1
ဒေသနာကျမ်း 7:9
မြန်မာ့စံမီသမ္မာကျမ်း
အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။
နှိုင်းယှဉ်
ဒေသနာကျမ်း 7:9ရှာဖွေလေ့လာလိုက်ပါ။
2
ဒေသနာကျမ်း 7:14
ကောင်းကျိုးချမ်းသာခံစားရာကာလ၌ ဝမ်းမြောက်လော့။ ဒုက္ခခံရာကာလ၌မူကား ဆင်ခြင်လော့။ လူသည် သူ့နောက်တွင်ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မတွေ့ရှိစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာနှင့်အတူ ဒုက္ခကိုလည်း ဖြစ်ပေါ်စေတော်မူ၏။
ဒေသနာကျမ်း 7:14ရှာဖွေလေ့လာလိုက်ပါ။
3
ဒေသနာကျမ်း 7:8
အမှုအရာ၏အဆုံးသည် ၎င်း၏အစထက် ပို၍ကောင်း၏။ သည်းခံသောစိတ်သည် ထောင်လွှားသောစိတ်ထက် ပို၍ကောင်း၏။
ဒေသနာကျမ်း 7:8ရှာဖွေလေ့လာလိုက်ပါ။
4
ဒေသနာကျမ်း 7:20
အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။
ဒေသနာကျမ်း 7:20ရှာဖွေလေ့လာလိုက်ပါ။
5
ဒေသနာကျမ်း 7:12
အကြောင်းမူကား ငွေသည် အကာအကွယ်ဖြစ်သကဲ့သို့ ဉာဏ်ပညာသည် အကာအကွယ်ဖြစ်၏။ ဉာဏ်ပညာသည် ၎င်းကိုပိုင်ဆိုင်သောသူအား အသက်ရှင်စေတတ်၏။ ဤသည်ကား အသိပညာ၏အကျိုးဖြစ်၏။
ဒေသနာကျမ်း 7:12ရှာဖွေလေ့လာလိုက်ပါ။
6
ဒေသနာကျမ်း 7:1
မွှေးသောဂုဏ်သတင်းသည် မွှေးသောနံ့သာဆီထက် ပို၍ကောင်း၏။ သေသောနေ့သည်လည်း မွေးဖွားသောနေ့ထက် ပို၍ကောင်း၏။
ဒေသနာကျမ်း 7:1ရှာဖွေလေ့လာလိုက်ပါ။
7
ဒေသနာကျမ်း 7:5
ပညာရှိသောသူဆုံးမသွန်သင်သောစကားကိုနားထောင်ခြင်းသည် မိုက်မဲသောသူတို့ဆိုသောသီချင်းကိုနားထောင်ခြင်းထက် ပို၍ကောင်း၏။
ဒေသနာကျမ်း 7:5ရှာဖွေလေ့လာလိုက်ပါ။
8
ဒေသနာကျမ်း 7:2
အသုဘအိမ်သို့သွားခြင်းသည် စားသောက်ပွဲခံရာအိမ်သို့သွားခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား သေခြင်းသည် လူအားလုံး၏နိဂုံးဖြစ်၍ အသက်ရှင်လျက်ရှိသောသူသည် ထိုအမှုအရာကိုဆင်ခြင်နှလုံးသွင်းလိမ့်မည်။
ဒေသနာကျမ်း 7:2ရှာဖွေလေ့လာလိုက်ပါ။
9
ဒေသနာကျမ်း 7:4
ပညာရှိသောသူတို့၏စိတ်နှလုံးသည် အသုဘအိမ်၌ရှိ၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား ပျော်ပါးရာအိမ်၌ရှိ၏။
ဒေသနာကျမ်း 7:4ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို