ရှင်~လု~ကာ 14
14
1ဥ ပုသ် နေ့ တွင် သုံး ဆောင် ရန် ဖာ ရိ ရှဲ ဂိုဏ်း လူ ကြီး တစ် ဦး အိမ် သို့ ကြွ ဝင် တော် မူ သော် ကိုယ် တော် ကို စောင့် ကြည့် လျက် နေ ကြ စဉ်၊ 2ရှေ့ တော် တွင် ဖျဉ်း နာ စွဲ သူ တစ် ယောက် ရှိ ရာ၊ 3ကျမ်း တတ် နှင့် ဖာ ရိ ရှဲ တို့ အား ကိုယ် တော် က ဥ ပုသ် နေ့ တွင် လူ နာ ကို ကျန်း မာ စေ အပ် သ လော၊ မ အပ် သ လော ဟု မေး တော် မူ သော် ဆိတ် ဆိတ် နေ ကြ၏။ 4ထို ကာ လ လူ နာ ကို ခေါ်၍ ကျန်း မာ စေ လျက် လွှတ် လိုက် တော် မူ ပြီး နောက် ထို သူ တို့ အား ကိုယ် တော် က၊ 5-6သင် တို့ တွင် ဥ ပုသ် နေ့၌ ရေ တွင်း ထဲ သို့ သား ဖြစ် စေ၊ နွား ဖြစ် စေ ကျ သွား လျှင် ချက် ခြင်း မ ဆွဲ မ တင် ဘဲ နေ မည့် သူ ရှိ သ လော ဟု မေး တော် မူ သော် သူ တို့ မ ဖြေ မ ဆို နိုင် ကြ။
7အ ဖိတ် ခံ ရ သူ တို့ သည် မြင့် မြတ် သော နေ ရာ များ ကို ရွေး ချယ် ကြ ကြောင်း ဂ ရု စိုက် လျက် ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊ 8သင် သည် မင်္ဂ လာ ဆောင် ပွဲ သို့ အ ဖိတ် ခံ ရ သည့် ကာ လ၊ မြင့် မြတ် သော နေ ရာ တွင် မ ထိုင် နှင့်။ ထိုင် လျှင် သင့် ထက် အ သ ရေ ရှိ သူ့ ကို လည်း ဖိတ် သ ဖြင့်၊ 9နှစ် ဦး လုံး ကို ဖိတ် သူ က ဤ သူ့ အား နေ ရာ ပေး ပါ ဟု ဆို လာ သော် သင် သည် အ ရှက် ရ လျက် အ နိမ့် ဆုံး သော နေ ရာ၌ ထိုင် ကောင်း ထိုင် ရ လိမ့် မည်။ 10အ ဖိတ် ခံ ရ သည့် အ ခါ အ နိမ့် ဆုံး သော နေ ရာ သို့ သွား၍ ထိုင် နေ လော့။ ဖိတ် သူ လာ သော် အ ဆွေ မြင့် မြတ် သော နေ ရာ သို့ တက် ပါ ဟု ဆို သ ဖြင့် အ တူ စား ပွဲ ထိုင် ဘက် တို့ ရှေ့ ဂုဏ် အ သ ရေ ရ လိမ့် မည်။ 11အ သို့ ဆို သော် ကိုယ် ကို ချီး မြှောက် သူ တိုင်း နှိမ့် ချ ခံ ရ လိမ့် မည်။ နှိမ့် ချ သူ မူ ကား ချီး မြှောက် ခံ ရ လိမ့် မည် ဟု မိန့် တော် မူ၏။
12ပင့် ခေါ် သူ့ အား လည်း ကိုယ် တော် က သင် သည် နံ နက် ဖြစ် စေ၊ ညဉ့် ဖြစ် စေ၊ စား သောက် ပွဲ ကျင်း ပ သည့် ကာ လ ကိုယ့် အ ဆွေ ခင် ပွန်း ညီ အစ် ကို အ မျိုး သား ချင်း တို့ နှင့် ကြွယ် ဝ သူ အိမ် နီး ချင်း တို့ ကို မ ဖိတ် နှင့်။ ဖိတ် လျှင် ထို သူ တို့ သည် သင့် ကို တုံ့ ပြန် ဖိတ် ခေါ် လျက် ကျေး ဇူး ဆပ် ကောင်း ဆပ် ကြ လိမ့် မည်။ 13စား သောက် ပွဲ ကျင်း ပ သော အ ခါ ဆင်း ရဲ သူ၊ အင်္ဂါ ပျက် သူ၊ ခြေ ဆွံ့ သူ၊ မျက် မ မြင် သူ တို့ ကို ခေါ် လော့။ 14ထို သူ တို့ ကျေး ဇူး မ ဆပ် နိုင် သည့် အ တွက် သူ တော် ကောင်း တို့ ရှင် ပြန် ထ မြောက် ရာ ကာ လ တွင် ကျေး ဇူး ဆပ် ခြင်း ကို ခံ ရ မည့် သင်၌ မင်္ဂ လာ ရှိ လ တ္တံ့ ဟု မိန့် တော် မူ၏။
15ထို စ ကား များ ကို ကြား သော စား ပွဲ တော် ထိုင် ဘက် တစ် ယောက် က ဘု ရား သ ခင့် နိုင် ငံ တော် တွင် သုံး ဆောင် ရ မည့် သူ၌ မင်္ဂ လာ ရှိ ပေ သည် ဟု ဆို သော်၊ 16ကိုယ် တော် က လူ တစ် ဦး သည် ခမ်း နား သော စား သောက် ပွဲ ကျင်း ပ ရာ လူ များ စွာ ဖိတ် ထား သ ဖြင့် အ ချိန် ရောက် သော် ကြွ ကြ ပါ။ 17အ သင့် ရှိ ပါ ပြီ ဟု ဖိတ် ထား သူ တို့ အား ပြော ရန် ကျွန် ကို လွှတ် သည့် ကာ လ၊ 18ရှိ သ မျှ တို့ အ ညီ အ ညွတ် ခွင့် ပန် ကြ ရာ တစ် ယောက် က ကျွန် တော် သည် ဝယ် ပြီး လယ် ကို အ ကြည့် သွား ရ မည် ဖြစ် သော ကြောင့် ခွင့် လွှတ် ရန် တောင်း ပန် ပါ သည် ဟူ၍ လည်း ကောင်း၊ 19တစ် ယောက် က ကျွန် တော် သည် ဝယ် ပြီး နွား ငါး ရှဉ်း ကို အ စမ်း အ သပ် သွား မည် ဖြစ် သော ကြောင့် ခွင့် လွှတ် ရန် တောင်း ပန် ပါ သည် ဟူ၍ လည်း ကောင်း၊ 20တစ် ယောက် က ကျွန် တော် သည် အိမ် ထောင် ပြု သော ကြောင့် မ လာ နိုင် ပါ ဟူ၍ လည်း ကောင်း ငြင်း ဆို ကြ ၏။ 21ထို စ ကား များ ကို ကျွန် ပြန် ရောက်၍ လျှောက် ထား သည့် ကာ လ ပွဲ ရှင် သည် အ မျက် ထွက်၍ ကျွန် အား မြို့ တွင်း ရှိ လမ်း မ လမ်း မြှောင် များ သို့ အ မြန် သွား ပြီ လျှင် ဆင်း ရဲ သူ၊ အင်္ဂါ ပျက် သူ၊ မျက် မ မြင် သူ၊ ခြေ ဆွံ့ သူ တို့ ကို ဆောင် ခဲ့ ဟု ဆို သည့် အ တိုင်း ကျွန် က အ ရှင်၊ 22အ မိန့် အ ရ ပြု ရ ပါ ပြီ။ သို့ ရာ တွင် နေ ရာ လပ် ရှိ ပါ သေး သည် ဟု လျှောက် သော်၊ 23အ ရှင် က မြို့ ပြင် လမ်း များ သို့ သွား၍ ငါ့ မ ဏ္ဍပ် ပြည့် စေ ခြင်း ငှာ အ နိုင့် အ ထက် သွင်း လော့။ 24ငါ ဆို သည် ကား ငါ့ စား သောက် ပွဲ ကို အ ထက် ဖိတ် ထား သူ တစ် ယောက် မျှ ဝင် မြည်း ရ မည် မ ဟုတ် ဟူ၍ ပြန် ဆို သည် ဟု မိန့် တော် မူ၏။
25ထို အ ခါ လှည့် တော် မူ လျက် လိုက် လာ သော လူ ပ ရိ သတ် ကြီး အား၊ 26ကိုယ် တော် က မည် သူ မ ဆို ငါ့ ထံ ရောက် လာ၍ မိ ဘ၊ သား၊ မ ယား၊ ညီ အစ် ကို မောင် နှ မ များ နှင့် ကိုယ့် အ သက် ကို မ မုန်း လျှင် ငါ့ တ ပည့် မ ဖြစ် နိုင်။ 27မည် သူ မ ဆို ကိုယ့် ကား တိုင် ကိုယ် ထမ်း၍ ငါ့ နောက် မ လိုက် လျှင် ငါ့ တ ပည့် မ ဖြစ် နိုင်။ 28သင် တို့ တွင် တစ် ယောက် ယောက် သည် မြော် စင် ကို ဆောက် လို သော် ဦး စွာ ထိုင်၍ ကုန် ဝင် ရန် တွက် လျက် အ ပြီး သတ် အောင် လောက် သည် မ လောက် သည် ကို မ စစ် ဘဲ မည် သူ ဆောက် အံ့ နည်း။ 29မ လောက် လျှင် တိုက် မြစ် ချ ပြီး မှ အ ပြီး မ သတ် နိုင် သ ဖြင့်၊ 30ကြည့် မြင် သူ တို့ က ဤ သူ အ စ ပြု သော် လည်း အ ပြီး သတ် အောင် မ ဆောက် နိုင် ဟု ကဲ့ ရဲ့ ကြ လိမ့် မည်။ 31တစ် နည်း ဘု ရင် တစ် ပါး သည် နှစ် သောင်း တပ် နှင့် တက် လာ သော ဘု ရင် တစ် ပါး ကို စစ် ပြိုင် ရန် ချီ ထွက် သော် သောင်း တပ် နှင့် ဆီး ဆို့ နိုင် မည် မ နိုင် မည် ကို ဦး စွာ ထိုင်၍ မ တိုင် ပင် ဘဲ မည် သည့် ဘု ရင် ချီ အံ့ နည်း။ 32မ ဆီး ဆို့ နိုင် လျှင် ရန် သူ တော် ဝေး သေး သည့် ကာ လ ရာ ဇ သံ လွှတ်၍ ပြေ ငြိမ်း ခွင့် တောင်း ပန် လိမ့် မည်။ 33ထို နည်း တူ သင် တို့ တွင် မည် သူ မ ဆို ရှိ သ မျှ ကို မ စွန့် လျှင် ငါ့ တ ပည့် မ ဖြစ် နိုင်။ 34ဆား ကား ကောင်း သည် မှန် သော် လည်း အ ငံ ကုန် လျှင် အ ဘယ် အ ရာ ဖြင့် ငံ စေ ကြ မည် နည်း။ 35ထို ဆား သည် မြေ အ ဖို့ မ ကောင်း၊ မြေ သြ ဇာ ဖို့ လည်း မ ကောင်း၊ ပြင် သို့ ပစ် လိုက် တတ် ကြ၏။ ကြား နာ ရန် နား ရှိ သူ ကြား နာ စေ ဟု မိန့် တော် မူ၏။
נבחרו כעת:
ရှင်~လု~ကာ 14: GHB
הדגשה
שתף
העתק
רוצים לשמור את ההדגשות שלכם בכל המכשירים שלכם? הירשמו או היכנסו
Garrad Holy Bible © Bible Society of Myanmar, 1928.