ယုံကြည်သောသူအပေါင်းတို့သည် ငါ၏အမည်နာမကို အမှီပြု၍ မကောင်းဆိုးဝါးအပေါင်းကို နှင်ထုတ်ဖယ်ရှားခြင်း၊ ထူးခြားသော ဘာသာစကားကို ပြောဆိုနိုင်ကြခြင်းများအပြင် ထိုသူတို့သည် မြွေကို ကိုင်ထားလျှင်သော်လည်းကောင်း၊ သေစေနိုင်သော အဆိပ်ကို သောက်သော်လည်းကောင်း ဘေးအန္တရာယ် ကျရောက်မည်မဟုတ်။ ထိုသူတို့သည် နာမကျန်းသူတို့၏ကိုယ်ခန္ဓာပေါ် သို့ လက်ကို တင်လိုက်ရုံဖြင့်ပင် ရောဂါများ ပျောက်ကင်းသွားစေရန် လုပ်နိုင်ကြခြင်းဆိုသည့် အံ့ဖွယ်နိမိတ်လက္ခဏာများစွာကို လုပ်ဆောင်နိုင်ကြလိမ့်မည်” ဟူ၍ မိန့်တော်မူလေ၏။