1
ရှင်ယောဟန်ခရစ်ဝင် 3:16
မြန်မာ့စံမီသမ္မာကျမ်
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
השווה
חקרו ရှင်ယောဟန်ခရစ်ဝင် 3:16
2
ရှင်ယောဟန်ခရစ်ဝင် 3:17
ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို ပြစ်ဒဏ်စီရင်ရန်မဟုတ်။ လောကီသားတို့သည် သားတော်အားဖြင့် ကယ်တင်ခြင်းခံရရန်အတွက်ဖြစ်၏။
חקרו ရှင်ယောဟန်ခရစ်ဝင် 3:17
3
ရှင်ယောဟန်ခရစ်ဝင် 3:3
ယေရှုက“သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် အသစ်တစ်ဖန်မွေးဖွားခြင်းမခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်”ဟု ပြန်၍မိန့်တော်မူ၏။
חקרו ရှင်ယောဟန်ခရစ်ဝင် 3:3
4
ရှင်ယောဟန်ခရစ်ဝင် 3:18
သားတော်ကိုယုံကြည်သောသူသည် ပြစ်ဒဏ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော်၏နာမတော်ကို မယုံကြည်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီဖြစ်၏။
חקרו ရှင်ယောဟန်ခရစ်ဝင် 3:18
5
ရှင်ယောဟန်ခရစ်ဝင် 3:19
စီရင်ဆုံးဖြတ်ချက်ကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကသို့ရောက်ရှိပြီဖြစ်သော်လည်း လူတို့သည် မိမိတို့ပြုသောအမှုများမကောင်းသောကြောင့် အလင်းထက် အမှောင်ကို ပို၍နှစ်သက်ကြ၏။
חקרו ရှင်ယောဟန်ခရစ်ဝင် 3:19
6
ရှင်ယောဟန်ခရစ်ဝင် 3:30
ထိုအရှင်သည် တိုးပွားရမည်။ ငါမူကား ဆုတ်ယုတ်ရမည်”ဟု ပြန်ပြောလေ၏။
חקרו ရှင်ယောဟန်ခရစ်ဝင် 3:30
7
ရှင်ယောဟန်ခရစ်ဝင် 3:20
ဆိုးညစ်သောအမှုများကို ပြုကျင့်သောသူတိုင်း အလင်းကိုမုန်းလျက် မိမိပြုသောအမှုများ ဖော်ပြခြင်းခံရမည်ကိုစိုးရိမ်သဖြင့် အလင်းထံသို့မချဉ်းကပ်ကြ။
חקרו ရှင်ယောဟန်ခရစ်ဝင် 3:20
8
ရှင်ယောဟန်ခရစ်ဝင် 3:36
သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုမနာခံသောသူမူကား အသက်ကိုမတွေ့မမြင်ရသည်သာမက ဘုရားသခင်၏အမျက်တော်သည် သူ့အပေါ်၌တည်၏။
חקרו ရှင်ယောဟန်ခရစ်ဝင် 3:36
9
ရှင်ယောဟန်ခရစ်ဝင် 3:14-15
မောရှေသည် တောကန္တာရ၌ မြွေကိုမြှောက်ထားသကဲ့သို့ လူ့သားသည်လည်း သူ့ကိုယုံကြည်သောသူတိုင်းထာဝရအသက်ကိုရရှိရန် မြှောက်ထားခြင်းခံရမည်။
חקרו ရှင်ယောဟန်ခရစ်ဝင် 3:14-15
10
ရှင်ယောဟန်ခရစ်ဝင် 3:35
ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ အရာခပ်သိမ်းတို့ကို သားတော်လက်သို့ပေးအပ်တော်မူပြီ။
חקרו ရှင်ယောဟန်ခရစ်ဝင် 3:35
בית
כתבי הקודש
תכניות
קטעי וידאו