ကမ္ဘာဦးကျမ်း 8
8
ရေဆုတ်သွားခြင်း
1ဘုရားသခင်သည် နောဧမှစ၍ သူနှင့်အတူသင်္ဘောထဲ၌ရှိသော တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အောက်မေ့တော်မူ၏။ ဘုရားသခင်သည် မြေကြီးပေါ်မှာလေတိုက်စေတော်မူသဖြင့် ရေသည် လျော့ကျသွားလေ၏။ 2နက်ရှိုင်းရာအရပ်မှရေထွက်ပေါက်များနှင့် မိုးကောင်းကင်ရေတံခါးများကိုပိတ်၍ ကောင်းကင်မှမိုးကိုလည်း စဲစေတော်မူ၏။ 3ရေသည် မြေကြီးပေါ်မှာ ဆက်တိုက်လျော့သွား၍ ရက်ပေါင်းတစ်ရာ့ငါးဆယ်ပြည့်သောအခါ ရေယုတ်လျော့သွား၏။ 4သတ္တမလ၊ တစ်ဆယ့်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်တောင်ရိုးပေါ်မှာ တင်လေ၏။
5ရေသည် ဒသမလတိုင်အောင် ဆက်တိုက်ယုတ်လျော့သွား၍ ဒသမလ၊ တစ်ရက်နေ့တွင် တောင်ထိပ်များပေါ်လာ၏။ 6ရက်ပေါင်းလေးဆယ်ပြည့်သောအခါ နောဧသည် မိမိတည်ဆောက်ခဲ့သောသင်္ဘော၏ပြတင်းပေါက်ကိုဖွင့်၍ 7ကျီးကန်းတစ်ကောင်ကို လွှတ်လေ၏။ ထိုကျီးကန်းသည် မြေပေါ်မှာ ရေမခန်းခြောက်မချင်း လူးလာပျံသန်းလျက်နေ၏။ 8တစ်ဖန် မြေပြင်ပေါ်မှာ ရေလျော့ကျသည်၊ မကျသည်ကိုသိမြင်ရန် ချိုးငှက်တစ်ကောင်ကိုလွှတ်လေ၏။ 9သို့သော် မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့် ချိုးငှက်သည် ခြေချနားနေစရာမတွေ့သဖြင့် နောဧရှိရာသင်္ဘောသို့ ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍ ချိုးငှက်ကိုဖမ်းယူပြီးလျှင် မိမိရှိရာသင်္ဘောထဲသို့သွင်းလေ၏။ 10တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကို သင်္ဘောမှလွှတ်ပြန်လေ၏။ 11နေဝင်ချိန်၌ ချိုးငှက်သည် နောဧထံသို့ပြန်လာ၏။ သူ၏နှုတ်သီး၌ လောလောလတ်လတ်ဆိတ်ယူလာသော သံလွင်ရွက်ပါလာ၏။ ထိုအခါ နောဧသည် မြေကြီးပေါ်မှာ ရေလျော့ကျသွားပြီဖြစ်ကြောင်းသိလေ၏။ 12တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကိုလွှတ်ပြန်ရာ သူ့ထံသို့ပြန်မလာတော့ပေ။ 13နောဧအသက်ခြောက်ရာ့တစ်နှစ်ပြည့်သောနှစ်၊ ပထမလ၊ တစ်ရက်နေ့တွင် မြေကြီးပေါ်မှာ ရေခန်းခြောက်လေ၏။ နောဧသည် သင်္ဘောအမိုးကိုဖယ်ရှား၍ ကြည့်ရှုသောအခါ မြေပြင်သည် ခြောက်လျက်ရှိသည်ကို မြင်လေ၏။ 14ဒုတိယလ၊ နှစ်ဆယ့်ခုနစ်ရက်နေ့တွင် မြေကြီးသည် ခြောက်သွေ့လေ၏။
ဘုရားသခင်၏ကတိတော်
15ထိုအခါ ဘုရားသခင်က နောဧအား
16“သင်သည် သင်၏သား၊ မယား၊ ချွေးမတို့နှင့်အတူ သင်္ဘောထဲမှ ထွက်လာလော့။ 17သင့်ထံ၌ရှိသော သက်ရှိသတ္တဝါအပေါင်း၊ သားယဉ်သားရဲအပေါင်းတည်းဟူသော ငှက်၊ တိရစ္ဆာန်နှင့် မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည် မြေကြီးပေါ်မှာ များပြားကြစေရန်လည်းကောင်း၊ မြေကြီးပေါ်မှာမွေးဖွားတိုးပွားကြစေရန်လည်းကောင်း သူတို့ကို သင်နှင့်အတူထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။
18သို့ဖြစ်၍ နောဧသည် သား၊ မယား၊ ချွေးမတို့နှင့်အတူ ထွက်လာ၏။ 19တောရိုင်းတိရစ္ဆာန်ရှိသမျှ၊ တွားသွားသောတိရစ္ဆာန်ရှိသမျှ၊ ငှက်ရှိသမျှနှင့် မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သတ္တဝါရှိသမျှတို့သည်လည်း အမျိုးအလိုက် သင်္ဘောထဲမှထွက်လာကြ၏။
20နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ 21ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။ 22မြေကြီးတည်နေသရွေ့ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ ပူသောအချိန်နှင့်အေးသောအချိန်၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့အချိန်နှင့်ညအချိန်တို့သည် မပြတ်မစဲရှိနေမည်”ဟု စိတ်တော်ထဲ၌ မြွက်ဆိုတော်မူ၏။
S'ha seleccionat:
ကမ္ဘာဦးကျမ်း 8: MSBU
Subratllat
Comparteix
Copia
Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: