ကမ္ဘာဦး 12
12
အာဗြံကိုရွေးကောက်တော်မူခြင်း
1ထာဝရဘုရားကအာဗြံအား``သင်၏တိုင်း ပြည်၊ သင်၏ဆွေမျိုးသားချင်းနှင့်သင်၏ဖခင် အိမ်ကိုစွန့်ခွာ၍ ငါညွှန်ပြမည့်ပြည်သို့သွား လော့။-#တ၊ ၇:၂-၃။ ဟေဗြဲ၊ ၁၁:၈။ 2ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
3သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။
သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။
ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။#ဂလ၊ ၃:၈။
4အာဗြံသည်ထာဝရဘုရားမိန့်မှာသည့်အတိုင်း ခါရန်မြို့မှထွက်ခွာသောအခါ အသက်ခုနစ် ဆယ့်ငါးနှစ်ရှိ၏။ လောတသည်သူနှင့်အတူ လိုက်ပါခဲ့၏။- 5အာဗြံသည်မယားစာရဲ၊ တူလောတ၊ ရှိသမျှ သောဥစ္စာပစ္စည်းနှင့်တကွ ခါရန်မြို့၌ရရှိသော ကျေးကျွန်အားလုံးတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့ခရီးထွက်ခဲ့လေသည်။
ခါနာန်ပြည်သို့ရောက်ကြသောအခါ၊- 6အာဗြံသည်ထိုပြည်ကိုဖြတ်သွားပြီးလျှင် ရှိခင် အရပ်၌ရှိသောမောရေသပိတ်ပင်သို့ရောက်ရှိ လာလေ၏။ (ထိုအချိန်ကခါနာန်အမျိုးသား တို့သည် ထိုပြည်တွင်နေထိုင်လျက်ရှိကြ၏။-) 7ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-#တ၊ ၇:၅။ ဂလ၊ ၃:၁၆။ 8ထိုအရပ်မှသူသည်ဗေသလမြို့အရှေ့ဘက် တောင်ထူထပ်သောအရပ်သို့ပြောင်းရွှေ့၍ စခန်း ချလေသည်။ ထိုစခန်း၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့တည်ရှိ လေသည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင် ကိုတည်၍ထာဝရဘုရားကိုကိုးကွယ်လေ သည်။- 9ထိုမှတစ်ဖန်သူသည်အဆင့်ဆင့်ပြောင်းရွှေ့ လာခဲ့ရာ ခါနာန်ပြည်၏တောင်ပိုင်းသို့ရောက် ရှိလေသည်။
အီဂျစ်ပြည်သို့အာဗြံရောက်ရှိခြင်း
10ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး ဆိုက်ရောက်၍ အခြေအနေဆိုးရွားလာသ ဖြင့်အာဗြံသည် အီဂျစ်ပြည်၌ခေတ္တနေထိုင် ရန်တောင်ဘက်သို့ခရီးထွက်ခဲ့လေသည်။- 11သူသည်အီဂျစ်ပြည်ထဲသို့ဝင်ရန်နယ်စပ် ကိုဖြတ်ကျော်ခါနီးတွင် သူ၏မယားစာရဲ အား``သင်သည်ရုပ်ရည်လှသောအမျိုးသမီး ဖြစ်၏။- 12အီဂျစ်ပြည်သားတို့မြင်လျှင်`သူသည်အာဗြံ ၏မယားဖြစ်၏' ဟုဆို၍ငါ့ကိုသတ်ပြီး နောက် သင့်ကိုအသက်ချမ်းသာပေးကြလိမ့်မည်။- 13ထို့ကြောင့်သူတို့ကမေးလျှင်သင်သည်ငါ၏ နှမဖြစ်သည်ဟုပြောပါ။ ထိုအခါသင့်အတွက် ကြောင့် ငါ့ကိုအသက်ချမ်းသာပေး၍ကောင်းစွာ ပြုစုဆက်ဆံကြလိမ့်မည်'' ဟူ၍မှာကြားထား လေ၏။-#က၊ ၂၀:၂၊ ၂၆:၇။ 14သူသည်နယ်စပ်ကိုဖြတ်၍ အီဂျစ်ပြည်ထဲ သို့ဝင်လာသောအခါ ထိုပြည်သားတို့က သူ၏မယားသည် ရုပ်ရည်လှသောအမျိုး သမီးဖြစ်ကြောင်းတွေ့မြင်ကြ၏။- 15နန်းတော်မှမှူးမတ်အချို့တို့ကလည်းစာရဲ ၏ရုပ်ရည်အလှကိုမြင်ရ၍ ဖာရောဘုရင် ထံသို့သံတော်ဦးတင်ကြသဖြင့် သူမသည် နန်းတော်သို့ခေါ်ဆောင်ခြင်းကိုခံရလေ၏။- 16သူ့အတွက်ကြောင့်ဘုရင်သည်အာဗြံအား ကောင်းစွာပြုစု၍သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်နှင့်ကုလားအုတ်များကိုဆုချပေး သနားတော်မူ၏။
17သို့သော်လည်းဘုရင်က စာရဲကိုသိမ်းပိုက် မိခြင်းကြောင့်ထာဝရဘုရားသည်ဘုရင်နှင့် တကွ နန်းတွင်းသားတို့အားကြောက်မက်ဖွယ် သောရောဂါဆိုးဒဏ်ကိုခံစေတော်မူ၏။- 18ထိုအခါ၌ဘုရင်သည်အာဗြံကိုဆင့်ခေါ် ၍``သင်သည်ငါ့အားအဘယ်သို့ပြုသနည်း။ စာရဲသည်သင်၏မယားဖြစ်ကြောင်းကို ငါ့ အားအဘယ်ကြောင့်မပြောပြသနည်း။- 19သူ့ကိုငါ၏မယားအဖြစ်သိမ်းပိုက်စေရန် သူ သည်သင်၏နှမဖြစ်သည်ဟုအဘယ်ကြောင့် သင်ဆိုသနည်း။ ယခုပင်သင်၏မယားကို ခေါ်၍ထွက်သွားလော့'' ဟုအမိန့်ပေး၏။- 20ထိုသို့အမိန့်ချမှတ်သည့်အတိုင်းမင်း၏အမှု ထမ်းတို့သည် အာဗြံအားသူ၏မယားနှင့် တကွပိုင်ဆိုင်သမျှတို့ကိုယူဆောင်စေပြီး တိုင်းပြည်မှထွက်ခွာသွားစေကြ၏။
S'ha seleccionat:
ကမ္ဘာဦး 12: BCL
Subratllat
Comparteix
Copia
Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
© 2005 Bible Society of Myanmar

: