“ကြည့်လော့။ ငါသည် ယုဒအမျိုးအနွယ်မှ ဟုရ၏မြေး၊ ဥရိ၏သားဗေဇလေလကို အမည်နှင့်တကွခေါ်လေပြီ။ သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။ ထို့ကြောင့် သူသည် ရွှေ၊ ငွေ၊ ကြေးနီသွန်းလုပ်ရာတွင်လည်း အနုပညာလက်ရာမြောက်စွာ သွန်းလုပ်နိုင်၏။ ကျောက်ကိုထုဆစ်ပုံဖော်ခြင်း၊ သစ်သားကိုထွင်းထုပုံဖော်ခြင်းစသော လက်မှုအတတ်ပညာအမျိုးမျိုးတို့ကိုလည်း တတ်မြောက်၏။