Logo YouVersion
Îcone de recherche

မဿဲ 6:16-18

မဿဲ 6:16-18 BCB

သင်တို့​သည် အစာရှောင်​သောအခါ သူတော်ကောင်း​ယောင်ဆောင်သူတို့​ကဲ့သို့ မျက်နှာ​မညှိုးငယ်စေနှင့်။ ထို​သူတို့​သည် မိမိတို့​အစာရှောင်နေကြောင်း လူ​အများ​သိမြင်​စေရန် မျက်နှာသွင်ပြင်​ကို မကြည်မသာ​ဖြစ်စေကြ၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​သူတို့​သည် မိမိတို့ ခံစားရမည့် အကျိုး​အားလုံး​ကို ရရှိကြပြီ။ သို့ရာတွင် သင်​သည် အစာရှောင်​သောအခါ သင်​၏ ဦးခေါင်း​ကို ဆီလိမ်းလော့။ မျက်နှာ​ကိုလည်း သစ်လော့။ ထိုသို့​ပြုလျှင် သင်​အစာရှောင်နေကြောင်း​ကို မည်သူ​မျှ သိမည်​မဟုတ်။ သို့သော်လည်း လူ့​မျက်စိ​ဖြင့် မတွေ့မြင်နိုင်သော သင်​၏​အဖ​သည် သိမြင်တော်မူ၏။ အရာ​အားလုံး​ကို သိမြင်တော်မူသော သင်​၏​အဖ​သည် ဆုလာဘ်​ကို ပေးတော်မူ​လိမ့်မည်။