ရှင်ယောဟန် 15:8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။
ယုံကြည်စိတ်ချမှုရှိခြင်း
(၄) ရက်
မိမိအပြစ်ကို ဘုရားသခင် ခွင့်လွတ်တော်မူပြီဟူသော ယုံကြည့်စိတ်ချမှုကို မိတ်ဆွေရရှိစေရန် ဘုရားသခင် အလိုရှိတော်မူသည်။ ဘုရားသခင်နှင့် ထိတွေ့မှု၊ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်နှလုံးသွင်းမှုတို့ရှိခြင်းအားဖြင့် မိတ်ဆွေ၌ရှိသော ယုံကြည်စိတ်ချမှုသည် ခိုင်မာကြီးထွားနိုင်ပါသည်။ ဖော်ပြပါကျမ်းပိုဒ်များကို အလွတ်ကျက်ထားလျှင် မိတ်ဆွေ၏ အသက်တာ၏ နေ့ရက်များတွင် ယုံကြည်စိတ်ချစွာဖြင့် ဘုရားသခင်ထံတော်မှ ငြိမ်သက်ချမ်းသာမှုကို ခံစားနိုင်ပါသည်။ ကျမ်းချက်ကို အလွတ်ကျက်ထားခြင်းအားဖြင့် မိတ်ဆွေ၏ အသက်တာကို ပြောင်းလဲစေပါ။ ကျမ်းချက်ကို အလွတ်ကျက်နိုင်သည့် ပြည့်စုံသောစနစ်ကို http://www.MemLok.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
နာခံမှု
၂ ပတ္
သခင်ယေရှုက သူ့ကိုချစ်တဲ့သူဘယ်သူမဆိုသူ့ရဲ့သွန်သင်ချက်တွေကိုလိုက်နာလိမ့်မယ်လို့ပြောခဲ့ပါတယ်။ ကျွန်တော်တို့ဘဝတွေမှာဘာတွေပဲဖြစ်နေဖြစ်နေ၊ ကျွန်တော်တို့ရဲ့နာခံမှုကဘုရားအတွက်အရေးပါ ပါတယ်။ "နာခံမှု" အစီအစဉ်ကကျမ်းချက်တွေမှာဖော်ပြထားတဲ့နာခံခြင်းနဲ့ပတ်သတ်ပြီး မြဲမြံတည်ကြည်တဲ့စိတ်ကိုဘယ်လိုထိန်းသိမ်းထားရမလဲ၊ သနားကြင်နာမှုရဲ့အခန်းကဏ္ဍ၊ နာခံခြင်းကကျွန်တော်တို့ကိုဘယ်လိုလွတ်မြောက်ခြင်းကိုပေးပြီးကျွန်တော်တို့ရဲ့ဘဝတွေကိုကောင်းကြီးဖြစ်စေသလဲ ဆိုတာတွေနဲ့အခြားအရာတွေကိုဖော်ပြပေးသွားပါမယ်။