ကမ္ဘာဦးကျမ်း 12
12
အာဗြံကို ခေါ်ယူတော်မူခြင်း
1ထာဝရဘုရားက အာဗြံအား “သင်သည် သင့်ပြည်မှလည်းကောင်း၊ သင့်ဆွေမျိုးသားချင်းတို့ထဲမှလည်းကောင်း၊ သင့်ဖခင်၏အိမ်မှလည်းကောင်း ထွက်ခွာ၍ သင့်ကိုငါပြမည့်ပြည်သို့သွားလော့။#တ 7:3။ 2ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။ 3သင့်ကိုကောင်းချီးပေးသောသူတို့ကို ငါကောင်းချီးပေး၍ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ ကမ္ဘာမြေကြီးပေါ်ရှိ မျိုးနွယ်စုအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်”#က 18:18၊ 22:18၊ 26:4၊ တ 3:25၊ ဂလ 3:8။ဟု မိန့်တော်မူ၏။
4ထိုအခါ အာဗြံသည် မိမိအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထွက်ခွာလေ၏။ လောတသည်လည်း သူနှင့်အတူလိုက်သွား၏။ အာဗြံသည် ဟာရန်မြို့မှထွက်လာသောအခါ အသက်ခုနစ်ဆယ့်ငါးနှစ်ရှိ၏။ 5အာဗြံသည် မိမိမယားစာရဲနှင့် မိမိတူလောတကိုလည်းကောင်း၊ သူတို့စုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ဟာရန်မြို့၌ ရရှိသောလူတို့ကိုလည်းကောင်း ခေါ်ဆောင်၍ ခါနာန်ပြည်သို့သွားရန်ထွက်ခွာလေ၏။ ထို့နောက် သူတို့သည် ခါနာန်ပြည်သို့ရောက်ကြ၏။ 6အာဗြံသည် ထိုပြည်ကိုဖြတ်သွား၍ ရှေခင်အရပ်၊ မောရေတောင်ကုန်းရှိ ဝက်သစ်ချပင်တိုင်အောင် ရောက်လေ၏။ ထိုကာလတွင် ခါနာန်လူမျိုးတို့သည် ထိုပြည်၌ရှိကြ၏။ 7ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။ 8ထို့နောက် သူသည် ထိုအရပ်မှ ဗေသလမြို့အရှေ့ဘက်ရှိ တောင်ပေါ်ဒေသသို့ရွှေ့ပြောင်း၍ တဲကိုဆောက်လေ၏။ ထိုအရပ်၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့ရှိ၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြု၏။ 9တစ်ဖန် အာဗြံသည် ထိုမှထွက်ခွာလာ၍ နေဂေ့အရပ်သို့ ဆက်၍ခရီးပြုလေ၏။
အီဂျစ်ပြည်သို့ အာဗြံရောက်သွားခြင်း
10ထို့နောက် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်၏။ ထိုပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေးအလွန်ဆိုးရွားသောကြောင့် အာဗြံသည် အီဂျစ်ပြည်၌တည်းခိုနေထိုင်ရန် ဆင်းသွားလေ၏။ 11အီဂျစ်ပြည်သို့ ရောက်လုနီးသောအခါ သူသည် မိမိမယားစာရဲအား “ကြည့်ရှုလော့။ သင်သည် ရုပ်ဆင်းသွင်ပြင်လှပသောအမျိုးသမီးဖြစ်သည်ကို ငါသိ၏။ 12အီဂျစ်ပြည်သားတို့သည် သင့်ကိုတွေ့မြင်သောအခါ ‘ဤအမျိုးသမီးသည် သူ၏မယားဖြစ်၏’ဟု ဆိုလျက် ငါ့ကိုသတ်၍ သင့်ကိုအသက်ချမ်းသာပေးကြလိမ့်မည်။ 13သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။ 14အီဂျစ်ပြည်သို့ အာဗြံရောက်သောအခါ စာရဲသည် အလွန်လှပသောအမျိုးသမီးဖြစ်သည်ကို အီဂျစ်ပြည်သားတို့တွေ့မြင်ကြ၏။ 15ဖာရောမင်းကြီး၏မှူးမတ်တို့သည်လည်း ထိုအမျိုးသမီးကိုတွေ့မြင်၍ ဖာရောမင်းကြီးရှေ့၌ သူ့အကြောင်းကိုချီးကျူးပြောဆိုသဖြင့် သူသည် ဖာရောမင်းကြီး၏နန်းတော်သို့ သိမ်းယူခြင်းခံရလေ၏။ 16ဖာရောမင်းကြီးသည် စာရဲကြောင့် အာဗြံကိုကောင်းစားစေသဖြင့် အာဗြံသည် သိုးအုပ်၊ နွားအုပ်၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်တို့ကိုပိုင်ဆိုင်လာလေ၏။
17သို့သော် ထာဝရဘုရားသည် အာဗြံ၏မယားစာရဲအတွက်ကြောင့် ဖာရောမင်းကြီးနှင့် သူ၏နန်းတော်သူနန်းတော်သားတို့အပေါ် ကြီးစွာသောဘေးဒဏ်ကိုကျရောက်စေတော်မူ၏။ 18ထိုအခါ ဖာရောမင်းကြီးသည် အာဗြံကိုဆင့်ခေါ်၍ “ငါ၌ သင်ပြုသောဤအမှုကား မည်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်း ငါ့ကို အဘယ်ကြောင့်မပြောသနည်း။ 19သူ့ကိုငါ၏မယားအဖြစ်ယူမိစေရန် ‘သူသည် ငါ့နှမဖြစ်သည်’ဟု ငါ့ကို အဘယ်ကြောင့် ပြောရသနည်း။ သင်၏မယားကို ယခုခေါ်၍ ထွက်သွားလော့”ဟု မိန့်ဆို၏။ 20ထို့နောက် ဖာရောမင်းကြီးသည် သူ့လူတို့ကို အာဗြံနှင့်ပတ်သက်၍မှာကြားလိုက်သဖြင့် သူတို့သည် အာဗြံကို သူ၏မယား၊ သူပိုင်ဆိုင်သောအရာအားလုံးနှင့်တကွ ထွက်ခွာစေကြ၏။
נבחרו כעת:
ကမ္ဘာဦးကျမ်း 12: MSBU
הדגשה
שתף
העתק
רוצים לשמור את ההדגשות שלכם בכל המכשירים שלכם? הירשמו או היכנסו
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative