Matthew 3
3
1လွန်ခဲ့သောနှစ်အနည်းငယ်မှစ၍ ရေနှစ်မင်္ဂလာ ဆရာကြီး ယောဟန်သည် ယုဒပြည်၏ သဲကန္တာရတစ်ခု၌ ဟောပြောသည်မှာ 2.“နောင်တရ ကြပါ၊ မကြာခင် ဒီနေရာမှာ ဘုရားသာသနာတော် ရောက်လာတော့မယ်” ဟူ၍ဖြစ်သည်။ 3.ပညာရှိပရောဖက် ဟေရှာယကျမ်းတွင် “အရှင်ကြွတော်မူလာမည့်လမ်းကို အဆင်သင့်ပြင်ကြပါ။ ထိုအရှင်၏လမ်းကို ဖြောင့်ဖြူးအောင်ဆောင်ရွက်ကြပါဟု သဲကန္တာရ၌ လူတစ်ယောက်ကြွေးကြော်နေလျက်နေ၏” ဟူ၍ ကျမ်းတွင်ဖော်ပြခဲ့သောသူမှာ ယောဟန်ပင်ဖြစ်လေသတည်း။ 4ယောဟန်သည် ကုလားအုတ်အမွေးဖြင့်ပြုလုပ်ထားသော အဝတ်ကိုဝတ်၏။ သားရေဖြင့်ပြုလုပ်ထားသော ခါးပတ်ကို စည်းထား၏။ ကျိုင်းကောင်နှင့် ပျားရည်ကိုမှီဝဲ၏။ 5.လူတို့သည် ယောဟန်တရားဟောသည်ကို နားထောင်ရန် ယေရုရှလင်မြို့၊ ယုဒပြည်တစ်ပြည်လုံးနှင့် ယောဒန်မြစ်ဝှမ်း ဒေသတဝိုက်မှ ရောက်လာကြလေသည်။ 6ထိုသူတို့သည်ယောဟန်၏ တရားနာကြားရသောအခါ သူတို့၏ဒုစရိုက်အပြစ်များအတွက် နောင်တသံဝေဂရကြ၍ ယောဟန်သည် ယော်ဒန်မြစ်တွင် ရေနှစ်မင်္ဂလာပြုပေးလိုက်လေသည်။ 7များစွာသော ဘာသာရေးအစွန်းရာက်သူ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့ပင်လျှင် ရေနှစ်မင်္ဂလာခံယူရန်ရောက်လာကြရာယောဟန်က သူတို့အား “မြွေဆိုးရဲ့အမျိုးတွေ၊မင်းတို့ကို ဘုရားအပြစ်ပေးတော့မယ်ဆိုတာကို ဘယ်သူကသတိပေးလိုက်တာလဲ၊ 8မင်းတို့ရဲ့ ဒုစရိုက်အပြစ်တွေကို အမှန်တကယ်နောင်တရကြောင်းကို တစ်ခုခုတော့လုပ်ပြပါ။ 9.ကိုယ့်ကိုကိုယ် အာဗြဟံရဲ့ ဆွေတော်မျိုးတော်၊ သွေးရင်းသားရင်းတွေလို့ ပြောမနေကြပါနဲ့။မင်းတို့ကိုငါပြောပြမယ်၊ ဘုရားရှင်ဟာ ဒီမှာရှိတဲ့ ကျောက်ခဲကျောက်တုံးတွေကနေ အာဗြဟံရဲ့ ကလေးတွေ ဖြစ်သွားအောင် ပြုလုပ်နိုင်တယ်။ 10သစ်ပင်တွေကို အမြစ်ပါမကျန် ခုတ်လှဲပစ်ဖို့ ပုဆိန်ကို အဆင်သင့်ပြင်ထားပြီးဖြစ်တယ်။ အသီးကောင်း မသီးတဲ့သစ်ပင်မှန်သမျှကို ခုတ်လှဲပစ်ပြီး မီးထဲသို့ပစ်ချ ပါလိမ့်မယ်။ 11.ငါဟာ မင်းတို့ရဲ့ ဒုစရိုက်အပြစ်တွေ ခွင့်လွှတ်ပေးနိုင်ဖို့အတွက် ရေနှစ်မင်္ဂလာပြုပေးတယ်။ ဒါပေမယ့် ငါ့ထက် ဘုန်းတန်ခိုး ကြီးမားတဲ့ သူတစ်ဦးရောက်လာတော့မယ်၊ ငါဟာ သူရဲ့ဖိနပ်ကို ချွတ်ပေးဖို့တောင် ထိုက်တန်သူမဟုတ်ပါ။ သူဟာဘုရားဝိညာဉ်တော်နဲ့မင်းတို့ရဲ့အပြစ်ဒုစရိုက်တွေကိုသန့်စင်ပေးမယ့်သူဖြစ်တယ်။ 12.သူရဲ့ ကောက်တလင်း နယ်တဲ့ကောက်ဆွကို လက်တော်နဲ့ကိုင်ပြီး စပါးစေ့နဲ့အခွံတွေကို ခွဲခြားပစ်ဖို့အတွက် သူကအဆင်သင့်ဖြစ်နေပြီ။ သူဟာ စပါးစေ့တွေကို ကျီထဲစုသိမ်းပြီး သုံးမရတဲ့ ဖွဲခွံတွေကိုဘယ်တော့မှ မငြိမ်းတဲ့မီးထဲ ထည့်ရှို့လိမ့်မယ်” ဟုပြောလေသည်။ 13ကိုယ်တော်ယေရှုသည် ယောဟန်ထံတွင် ရေနှစ်မင်္ဂလာ ခံယူရန်အတွက် ဂါလိလဲဒေသမှ ယော်ဒန်မြစ်ရှိရာသို့ ထွက်ခွာလာခဲ့၏။ 14.သို့ရာတွင်ယောဟန်က မိမိသည် ကိုယ်တော်အား ရေနှစ်မင်္ဂလာပြုပေးရန် မထိုက်တန်ကြောင်း ငြင်းပယ်လေသည်။ ယောဟန်က “ကျွန်တော် သာကိုယ်တော်ထံမှ ရေနှစ်မင်္ဂလာ ခံယူသင့်သူဖြစ်ပါတယ်။ ဘာ့ကြောင့်ကျွန်တော့်ဆီကို ကြွလာရပါသလဲ” ဟုမေးလေသည်။ 15.ကိုယ်တော်က “အခုအချိန်မှာတော့ ဒီလိုပဲလုပ်သင့်ပါတယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ ဘုရားရှင်က ငါတို့ကို ပြုလုပ်စေလိုတဲ့ အရာတွေအားလုံးကို ငါတို့မဖြစ်ဖြစ်အောင် ပြုလုပ်ရပါမယ်” ဟုမိန့်သောအခါတွင် ယောဟန်က သဘောတူလိုက်လေသည်။ 16ထို့ကြောင့် ကိုယ်တော်ယေရှုသည် ရေနှစ်မင်္ဂလာပြု၍ ရေထဲမှ ပြန်တက်လာသည်နှင့် တပြိုင်နက် ချက်ခြင်းပင်လျှင် မိုးကောင်းကင်ကြီး ဟင်းလင်းပွင့်သွားလေသည်။ ဘုရားရှင်၏ ဝိညာဉ်တော်သည် ချိုးငှက် ကဲ့သို့ကိုယ်တော့်အပေါ်သို့ ဆင်းသက် သည်ကို တွေ့လိုက်ရလေသည်။ 17.ပြီးနောက် “သူဟာ ငါ၏ချစ်လှစွာသော သားတော်ဖြစ်တယ်၊ သူဟာငါ့ကို ကျေနပ်ဝမ်းမြောက် စေတယ်” ဟူသောအသံတော်သည် မိုးကောင်းကင်မှ ထွက်ပေါ်လာလေသည်။
Attualmente Selezionati:
Matthew 3: TPV-RV
Evidenzia
Condividi
Copia

Vuoi avere le tue evidenziazioni salvate su tutti i tuoi dispositivi?Iscriviti o accedi
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: