1
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:6
မြန်မာ့စံမီသမ္မာကျမ်း
ချစ်ခြင်းမေတ္တာဆိုသည်မှာ ကိုယ်တော်၏ပညတ်တော်အတိုင်း အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်၏။ ထိုပညတ်တော်သည်ကား အစအဦးကပင် သင်တို့ကြားရသည့်အတိုင်း ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်၏။
နှိုင်းယှဉ်
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:6ရှာဖွေလေ့လာလိုက်ပါ။
2
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:9
ခရစ်တော်၏သွန်သင်ချက်၌မတည်ဘဲ ၎င်းကိုကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကိုမရရှိပေ။ ထိုသွန်သင်ချက်၌တည်သောသူသည် ခမည်းတော်နှင့်သားတော်ကိုရရှိ၏။
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:9ရှာဖွေလေ့လာလိုက်ပါ။
3
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:8
သင်တို့သည် ငါတို့လုပ်ဆောင်ခဲ့သောအရာကိုမဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကိုအပြည့်အဝခံစားရစေရန် မိမိတို့ကိုယ်ကိုသတိပြုကြလော့။
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:8ရှာဖွေလေ့လာလိုက်ပါ။
4
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:7
အကြောင်းမူကား ယေရှုခရစ်တော်သည် လူသားအဖြစ်ဖြင့်ကြွလာတော်မူခဲ့သည်ကို ဝန်မခံသောသူဖြစ်သည့် လှည့်ဖြားသောသူများစွာတို့သည် ဤလောက၌ပေါ်လာကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်ပြီး ခရစ်တော်ကိုဆန့်ကျင်အန်တုသူလည်းဖြစ်၏။
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1:7ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ