1
ဒေသနာကျမ်း 1:18
မြန်မာ့စံမီသမ္မာကျမ်း
အကြောင်းမူကား ဉာဏ်ပညာများပြားသောအခါ ပူဆွေးခြင်းလည်း များပြား၏။ အသိပညာတိုးပွားသောအခါ ဒုက္ခဝေဒနာလည်း တိုးပွား၏။
နှိုင်းယှဉ်
ဒေသနာကျမ်း 1:18ရှာဖွေလေ့လာလိုက်ပါ။
2
ဒေသနာကျမ်း 1:9
ဖြစ်ပြီးသောအရာသည် တစ်ဖန်ပြန်ဖြစ်လာလိမ့်မည်။ ပြုပြီးသောအရာကိုလည်း တစ်ဖန်ပြန်၍ပြုလိမ့်မည်။ နေအောက်တွင် အသစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။
ဒေသနာကျမ်း 1:9ရှာဖွေလေ့လာလိုက်ပါ။
3
ဒေသနာကျမ်း 1:8
ခပ်သိမ်းသောအရာတို့သည် မပြောပြနိုင်အောင် ပင်ပန်းငြီးငွေ့ဖွယ်ကောင်း၏။ မျက်စိသည် ကြည့်၍ဝသည်ဟူ၍မရှိ။ နားသည်လည်း နားထောင်၍အလိုပြည့်ဝသည်ဟူ၍မရှိ။
ဒေသနာကျမ်း 1:8ရှာဖွေလေ့လာလိုက်ပါ။
4
ဒေသနာကျမ်း 1:2-3
အချည်းနှီး၊ အချည်းနှီးဟု ဒေသနာဆရာဆို၏။ အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏။ လူသည် နေအောက်တွင် သူကြိုးပမ်းအားထုတ်သည့် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံးတို့မှ မည်သည့်အကျိုးကိုရရှိသနည်း။
ဒေသနာကျမ်း 1:2-3ရှာဖွေလေ့လာလိုက်ပါ။
5
ဒေသနာကျမ်း 1:14
နေအောက်တွင်ပြုသမျှသောအမှုအားလုံးကို ငါမြင်၏။ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ဒေသနာကျမ်း 1:14ရှာဖွေလေ့လာလိုက်ပါ။
6
ဒေသနာကျမ်း 1:4
မျိုးဆက်တစ်ဆက်လွန်သွား၍ မျိုးဆက်တစ်ဆက်ပေါ်လာ၏။ သို့သော် ကမ္ဘာမြေကြီးသည် အစဉ်အမြဲတည်နေ၏။
ဒေသနာကျမ်း 1:4ရှာဖွေလေ့လာလိုက်ပါ။
7
ဒေသနာကျမ်း 1:11
ယခင်ကအရာတို့ကို မှတ်မိခြင်းမရှိ။ နောင်ဖြစ်မည့်အရာတို့ကိုလည်း ၎င်းတို့၏နောက်တွင် ပေါ်လာမည့်သူတို့သည် မှတ်မိကြလိမ့်မည်မဟုတ်။
ဒေသနာကျမ်း 1:11ရှာဖွေလေ့လာလိုက်ပါ။
8
ဒေသနာကျမ်း 1:17
တစ်ဖန် ဉာဏ်ပညာကိုသိမြင်ရန်လည်းကောင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို သိမြင်ရန်လည်းကောင်း ငါ၏စိတ်နှလုံးကိုမြှုပ်နှံထား၏။ ထိုအမှုအရာသည်လည်း လေကို လိုက်ဖမ်းခြင်းပင်ဖြစ်ကြောင်း ငါသိမြင်၏။
ဒေသနာကျမ်း 1:17ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ