1
မဿဲ 2:11
ခေတ်သစ်မြန်မာ သမ္မာကျမ်း
သူတို့သည် အိမ်ထဲသို့ ဝင်၍ မယ်တော်မာရိနှင့်အတူ သူငယ်တော်ကို တွေ့မြင်သော် ဝပ်တွားခယလျက် သူငယ်တော်ကို ရှိခိုးကြပြီးလျှင် မိမိတို့၏ ရတနာသေတ္တာများကို ဖွင့်ကာ ရွှေ၊ လောဗန်နှင့် မုရန်ဟူသော လက်ဆောင်များကို ဆက်သကြ၏။
Mampitaha
Mikaroka မဿဲ 2:11
2
မဿဲ 2:1-2
ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍ “ယခု မွေးဖွားလာသော ဂျူးရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ ထိုအရှင်၏ကြယ် ထွက်ပေါ်လာသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသောကြောင့် ထိုအရှင်ကို ဖူးမြော်ရန် ရောက်လာကြပါသည်” ဟု မေးမြန်းပြောဆိုကြ၏။
Mikaroka မဿဲ 2:1-2
3
မဿဲ 2:10
ပညာရှိများသည် ထိုကြယ်ကို မြင်သောအခါ အလွန်ဝမ်းမြောက်ကြ၏။
Mikaroka မဿဲ 2:10
4
မဿဲ 2:12-13
ထို့နောက် ဟေရုဒ်မင်းထံသို့ လှည့်ပြန်မသွားရန် အိပ်မက်တွင် ဘုရားသခင်သတိပေးတော်မူသဖြင့် သူတို့သည် အခြားလမ်းဖြင့် မိမိတို့၏တိုင်းပြည်သို့ ပြန်သွားကြ၏။ ပညာရှိများ ထွက်ခွာသွားပြီးနောက် ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ယောသပ်ကို အိပ်မက်တွင် ကိုယ်ထင်ပြ၍ “ထလော့။ သူငယ်နှင့် မယ်တော်ကို ခေါ်ဆောင်ကာ အီဂျစ်ပြည်သို့ ထွက်ပြေးလော့။ ဟေရုဒ်မင်းသည် သူငယ်တော်ကို ရှာဖွေ၍ သတ်ရန် ကြံစည်ပြီ။ ထို့ကြောင့် ငါပြန်ခေါ်မည့်အချိန်ထိတိုင်အောင် ထိုအရပ်၌ နေကြလော့” ဟု ဆိုလေ၏။
Mikaroka မဿဲ 2:12-13
Fidirana
Baiboly
Planina
Horonan-tsary