ထို့ကြောင့် ဘုရားသခင်က ရှောလမုန်မင်းကြီးအား “သင်သည် ဓနဥစ္စာစည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်း၊ အသက်တာရှည်ဖို့မတောင်းဘဲ သင့်အား ငါအုပ်ချုပ်စေသည့် ငါ့လူမျိုးတော်တို့ကိုအုပ်ချုပ်နိုင်ရန်အတွက် သင့်စိတ်နှလုံးတွင်ရှိသည့်အတိုင်း ဉာဏ်ပညာ၊ အသိတရားတို့ကိုသာ တောင်းဆိုသောကြောင့် သင့်အား ဉာဏ်ပညာနှင့် အသိတရားများကိုသာမက သင့်ရှေ့၌ရှိခဲ့သောဘုရင်၊ သင့်နောက်တွင်ရှိမည့်ဘုရင်တို့၌ မရနိုင်သော ဓနဥစ္စာ၊ ကြွယ်ဝချမ်းသာခြင်းနှင့် ဂုဏ်သရေရှိခြင်းတို့ကိုပါ ငါပေးမည်”ဟု မိန့်တော်မူ၏။