ရှင်မဿဲ 6:12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။
သခင်ယေရှု၏ဆုတောင်းချက်များ
၅ ရက်
ဆက်ဆံရေးတိုင်းမှာအပြန်အလှန်ပြောဆိုခြင်းကအရေးကြီးတဲ့အကြောင်းကိုကျွန်တော်တို့အသိအမှတ်ပြုပါသည်။ ဘုရားနဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးမှာလည်း ထိုနည်း၄င်းပါပဲ။ ဘုရားသခင်ကကျွန်တော်တို့ကိုဆုတောင်းခြင်းအားဖြင့်သူနဲ့ဆက်သွယ်ပြောဆိုဖို့အလိုရှိပါတယ်။ သူ့ရဲ့သားတော်ဖြစ်တဲ့သခင်ယေရှုတောင်မှလုပ်ခဲ့ရတဲ့အချက်ဖြစ်ပါတယ်။ ဤအစီအစဉ်တွင် သခင်ယေရှုရဲ့ ဉပမာကနေသင်ယူရမှာဖြစ်ပြီး ရှုပ်ထွေးနေတဲ့ဘဝထဲကနေရုန်းထွက်ပြီး ဆုတောင်းခြင်းကပေးတဲ့ခွန်အားနဲ့လမ်းပြုမှုတို့ကို သင်ကိုယ်တိုင်ခံစားရမှာဖြစ်ပါတယ်။
ယေရှု၏သွန်သင်ချက်များ
7 နေ့ရက်များ
ယေရှုသည် အကြောင်းအရာများစွာကို သင်ပေးခဲ့သည်။ ကြာရှည်ခံသော ကောင်းချီးများ၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ဆုတောင်းခြင်းနှင့်အခြားအရာများစွာ ရှိပါသည်။ ဒါက ယနေ့ခေတ် လူများအတွက် ဘာကို ဆိုလိုသနည်း။ ဤအစီစဉ်တွင် ယေရှု၏သွန်သင်ချက် တစ်ပုဒ်ကို နေ့ရက်တိုင်းအတွက် ဗီဒီယိုအတို တစ်ခုက သရုပ်ဖေါ်ထားပါသည်။
၂၁ ရက်တာအစာရှောင်ခြင်း
၂၁ ရက်
အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကိုအာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့်ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကိုအလေးအနက်ဆင်ခြင်ခြင်းတို့ကိုတွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ ၂၁ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့်မေးခွန်းများနှင့် အာရုံစိုက်ရမည့်ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
ဆုတောင်းခြင်း
၂၁ ရက်
ဘယ်လိုအကောင်းဆုံးဆုတောင်းရမလဲဆိုတာကို သစ္စာရှိတဲ့နောက်လိုက်များရဲ့ဆုတောင်းချက်များနဲ့သခင်ယေရှုရဲ့နှုတ်ထွက်စကားများမှသင်ယူပါ။ သင့်ရဲ့ဆုတောင်းချက်တွေကိုဘုရားသခင်ထံနေ့တိုင်း မဆုတ်မနှစ်ကြိုးပမ်းပြီးစိတ်ရှည်စွာ တောင်းတတ်ဖို့ခွန်အားရယူပါ။ အချည်းနှီးသက်သက်ဆုတောင်းချက်များနှင့် စိတ်နှလုံးဖြူစင်သူများရဲ့တည်ကြည်တဲ့ဆုတောင်းချက်များကိုနှိုင်းယှဉ်ထားသည့်ဥပမာများကိုလေ့လာပါ။ မခြားမလပ်ဆုတောင်းပါ။