်းလောက်တောင် ယုံကြည်မှုအားနည်းလား" လောက် မိန့်တော်မူပြီးခါ ကိုယ်တော်ဟ ထလာမောက် လေန လှိုင်းတေကော် ရပ်ဟားဖော့ အမိန့်ပေးလိုက်ခါ လေနလှိုင်းတေဟ ငြိမ်ဟားလေတော့ဟယ်။ 27ဟဲင်းခါ တပဲ့တေဟ အကြီးကျယ် အံ့ဩဟားကြမောက် "လေနလှိုင်းတေဟတောင် ဆူ့စကားကော် နာခံရလောက်အောင် ဆူဟ ဖယ်လဲလူမျိုးဟား" လောက် ပြောဆိုကြလေဟယ်။ 28ကိုယ်တော်ယေရှုဟ ရေအိုင်ရဲ့တဖက်ကမ်းရှိ ဂါဒရdနယ်ဆားတေရဲ့ တိုင်းပ္လေကော် ရောက်ရှိတဲ့အခါ မကောင်းဆိုးဝါး ပူးကပ်နေတဲ့ လူနှေယောက်ဟ စုတ်စံဂူထဲဟနေ ထွက်လာကြလေဟယ်။ ဆူ့တော့ဟ အကြီးကျယ်ရက်စက် ကြမ်းတမ်းကြညောင်း ဟဲင်းလမ်းဟနေ မဆူ့မှ ဖ္လတ်မောက် မဆွားနိုင်ကြဘူး။ 29ဟဲင်းလူတေဟ အဆံအက္လယ်ဟုန်းန "ဘုရားရှင်ရဲ့ဆားတော်၊ သင်ဟ ကျွန်ုပ်တော့ကော် စာလုပ်မလောက်ဟား။ ကျွန်ုပ်တော့ကော် အချိန်မတန်ဆေးပဲန အပြစ်ပေးဖော့ ခုနေရာကော် ရောက်လာဟာလား" လောက် ပြောဆိုကြလေဟယ်။ 30ဟဲင်းအချိန်မှာ ဆူ့တော့န မဝေးတဝေးမှာ ဝက်အုပ်ကူးဟ ကျက်စားနေလေဟယ်။ 31ဟဲင်း မကောင်းဆိုးဝါးတေဟ ကိုယ်တော်ကော် "အကျွန်ုပ်တော့ကော် နှင်ထုတ်မဲင်ဆိုခါ ဟဲင်းဝက်အုပ်ကူးထဲကော် ဝင်ဖော့ ခွင့်ပြုပေးပါ" လောက် တောင်းပန်ကြလေဟယ်။ 32ဟဲင်းခါ ကိုယ်တော်ယေရှုဟ မကောင်းဆိုးဝါးတေကော် "ဆွားစေ" လောက် မိန့်တော်မူညောင်း ဆူ့တော့ဟ ဟဲင်းလူနှေယောက်နားဟနေ ထွက်လာကြမောက် ဝက်အုပ်ကူးထဲကော် ဝင်ဟားကြညောင်း ဝက်အုပ်ကူးတစ်အုပ်လုံးဟ မတ်စောက်တဲ့တောင်ကမ်းပါးဟနေ ရေအိုင်ထဲကော် တစ်ဟုန်ထိုးပ္လေးဆင်းဟားကြမောက် ရေနစ်ကြကုန်ဟယ်။ 33ဝက်ထိန်းဆမားတေဟ ဟဲင်းအကြောင်းအရာတေကော် မြင်ခါ ထွက်ပ္လေးဟားကြမောက် မြို့ထဲကော် ဆွားမောက် မကောင်းဆိုးဝါးပူးကပ်နေတဲ့ လူနှေယောက်မှာ ဖြစ်ပျက်ခဲ့ဟာတေန အကြောင်းအရာအကုန်ဟုန်းကော် လိုက်မောက်ပြောကြလေဟယ်။ 34ဟဲင်းခါ မြို့ထဲရှိလူတေဟလဲ ကိုယ်တော်ယေရှုန တွေ့ဆုံဖော့ ထွက်လာကြမောက် ကိုယ်တော်ကော် တွေ့တဲ့အခါ ဆူ့တော့ရဲ့ အရပ်ဒေသဟနေ ထွက်ဟားပေးဖော့ တောင်းပန်ကြလေဟယ်။

Currently Selected:

Matthew 8: INT

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in