ရှင်လုကာ 24

24
ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း
(မ၊ ၂၈:၁-၁၀။ မာ၊ ၁၆:၁-၈။ ယော၊ ၂၀:၁-၁၀)
1ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် အ​ရုဏ်​တက်​သော​အ​ချိန်၌၊ ထို​မိန်း​မ​တို့​သည် အ​ခြား​သော​မိန်း​မ​တို့​နှင့်​တ​ကွ မိ​မိ​တို့ ပြင်​ဆင်​သော​နံ့​သာ​မျိုး​ကို ဆောင်​လျက် သင်္ချိုင်း​တော်​သို့ သွား​ကြ၏။- 2ရောက်​သော​အ​ခါ တွင်း​ဝ၌ ပိတ်​သော​ကျောက်​သည် လိမ့်​လှန်​လျက်​ရှိ​သည်​ကို တွေ့​မြင်၍ အ​တွင်း​သို့​ဝင်​သော်၊- 3သ​ခင်​ယေ​ရှု၏​အ​လောင်း​တော်​ကို မ​တွေ့​ကြ။- 4ထို​အ​ကြောင်း​ကြောင့် သူ​တို့​သည် တွေး​တော​သော​စိတ်​ရှိ​စဉ်​တွင်၊ လူ​နှစ်​ယောက်​တို့​သည် ပြိုး​ပြိုး​ပြက်​ပြက်​သော အ​ဝတ်​ကို ဝတ်​ဆင်​လျက် ပေါ်​လာ၏။- 5ထို​မိန်း​မ​တို့​သည် ကြောက်​လန့်​သော​စိတ်​နှင့် ငုံ့၍​နေ​စဉ်​တွင်၊ ထို​သူ​တို့​က၊ သင်​တို့​သည် အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ အ​သက်​ရှင်​သော​သူ​ကို အ​ဘယ်​ကြောင့် ရှာ​ကြ​သ​နည်း။- 6ဤ​အ​ရပ်၌​မ​ရှိ၊ ထ​မြောက်​တော်​မူ​ပြီ။- 7လူ​သား​သည် ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု ဂါ​လိ​လဲ​ပြည်၌​ရှိ​တော်​မူ​စဉ် သင်​တို့​အား မိန့်​တော်​မူ​သော​စ​ကား​ကို အောက်​မေ့​ကြ​ဦး​ဟု ဆို​ကြ​သည်​ရှိ​သော်၊-#မ၊ ၁၆:၂၁၊ ၁၇:၂၂-၂၃၊ ၂၀:၁၈-၁၉။ မာ၊ ၈:၃၁၊ ၉:၃၁၊ ၁၀:၃၃-၃၄။ လု၊ ၉:၂၂၊ ၁၈:၃၁-၃၃။ 8ထို​မိန်း​မ​တို့​သည် စ​ကား​တော်​ကို သ​တိ​ရ၍၊- 9သင်္ချိုင်း​တော်​က ပြန်​လျှင် ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို တစ်​ကျိပ်​တစ်​ပါး​သော​သူ​မှ​စ၍ ကြွင်း​သော တ​ပည့်​တော်​အ​ပေါင်း​တို့​အား ပြန်​ကြား​ကြ၏။
10ထို​အ​ကြောင်း​အ​ရာ​ကို တ​မန်​တော်​တို့​အား ပြော​သော​သူ​ကား၊ မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​ဟ​န္န၊ ယာ​ကုပ်၏ အ​မိ​ဖြစ်​သော​မာ​ရိ​မှ​စ၍ အ​ခြား​သော​မိန်း​မ​များ ဖြစ်​သ​တည်း။- 11သူ​တို့၏​စ​ကား​ကို ဒ​ဏ္ဍာ​ရီ​စ​ကား​ကဲ့​သို့ ထင်​မှတ်၍ တ​မန်​တော်​တို့​သည် မ​ယုံ​ကြ။- 12သို့​သော်​လည်း ပေ​တ​ရု​သည်​ထ၍ သင်္ချိုင်း​တော်​သို့ ပြေး​လေ၏။ ရောက်​သော​အ​ခါ ငုံ့​ကြည့်၍ ပိတ်​ပု​ဆိုး​သာ​ရှိ​ရစ်​သည်​ကို မြင်​လျှင်၊ ထို​အ​ကြောင်း​အ​ရာ​ကို အံ့​ဩ၍ မိ​မိ​အိမ်​သို့ ပြန်​သွား၏။
ဧ​မောက်​ရွာ​သို့​သွား​ခြင်း
(မာ၊ ၁၆:၁၂-၁၃)
13ထို​မှ​တစ်​ပါး၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် ခ​ရီး​လေး​တိုင်​ကွာ​သော ဧ​မောက်​အ​မည်​ရှိ​သော​ရွာ​သို့ ထို​နေ့၌ သွား​ကြ​စဉ်​တွင်၊- 14ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။- 15ထို​သို့ ဆွေး​နွေး​ပြော​ဆို​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် ချဉ်း​ကပ်၍ သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။- 16ထို​သူ​တို့​သည် မျက်​စိ​ချုပ်​လျက်​ရှိ၍၊ ကိုယ်​တော်​ဖြစ်​သည်​ကို မ​သိ​ကြ။- 17ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ခ​ရီး​သွား​လျက် အ​ချင်း​ချင်း ဆွေး​နွေး​သော​စ​ကား​ကား၊ အ​ဘယ်​သို့​သော​စ​ကား​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- 18သူ​တို့​တွင် က​လော​ဖ​အ​မည်​ရှိ​သော​သူ​က၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ဧည့်​သည်​ဖြစ်​လျက်​သာ ယ​ခု​အ​ခါ ထို​မြို့၌ ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​တို့​ကို မ​သိ​သ​လော​ဟု ပြော​ဆို၏။- 19ကိုယ်​တော်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​အ​ရာ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​က၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၏ အ​ကြောင်း​အ​ရာ​ပေ​တည်း။ ထို​သူ​သည် ဘု​ရား​သ​ခင်​ရှေ့၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​နှင့် ပြည့်​စုံ​သော ပ​ရော​ဖက်​ဖြစ်၏။- 20ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ငါ​တို့​မင်း​များ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အပ်​နှံ၍ လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​ကြ​ပြီ။- 21ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​အံ့​သော​သူ ဖြစ်​သည်​ဟု ငါ​တို့​သည် အ​ထက်​က​မျှော်​လင့်​ကြ​ပြီ။ ထို​မျှ​မ​က ဤ​အ​ကြောင်း​အ​ရာ​ဖြစ်၍ ယ​ခု​သုံး​ရက်​ရှိ​ပြီ။- 22ငါ​တို့၏​အ​ပေါင်း​အ​ဖော် မိန်း​မ​အ​ချို့​တို့​သည်​လည်း သင်္ချိုင်း​တော်​သို့ စော​စော​သွား၍၊- 23အ​လောင်း​တော်​ကို မ​တွေ့​လျှင်၊ သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​သည်​ဟု ပြော​သော ကောင်း​ကင်​တ​မန် ထင်​ရှား​ရာ ရူ​ပါ​ရုံ​ကို မိ​မိ​တို့​မြင်​ကြောင်း​ကို ပြန်​လာ၍ ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။- 24ထို​အ​ခါ ငါ​တို့​တွင် အ​ချို့​သော​သူ​တို့​သည် သင်္ချိုင်း​တော်​သို့​သွား၍ မိန်း​မ​တို့​ပြော​ဆို​သည်​အ​တိုင်း တွေ့​သော်​လည်း၊ ကိုယ်​တော်​ကို မ​မြင်​ရ​ဟု ပြော​ဆို​ကြ၏။
25ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊- 26ခ​ရစ်​တော်​သည် ဤ​သို့​ပင် အ​သေ​ခံ၍ မိ​မိ​ဘုန်း​စည်း​စိမ်​တော်​ကို ဝင်​စား​ရ​မည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။- 27ထို​အ​ခါ မော​ရှေ၏​ကျမ်း​စာ​မှ​စ၍ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ၌ ကိုယ်​တော်​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော ကျမ်း​စာ​ချက်​အ​နက်​ကို ရှင်း​လင်း​စွာ ဖော်​ပြ​တော်​မူ၏။- 28ထို​တ​ပည့်​တော်​တို့​သည် သွား​သော​ရွာ​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကိုယ်​တော်​သည် ထို​ရွာ​ကို​လွန်၍ သွား​အံ့​သော အ​ခြင်း​အ​ရာ​ကို ပြ​တော်​မူ​လျှင်၊- 29ထို​သူ​တို့​က အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဝင်၍ နေ​ပါ။ ညဉ့်​ဦး​ယံ​အ​ချိန် ရှိ​ပြီ။ မိုး​လည်း​ချုပ်​ပါ​သည်​ဟူ၍ ကိုယ်​တော်​ကို ကျပ်​ကျပ်​သွေး​ဆောင်​ကြ၏။ ထို​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​ခြင်း​ငှာ ဝင်​တော်​မူ၏။- 30စား​ပွဲ၌ သူ​တို့​နှင့်​အ​တူ လျောင်း​တော်​မူ​စဉ်၊ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ သူ​တို့​အား ပေး​တော်​မူ​သည်​တွင်၊- 31သူ​တို့​သည် မျက်​စိ​ပွင့်​လင်း၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် ကွယ်​တော်​မူ၏။- 32တ​ပည့်​တော်​တို့​က​လည်း၊ လမ်း​ခ​ရီး၌ ငါ​တို့​နှင့်​ဟော​ပြော၍ ကျမ်း​စာ​အ​နက်​ကို ဖွင့်​ပြ​တော်​မူ​သော​အ​ခါ၊ ငါ​တို့ စိတ်​နှ​လုံး​သည် ယို​ဖိတ်​မ​တတ်​ဖြစ်​သည် မ​ဟုတ်​လော​ဟု အ​ချင်း​ချင်း ပြော​ဆို​ကြ၏။
33ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ချက်​ချင်း​ထ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ပြီး​မှ၊ တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် အ​ပေါင်း​အ​ဖော်​တို့​နှင့်​အ​တူ စု​ဝေး​လျက်​ရှိ​သည်​ကို တွေ့​ကြ၏။- 34စု​ဝေး​သော​သူ​တို့​က​လည်း၊ သ​ခင်​ဘု​ရား​သည် အ​မှန်​ထ​မြောက်​တော်​မူ​ပြီ။ ရှိ​မုန်​အား ကိုယ်​ကို​ပြ​တော်​မူ​ပြီ​ဟု ပြော​ဆို​လျှင်၊- 35ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် လမ်း၌ ဖြစ်​သော အ​ကြောင်း​အ​ရာ​ကို​လည်း​ကောင်း၊ မုန့်​ကို​ဖဲ့​စဉ်​တွင် ထင်​ရှား​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ပြန်​ကြား​ကြ၏။
တ​ပ​ည့်​တော်​ထံ​ကိုယ်​ထင်​ပြ​ခြင်း
(မ၊ ၂၈:၁၆-၂၀။ မာ၊ ၁၆:၁၄-၁၈။ ယော၊ ၂၀:၁၉-၂၃။ တ၊ ၁:၆-၈)
36ထို​သို့​အ​ချင်း​ချင်း ပြော​ဆို​သော​အ​ခါ၊ ယေ​ရှု​သည် သူ​တို့​အ​လယ်၌ ရပ်​တော်​မူ​လျက်၊ သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်း ဟု​မိန့်​တော်​မူ၏။- 37တ​ပည့်​တော်​တို့​သည် တ​စ္ဆေ​ကို​မြင်​သည်​ဟု စိတ်​ထင်​နှင့် ထိတ်​လန့်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။- 38ကိုယ်​တော်​က​လည်း၊ အ​ဘယ်​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် အ​ထူး​ထူး​အ​ထွေ​ထွေ​သော​စိတ် ရှိ​ကြ​သ​နည်း။- 39ငါ့​လက်​ကို ကြည့်​ကြ​လော့။ ငါ့​ခြေ​ကို​လည်း ကြည့်​ကြ​လော့။ ငါ့​ကိုယ်​ပင်​ဖြစ်၏။ ငါ့​ကို ကြည့်​ရှု​စမ်း​သပ်​ကြ​လော့။ ငါ​သည် သင်​တို့​မြင်​သည်​အ​တိုင်း အ​ရိုး​အ​သား​နှင့် ပြည့်​စုံ၏။ တ​စ္ဆေ​မည်​သည်​ကား ဤ​ကဲ့​သို့ မ​ပြည့်​စုံ​ဟု မိန့်​တော်​မူ​လျက်၊- 40လက်​တော်​ခြေ​တော်​တို့​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။ 41ထို​သူ​တို့​သည် အံ့​ဩ၍ ဝမ်း​မြောက်​သော​အား​ဖြင့် မ​ယုံ​နိုင်​ဘဲ​နေ​သေး​သော​အ​ခါ၊ သင်​တို့၌ စား​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊- 42ငါး​ကင်​တစ်​ပိုင်း​နှင့် ပျား​လ​ပို့​ကို ကပ်​ပေး​ကြ၏။- 43ကိုယ်​တော်​သည် ယူ၍ သူ​တို့​ရှေ့​မှာ စား​တော်​မူ၏။
44တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။- 45ထို​အ​ခါ ကျမ်း​စာ​ကို နား​လည်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့၏ ဉာဏ်​ကို ဖွင့်​တော်​မူ​လျှင်၊- 46ဤ​သို့ ကျမ်း​စာ​လာ၏။ ဤ​သို့ ခ​ရစ်​တော်​သည် အ​သေ​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။- 47ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။- 48သင်​တို့​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​တို့၏ သက်​သေ​ဖြစ်​ကြ၏။- 49ငါ့​ခ​မည်း​တော်၏ က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့၌ ငါ​ပြု​ဦး​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။#တ၊ ၁:၄။
ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​ခြင်း
(မာ၊ ၁၆:၁၉-၂၀။ တ၊ ၁:၉-၁၁)
50ထို​နောက် တ​ပည့်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ဗေ​သ​နိ​ရွာ​တိုင်​အောင် ဆောင်​သွား​တော်​မူ​ပြီး​မှ၊ လက်​တော်​ကို​ချီ၍ ကောင်း​ကြီး​ပေး​တော်​မူ၏။-#တ၊ ၁:၉-၁၁။ 51ထို​သို့ ကောင်း​ကြီး​ပေး​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၏။ 52တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ပြီး​မှ အ​လွန် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ၏။- 53ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ဗိ​မာန်​တော်​သို့ ရောက်​မြဲ​ရောက်​ကြ၏။
ရှင်​လု​ကာ​ခ​ရစ်​ဝင်​ပြီး၏။

Subratllat

Comparteix

Copia

None

Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió