အဗရှလုံသည် ဒါဝိဒ်မင်းကြီး၏လူတို့နှင့် ပက်ပင်းတိုးသဖြင့် လားစီးပြီး ထွက်ပြေးသွား၏။ သူ့လားသည် သပိတ်ပင်အကိုင်းကြီးအောက်ကို ပြေးဝင်သွားစဉ် အဗရှလုံ၏ဦးခေါင်းသည် ထိုသပိတ်ပင်အကိုင်းကြီးနှင့် ငြိမိပြီး လားကား ဆက်ပြေးသွား၍ သူသည် လေထဲတွင် တွဲလွဲကျကျန်နေခဲ့၏။ ထိုအခြင်းအရာကို မြင်သောသူတစ်ယောက်က ယွာဘအား “အကျွန်ုပ်သည် အဗရှလုံအား သပိတ်ပင်၌ တွဲလွဲကျနေသည်ကို တွေ့ခဲ့ပါ၏”ဟု ပြောပြလျှင်